ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်ပြီး လုပ်ငန်းခွင်ဝင်ရောက်နိုင်ဖို့ရန်အတွက် ငယ်စဉ်ကတည်းက ဘာသာရပ်ဆိုင်ရာပညာရပ်များ၊ အခြားသောဗဟုသုတများကို ဆည်းပူးလေ့လာသင်ယူခဲ့ရတာ ဖြစ်ပါတယ်။ မွေးကတည်းက ဘာကိုမှ မသင်ယူဘူးဆိုရင် ကိုယ့်မိခင်ဘာသာစကားကိုတောင် ဖြောင့်အောင်ပြောနိုင်မှာ မဟုတ်ပါဘူး။

တစ်ရက်ချင်းတစ်ရက် ပညာများကို ဆည်းပူးရင်း အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ အတွေ့အကြုံရင့်သန်တဲ့ အမျိုးသားတစ်ယောက်ဖြစ်သွားပါတယ်။ လုပ်ငန်းခွင်အတွေ့အကြုံတွေ များလာမယ်၊ ကိုယ့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ဗဟုသုတများကိုလည်း ရှာဖွေလေ့လာနိုင်တဲ့အခါ ကိုယ့်တက်လမ်းအတွက် အများကြီးအထောက်အကူ ဖြစ်စေပါတယ်။

တကယ်လို့သင်သည် ကိုယ်ရောက်နေတဲ့နေရာမှာပဲ ရပ်တန့်လိုက်မယ်၊ ဗဟုသုတအသစ်များကို မလေ့လာတော့ဘူးဆိုရင် အရှေ့သို့ဆက်လက်ချီတက်နိုင်မှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့်လည်း နေ့ရက်တိုင်းမှာ သင်ယူမှုအသစ်တွေကို အမြဲတမ်းပြုလုပ်ရမှာ ဖြစ်ပါတယ်။ စဉ်ဆက်မပြတ်လေ့လာသင်ယူတတ်တဲ့ အလေ့အကျင့်ကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရမလဲဆိုရင်…

အများနဲ့ယှဉ်တဲ့အခါ နောက်ကောက်ကျမကျန်ခဲ့တော့ခြင်း

Why Professional Courses Play a Vital Role in Your Career Advancement

ဟုတ်ပါတယ်။ အများနဲ့ယှဉ်တဲ့အခါ ကိုယ်က အမြဲတစ်ပန်းသာချင်တယ်ဆိုရင် စဉ်ဆက်မပြတ်လေ့လာသင်ယူနေဖို့လိုအပ်ပါတယ်။ သင့်ရဲ့သင်ယူမှုကို ရပ်တန့်လိုက်ပြီဆိုတာနဲ့ သင့်ရဲ့တက်လမ်းလှေကားသည်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

လူပုံအလယ်မှာ ပွဲလယ်တင့်တယ်ခြင်း

Why Professional Courses Play a Vital Role in Your Career Advancement

လူပုံအလယ်မှာ ပွဲလယ်တင့်ချင်ပြီး အများက လေးစားအားကျရတဲ့သူတစ်ယောက်ဖြစ်ချင်ပါသလား။ ဒါဆိုရင် သင့်ဆီမှာ ကြွယ်ဝပေါများတဲ့ ဗဟုသုတများ ရရှိပိုင်ဆိုင်ထားသင့်ပါတယ်။ နို့မဟုတ်ရင် “ဒါလေးတောင် မသိဘူးလား” ဆိုတပြီး တစ်ဖက်လူရဲ့ အထင်အမြင်သေးခြင်းကို ခံရနိုင်ပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်း ပိုမိုကောင်းမွန်လာပြီး အလုပ်စွမ်းဆောင်ရည်တိုးမြှင့်လာခြင်း

Why Professional Courses Play a Vital Role in Your Career Advancement

တစ်နည်းပြောရမယ်ဆိုရင်တော့ အကွက်မြင်လာတာပါ။ အရင်က ကိုယ်လုပ်နေကျအလုပ်က အချိန်အများကြီး ယူရတယ်ဆိုရင် ပညာရပ်အသစ်ကို လေ့လာပြီးတဲ့နောက်မှာ အိုင်ဒီယာအသစ်တွေလည်း ထွက်လာမှာဖြစ်ပြီး ကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေ မြင့်တက်လာအောင်လည်း ကူညီပေးပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပိုမိုတိုးတက်အောင်မြင်လာအောင် လုပ်ဆောင်နိုင်ခြင်း

Why Professional Courses Play a Vital Role in Your Career Advancement

အမြဲတမ်းသင်ယူလေ့လာနေတဲ့ အတွက်ကြောင့် တစ်နေရာတည်းမှာပဲ ရပ်နေတော့မှာမဟုတ်ဘဲ တိုးတက်အောင်မြင်လာမှာဖြစ်ပါတယ်။ များများအောင်မြင်ချင်ရင် များများသင်ယူလေ့လာဖို့လိုအပ်တယ်မဟုတ်လား။

ရည်မှန်းချက်ပန်းတိုင်သို့ ပိုမိုမြန်ဆန်စွာ အရောက်လှမ်းနိုင်ခြင်း

Why Professional Courses Play a Vital Role in Your Career Advancement

လေ့လာသင်ယူမှုမရှိဘဲနဲ့ ကိုယ်လိုချင်တဲ့နေရာကို အရောက်သွားဖို့ခက်ခဲပါတယ်။ ကံကိုယုံပြီး ဆူးပုံကို တက်နင်းကာ ကံကောင်းလာမယ့်နေ့ရက်ကိုပဲ ထိုင်စောင့်နေမယ့်အစား အချိန်ရရင် ရသလို တဖြည်းဖြည်းချင်းစီ လေ့လာသင်ယူကြည့်လိုက်ပါ။ ဒါဆိုရင် တစ်နေ့နေ့မှာ သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်မှာ မြေကြီးလက်ခတ်မလွဲပါပဲ။

Source: Chandigarhmetro.com

Featured Image Source: Utep.edu