ယနေ့ခေတ်မှာချစ်ကြိုက်ကွဲဇာတ်လမ်းတွေအရမ်းကိုများလာပါတယ်။အရင်ခေတ်ကလို သုံးနှစ်သုံးမိုးတွဲတယ်ဆိုတဲ့ စုံတွဲက အနည်းစုသာရှိပါတော့တယ်။ချစ်သူသက်တမ်းနည်းနည်းကြာ လာတာနဲ့ အမျှ အဆင်မပြေမှုတွေ ဒုက္ခတွေကိုမခံနိုင်ကြပဲ လမ်းခွဲပြတ်သွားကြတာပါ။ဒီနေ့မှာတော့ ယနေ့ခေတ်စုံတွဲတွေမတည်မြဲရတဲ့ အဓိကအကြောင်းတစ်ချို့ကိုပြောပြပေးချင်ပါတယ်။
(၁) သည်းခံနိုင်စွမ်း နည်းလာခြင်း
Source : The Chest Side
ဒီဘက်ခေတ်မှာ တစ်ယောက်နဲ့ တစ်ယောက်သည်းခံနိုင်တဲ့ စိတ်ကအရင်ခေတ်ကလို အများကြီးမရှိကြတော့ပါဘူး။သူတစ်လူငါတစ်မင်းဆိုတဲ့စိတ်တွေများလာကြပါတယ်။ပြဿနာတစ်ခုခုဖြစ်ရင်လည်း သူမှန်တယ်ငါမှန်တယ်ဆိုတဲ့အတ္တစိတ်တွေနဲ့ အနိုင်ယူလိုစိတ်တွေများနေကြတာဖြစ်ပါတယ်။တစ်ယောက်အပေါ်တစ်ယောက်သည်းခံနိုင်ခြင်းမရှိရင် ဒီအချစ်ရေးကလည်းတည်မြဲမှာမဟုတ်တော့ပါဘူး။
(၂) သစ္စာမရှိခြင်း
Source : Studio 5 – KSL.com
အဓိကကတော့ သစ္စာမရှိကြတော့တာပါပဲ။တစ်ယောက်ကိုတစ်ယောက်တကယ်ချစ်ရင် တကယ်တန်ဖိုးထားရင် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စနိုက်ကြော်တာတွေ ခြံခုန်တဲ့ဇာတ်လမ်းတွေရှိလာမှာမဟုတ်ပါဘူး။ဖောက်ပြန်နိုင်လောက်တဲ့အခြေအနေနဲ့ ကြုံရင်တောင်ကိုယ်ချစ်သူအပေါ် တကယ်တန်ဖိုးထားချစ်မြတ်နိုးတယ်ဆိုရင် သူ့အပေါ်သစ္စာစောင့်သိနေမှာဖြစ်ပါတယ်။
(၃) ဆိုရှယ်မီဒီယာတွေ အသုံးများခြင်း
Source : savageloaded.com
လက်ရှိဖောက်ပြန်သွားကြတဲ့ သူတော်တော်များများက ဆိုရှယ်မီဒီယာတွေက စတယ်ဆိုရင်မမှားပါဘူး။နည်းပညာတိုးတက်လာတာနဲ့ အမျှ ဆိုရှယ်မီဒီယာတွေကနေ လွယ်ကူလျင်မြန်စွာ ဆက်သွယ်နိုင်လာတယ် စကားတွေပြောနိုင်လာတယ် နောက်ဆုံးလူချင်းတွေ့ပြီးစကားပြောနိုင်တဲ့ Video Call တွေပါခေါ်လာနိုင်တာဖြစ်ပါတယ်။ဒါကြောင့်ဖောက်ပြန်ဖို့ကလည်း အရမ်းကိုအခွင့်အရေးများလာပြီး စိတ်အလိုလိုက်ကာ ဖောက်ပြန်မိတက်ကြတာပါ။
(၄) တစ်ယောက်အကြောင်းတစ်ယောက်မသိခြင်း
Source : casamentoforte.com.br
အရင်ခေတ်ကလူတွေဟာ လူတစ်ယောက်ကိုလွယ်လွယ်မချစ်တက်ကြပါဘူး။ဒီလူအကြောင်းကိုသေချာစုံစမ်းလေ့လာပြီး ရွေးချယ်ဖို့သင့်တော်တယ်ဆိုမှ ရွေးချယ်ကြတာပါ။ဒီနေ့ခေတ်မှာတော့ တစ်ယောက်အကြောင်းတစ်ယောက်မသိလည်း လွယ်လွယ်ချစ်လိုက်ကြပါတယ်။လွယ်လွယ်ချစ်လိုက်ခြင်းရဲ့ အကျိုးဆက်က အချိန်ကြာလာနဲ့အမျှ ကိုယ်လက်မခံနိုင်တဲ့အကြောင်းတွေပေါ်လာပြီး နောက်ဆုံးမှာလမ်းခွဲပြတ်စဲလိုက်ကြတာဖြစ်ပါတယ်။
(၅) ငွေကြေးပြဿနာ ရှိလာခြင်း
Source : The List
လူတစ်ယောက်နဲ့ တစ်ယောက်ချစ်တာငွေရေးကြေးရေးထည့်တွက်စရာမလိုဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမယ့် ကိုယ်ချစ်သူနဲ့ ဒိတ်တိုင်း တစ်ယောက်ထဲကပဲ အမြဲတမ်းငွေထုတ်နေရမယ်ဆိုရင် ငြိုငြင်စရာတွေဖြစ်လာတက်ပါတယ်။ဒါကြောင့် မိန်းကလေးပဲ ဖြစ်စေ ယောကျာ်းလေးပဲ ဖြစ်စေ ဒိတ်လုပ်တဲ့အခါ ကုန်ကျတဲ့ ငွေပမဏာကို နှစ်ယောက်မျှခံတာမျိုး ဒီတစ်ခါသူကဝယ်ကျွေးလိုက်ရင် နောက်တစ်ခါကျကိုယ်ကပြန်ဝယ်ကျွေးတာမျိုးလုပ်သင့်ပါတယ်။ မရှိအတူရှိအတူနေထိုင်မှသာ တည်ငြိမ်အေးချမ်းတဲ့အချစ်ရေးပိုင်ဆိုင်နိုင်မှာပါ။





