ဘာသာစကားသင်ဖို့ စိတ်မပါဘူးလား။ ဒါဆိုရင် ဘာသာစကားတစ်ခု တတ်ရင် ကိုယ့်ဘဝမှာ ဘယ်လိုမျိုးအကျိုးတွေ ရှိလာမယ်လို့ တွေးကြည့်လိုက်ပါ။ Second Language တစ်ခု တတ်ထားမယ်ဆိုရင်

(၁) ခရီးသွားရတာ ပိုလွယ်ကူလာမယ်

Photo: Freepik

နိုင်ငံခြားသွားမယ်ဆိုရင် အနည်းဆုံး အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်ဖို့ လိုပါလိမ့်မယ်။ အခန်းငှားတာ ၊ လေယာဉ်စီးတာကနေ ဟိုဟိုဒီဒီ လျှောက်လည်တာတွေအထိ ကြားခံဆက်သွယ်ရေးစကား မတတ်ထားရင် ခက်ပါတယ်။ တကယ်လို့ နိုင်ငံခြားသွားဖို့ အစီအစဉ် ရှိတယ်ဆိုရင် Second Language မသင်လို့ မဖြစ်ဘူးလို့ တွေးကြည့်ပါ။

(၂) ဦးနှောက်ကျန်းမာရေး ပိုကောင်းစေမယ်

Photo: Freepik

ဘာသာစကားသစ် သင်ယူခြင်းဟာ ဦးနှောက်ကို အများကြီး အကျိုးပြုပါတယ်။ ဘာသာစကားနှစ်မျိုးတတ်ထားသူတွေရဲ့ ဦးနှောက်အိုမင်းမှုဟာ သိသိသာသာ နှေးကွေးတယ်လို့ သုတေသနတွေက ဆိုပါတယ်။

(၃)‌ လောကကြီးကို ကောင်းကောင်း ပိုနားလည်သွားမယ်

Photo: Freepik

မတူတဲ့ ဘာသာစကားဟာ မတူတဲ့ဘဝအမြင်တွေကို တွေ့မြင်စေပါတယ်။ ဘာသာစကားသစ်သင်ခြင်းဟာ ကမ္ဘာကြီးကို တစ်ခြားအမြင်ကနေ လှမ်းကြည့်ဖို့ အခွင့်ရလိုက်တာပဲ ဖြစ်ပါတယ်။

(၄) အလုပ်အကိုင် အလားအလာပိုကောင်းမယ်

Photo: Freepik

ဘာသာစကား နှစ်မျိုးနဲ့ အထက် ပြောတတ်သူတွေ ရတဲ့ အသိသာဆုံးအကျိုးကျေးဇူးတစ်ခုက အလုပ်ရှာရ ပိုပြီးလွယ်ကူချောမွေ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာကုမ္ပဏီတစ်ခုခုမှာ အလုပ်လုပ်ချင်တယ်ဆိုရင် သင့်ရဲ့ CV ထဲမှာ Second Language တစ်ခုခု တတ်ထားကြောင်း မပြလို့ မဖြစ်တော့ပါဘူး။

Featured Image Source : Freepik
ဒါ့အပြင် ဘာသာစကားတွေကို လေ့လာသင်ယူပြီး နိုင်ငံရပ်ခြားက စကီအလန်းလေးတွေနဲ့ online dating လုပ်ရင်း ဖူးစာဆုံဖို့အခွင့်အရေးလည်း ရှိသေးတယ်ဗျ။ ပြီးတော့ မြန်မာနိုင်ငံက ပျိုမဒီတွေရဲ့ အထင်ကြီးလေးစားမှုကိုလည်း ရဦးမယ်ဆိုတော့ ကွီးတို့ရေ အခုပဲ ဘာသာစကားတစ်ခုခုကို ကျွမ်းကျင်အောင်လေ့လာလိုက်တော့ဗျာ….