လူတွေက သင့်ကို လူတော်တစ်ယောက်ဖြစ်ကြောင်း ချီးကျူးထောပနာပြုကြတာ အသားလွတ်တော့မဟုတ်ပါဘူး။ အကြောင်းပြချက် အရင်းခံရှိပါတယ်။ ဘာကြောင့် သင့်ကိုလူတွေက လူကောင်းလူတော်အဖြစ် သတ်မှတ်တာလဲဆိုတော့ ဒီအချက်တွေကြောင့်လို့ပဲ ပြောပါရစေ။

အကောင်းမြင်တတ်ခြင်း

Source: Angry Asian Man

အဆိုးမြင်သမားတွေနဲ့ အကောင်းမြင်သမားတွေဟာ လုံးဝပုံစံခြားနားပါတယ်။ အကောင်းမြင်တတ်သူတွေရဲ့ ပြောစကားနဲ့ အကြည့်တွေဟာ ဆက်ဆံခံရသူတိုင်းကို ကျေနပ်ပျော်ရွှင်စေပါတယ်။ ပြီးတော့ အကောင်းမြင်တတ်သူတွေဟာ ပျော်ရွှင်သူတွေဖြစ်တာကြောင့် သူတို့နဲ့ ဆက်ဆံသူတိုင်းဟာ အပျော်တွေ ကူးစက်ခံရသလို ပျော်ရွှင်မှုကို ရရှိစေပါတယ်။

အခြားသူတွေနဲ့ နှိုင်းယှဉ်မှုမျိုး မပြုလုပ်ခြင်း

Source: Shutterstock

တချို့ လူတွေ ရှိပါတယ်။ တစ်ခုခုဆို တစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်လိုက်တာမျိုး ။ ဒီလို အပြုအမူမျိုးကို ဆွေမျိုးသားချင်းနဲ့ မိဘတွေတောင် ပြုမူတတ်ကြပါတယ်။ ဒီအပြုအမူဟာ လူတိုင်းမုန်းတဲ့ အပြုအမူဖြစ်ပြီး လူတိုင်း သတိမမူမိဘဲ ပြုလုပ်တတ်ကြပါတယ်။ သင်က ဒီလို တခြားသူတွေနဲ့ နှိုင်ယှဉ်ပြောဆိုတာမျိုးတွေ မရှိတော့ သင့်ကို လူတွေက သဘောကျနှစ်သက်ကြတာပေါ့။

ကူညီရိုင်ပင်းတတ်ခြင်း

Source: newsnetwork.mayoclinic.org

တကယ်တော့ ကူညီရိုင်းပင်းတတ်သူကို ပတ်ဝန်းကျင်နဲ့လူတိုင်းက ချစ်ကြပါတယ်။ ဒုက္ခရောက်သူကို ကူညီသူဟာ ကုသိုလ်ရတာတင်မဟုတ်ပါဘူး။ အချစ်တွေပါ ရရှိနိုင်တဲ့ ဆေးတစ်မျိုးလည်းဖြစ်ပါတယ်။ ကူညီတတ်သူရဲ့ ကောင်းသတင်းကို လူတွေက ပါးစပ်ဖျားကနေ တဖွဖွ ချီးကျူးထုတ်ဖော် ပြောဆိုတတ်ကြပါတယ်။ သင့်ကို လူတွေသဘောကျတဲ့အချက်ကလည်း ကူညီတတ်လို့ပါပဲ။

တိကျသေချာခြင်း

Source: fatherhoodcomission.com

အလုပ်ကို ဖြစ်တတ်ကဆန်း လုပ်တတ်သူတွေကို လူတိုင်းက နှာခေါင်းရှုံ့ကြပါတယ်။ အလုပ်တွေ အတူတွဲဖက်လုပ်ကိုင်ချင်စိတ်မရှိဘဲ ရှောင်ကြဉ်ကြပါတယ်။ သင်ရဲ့လူချစ်လူခင်ပေါများတဲ့ အချက်ကတော့ တိကျသေချာပြီး စေ့စေ့စပ်စပ် အလုပ်လုပ်တတ်တာကြောင့်ပါ။

အလုပ်ကြိုးစားခြင်း

Source: iStock

လူတော်လို့ အပြောခံရတဲ့ အဓိကအချက်ကတော့ ကြိုးစားတာကြောင့်ပါ။ ကြိုးစားနေတဲ့သူရဲ့ အပြုအမူတွေက တခြားသူတွေရဲ့ မြင်ကွင်းထဲမှာ ထူးထူးခြားခြား ကြည့်ကောင်းနေတတ်ပါတယ်။ လူကောင်းတစ်ယောက်အဖို့ ကျွန်တော်လူကောင်းပါလို့ လိုက်ကြေညာနေစရာမလိုဘဲ လူတွေက အကြည့်နဲ့တင် လူတော်လူကောင်းဆိုတာကို ခွဲခြားသိမြင်နိုင်ကြပါတယ်။