ကွန်ပြူတာရှေ့မှာအကြာကြီးအလုပ်လုပ်သူတွေ တနေ့တာမှာကိုယ်လက်လှုပ်ရှားမှုနည်းသူတွေအနေနဲ့ တစ်ရက်ကို အနည်းဆုံး မိနစ် ၃၀ လောက်အချိန်ပေးပြီး အိမ်တွင်းလေ့ကျင့်ခန်း သို့ အားကစားတစ်ခုခု လုပ်ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အထိုင်များဟာ သင့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးကို ဆိုးရွားစွာအကျိုးသက်ရောက်စေနိုင်လို့ပါ။ အထိုင်များခြင်းက ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ဆိုးကျိုးတွေဖြစ်ပွားနိုင်လဲဆိုတာ လေ့လာကြည့်လိုက်ပါအုန်း။

(၁) အဝလွန်စေတယ်

Source : NBC News

သံသရာဖြစ်စရာတော့ မရှိပါဘူး။ အထိုင်များခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးက ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ အဆီပိုတွေစုဝေးလာပြီး အဝလွန်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်းနဲ့အတူ ဆီးချို သွေးတိုး နှလုံးရောဂါတွေမှာ အော်တိုကပ်ပါလာနိုင်တာကြောင့် အထိုင်များတာ လုံးဝမကောင်းပါဘူး။

(၂) စိတ်ဖိစီးမှုများစေတယ်

Source : The Ladders

ကိုယ်လက်လှုပ်ရှားမှုလုံးဝမရှိခြင်းဟာ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတွေကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ တနေ့တာမှာလှုပ်ရှားမှုနည်းတဲ့ ကွန်ပြူတာအရှေ့အလုပ်လုပ်ရသူတွေ အထိုင်များသူတွေဟာ အဆိုပါ စိတ်ဖိစီးမှုဒဏ်တွေကိုပိုပြီး ခံစားရနိုင်ခြေများပါတယ်။ ဒါကြောင့်အထိုင်များတဲ့ လူတိုင်း ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို မဖြစ်မနေလုပ်ပေးသင့်တာပါ။

(၃) ခါးနာစေနိုင်တယ်

Source : Massage Magazine

အထိုင်များသူတွေဟာ ခါး ၊ နောက်ကျောနှင့် လည်ပင်းကြွက်သားများနာကျင်ကိုက်ခဲခြင်း ဝေဒနာတွေ အဖြစ်များကြပါတယ်။ မဖြစ်မနေ အချိန်ကြာကြာထိုင်ရမယ့်သူတွေအနေနဲ့ သက်တောင့်သက်သာရှိတဲ့ထိုင်ခုံမျိုး ခါးနောက်ဘက်မှာ ခေါင်းအုံးအသေးလေး ခုထိုင်တာမျိုးတွေလုပ်သင့်ပါတယ်။ မဟုတ်ရင်တော့ ခါးနာခြင်းဝေဒနာကို ဆိုးဆိုးရွှားရွှားခံစားရနိုင်လို့ပါ။

(၄) ဦးနှောက်စွမ်းရည်ကျဆင်းစေတယ်

Source : Africa at Random

အထိုင်များခြင်းရဲ့နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ ဦးနှောက်နှင့် မှတ်ဉာဏ်စွမ်းရည်ကိုကျဆင်းစေတာဖြစ်ပါတယ်။ သုတေသနပညာရှင်တွေက အထိုင်များသူတွေဟာ အရွှယ်မတိုင်မီမေ့လျော့ခြင်း စိတ်ဖောက်ပြန်ခြင်းစတဲ့ ရောဂါတွေဖြစ်ပွားနိုင်ခြေများတယ်လို့ဆိုပါတယ်။ ဒါတင်ပဲမဟုတ်ပါဘူး လှုပ်ရှားမှုမရှိပဲ အချိန်တော်တော်များများမှာ ထိုင်နေမယ် သို့ လှဲလှောင်းနေမယ်ဆိုရင် သွေးပေါင်ချိန်နှင့် ကိုယ်လက်စထရော ပမာဏမြင့်တက်လာစေနိုင်ပြီး နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်ခြင်းစတဲ့ရောဂါတွေပါ ခံစားရနိုင်ပါတယ်။