တစ်ကမ္ဘာလုံးဆိုင်ရာ အသုံးအများဆုံး ဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာစကားက နံပါတ်တစ်နေရာမှာ ရပ်တည်နေပြီး ဒုတိယမြောက် အသုံးအများဆုံး ဘာသားစကားအဖြစ် ရပ်တည်နေတာကတော့ တရုတ်ဘာသာစကားပဲဖြစ်ပါတယ်။ တရုတ်ဘာသာစကားမှ မဟုတ်ပါဘူး မိခင်ဘာသာစကားတစ်ခုအပြင် အခြားသော ဘာသာစကားတစ်ခုခု တတ်မြောက်ထားခြင်းဟာ ကိုယ်အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိစေနိုင်သလို ကောင်းကျိုးတွေလည်း များစွာဖြစ်ထွန်းစေနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ တခြားသော ဘာသာစကားတွေထက် တရုတ်ဘာသာစကားကို ဘာကြောင့်ဦးစားလေ့လာသင့်တယ်ဆိုတဲ့ အဓိကအချက် (၃) ကို ကွီးစာဖတ်ပရိသတ်တွေသိရှိစေဖို့ ပြောပြပေးချင်ပါတယ်။

(၁) ခရီးသွားတဲ့အခါအထောက်အကူဖြစ်ခြင်း

Source : ThoughtCo

တရုတ်ဘာသာစကားကို တစ်ကမ္ဘာလုံး တွင်တွင်ကျယ်ကျယ် အသုံးပြုလာတဲ့အတွက် နိုင်ငံခြားခရီးစဉ်တွေ သွားတဲ့အခါ တရုတ်ဘာသားစကားက ကိုယ့်အတွက် အထောက်အကူဖြစ်စေနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့အနီးစပ်ဆုံး ဖွံဖြိုးတိုးတက်မှု အရရှေ့ပြေးနေတဲ့ စင်္ကာပူနိုင်ငံမှာဆိုရင်လည်း တရုတ်ဘာသာ စကားကိုအဓိက အသုံးပြုပြောဆိုကြတာဖြစ်ပါတယ်။ သင့်အနေနဲ့ တရုတ်ဘာသာစကား တတ်မြောက်ထားမယ်ဆိုရင် သွားရောက်လည်ပတ်တဲ့နေရာက ဒေသခံတွေနဲ့ ကောင်းစွာပြောဆိုဆက်ဆံနိုင်မှာဖြစ်ပြီး ပျော်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုဖြစ်စေမှာ သေချာပါတယ်။

(၂) စီးပွားရေးအရ အရေးပါခြင်း

Source : marketwatch.com

တရုတ်နိုင်ငံဟာ စီပွားရေး ကုန်သွယ်ရေးမှာ အင်အားကြီးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာကသတ်မှတ်ထားခြင်းခံထားရတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံလို ကုန်သွယ်ရေးအရ နံပါတ်တစ်နေရာမှာရှိနေတဲ့ နိုင်ငံတောင် တရုတ်နိုင်ငံကို လျစ်လျူရှုမရပါဘူး။ လက်ရှိမြန်မာနိုင်ငံမှာလည်း တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတွေများစွာ လာရောက်ရင်းနှီးမြုပ်နှံနေကြပြီဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ဘာသာစကားကို တတ်မြောက်ထားမယ်ဆိုရင် စီးပွားရေး ကုန်သွယ်ရေးကဏ္ဍတွေမှာ ပိုမိုထိရောက်စွာ လုပ်ကိုင်လာနိုင်မှာဖြစ်ပြီး ကိုယ်ကျိုးသာမက နိုင်ငံရဲ့ အကျိုးစီးပွားပါ ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။

(၃) အလုပ်အကိုင်အခွင့်အလမ်း ပေါများခြင်း

Source : Talent Cupboard

တရုတ်နိုင်ငံအခြေစိုက် နိုင်ငံခြားကုမ္ပဏီတွေများစွာ ဝင်ရောက်လာတဲ့အတွက် ဒေသအတွင်းက လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများပိုမို ပေါများလာပါတယ်။ နိုင်ငံခြားကုပ္မဏီတွေရဲ့ အလုပ်ခေါ်စာတွေမှာလည်း တရုတ်ဘာသာ စကားတတ်မြောက်ကျွမ်းကျင်ရမယ်ဆိုတဲ့ အချက်ဟာလည်း တော်တော်များများတွေ့နေရပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ တရုတ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားမယ်ဆိုရင် လစာကောင်းကောင်းနဲ့ ကောင်းမွန်တဲ့အလုပ်ခွင်တစ်ခု လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။