စားတတ်မှ မဟုတ်ပါဘူး။ အိပ်တတ်ရင်လည်း ကျန်းမာတယ်လို့ အဆိုရှိပါတယ်။အခုပြောမယ့် အိပ်စက်နည်းက အမျိုးသားတွေအတွက် အင်မတန် အကျိုးများတာကြောင့် မှတ်သားစရာအဖြစ် တစ်ဆင့်ဖောက်သည်ချလိုက်ပါတယ်။
အမေရိကန် အိပ်စက်မှုဆိုင်ရာ အမျိုးသားဖောင်ဒေးရှင်းရဲ့ လေ့လာမှုတွေအရ အဝတ်မဝတ်ဘဲ အိပ်စက်မှု Sleeping Naked လုပ်မယ်ဆိုရင် အမျိးသားတွေမှာ အခုပြောမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရမယ်လို့ ဆိုပါတယ်။

(၁) သုတ်ပိုးကာကွယ်ပေးနိုင်တယ်

portrait-sweet-sleeping-young-beautiful-man-lying-back

Photo: Freepik

ကလေးရဖို့ ကြိုးစားနေကြတဲ့ အိမ်ထောင်သည်တွေအနေနဲ့ ညအိပ်ရင် Boxer တွေ ချွတ်ပြီး အိပ်စက်ဖို့ ဆရာဝန်တွေက အကြံပေးကြပါတယ်။ စတန်းဖို့ တက္ကသိုလ်နဲ့ ကလေးများ ကျန်းမာဖွံ့ဖြိုးမှုဆိုင်ရာ အမျိုးသားအင်စတီကျု့ဒ်က သုတေသီတွေဟာ အမျိုးသား ၅၀၀ ရဲ့ အိပ်စက်မှု အလေ့အထကို တစ်နှစ်ကြာ လေ့လာခဲ့ပြီးနောက်မှာ အောက်ခံဘောင်းဘီမဝတ်ဘဲ ညအိပ်တဲ့အမျိုးသားတွေဟာ သုတ်ပိုးမျိုးအောင်မှု ပိုမြင့်မားတယ်လို့ အဖြေထွက်ခဲ့ပါတယ်။

(၂) ချစ်မှုရေးရာ ပိုကောင်းတယ်

portrait-sweet-sleeping-young-beautiful-man-lying-back

Photo: Freepik

ညဘက်မှာ အဝတ်အစားမပါဘဲ အိပ်တတ်တဲ့ စုံတွဲတွေဟာ အိမ်ထောင်ရေး ပိုပြီး သာယာတယ်လို့ ဆိုပါတယ်။ အိပ်ရာခင်းကုမ္ပဏီတစ်ခုက ဗြိတိန်မှာရှိတဲ့ အရွယ်ရောက်သူ စုံတွဲ ၁၀၀၀ ကို လေ့လာရာကနေ ဖော်ပြခဲ့ပါတယ်။ ညအိပ်ဝတ်စုံ Pajama ဝတ်ပြီး အိပ်တဲ့ စုံတွဲတွေနဲ့ အဝတ်မဲ့အိပ်တက်သူတွေအကြား အိမ်ထောင်ရေးသာယာမှုဟာ ၄၈% နဲ့ ၅၇% စီ ရှိကြတာ ဖြစ်ပါတယ်။

(၃) အိပ်လို့ ပိုကောင်းတယ်

Young man sleeping on the bed

Photo: Freepik

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ရင် ခန္ဓာကိုယ်အပူချိန်ဟာ ပုံမှန်ထက် ဒီဂရီဝက်လောက် ကျဆင်းဖို့ လိုပါတယ်။ ကိုယ်အပူချိန် တက်နေရင် ကောင်းကောင်းအိပ်လို့ မရပါဘူး။ Naked Sleeping အကျင့်က ကိုယ်အပူချိန်ကို လျှော့ချရာမှာ အများကြီး အထောက်အကူဖြစ်စေလို့ နှစ်ခြိုက်စွာ အိပ်မောကျခြင်းကို အကူအညီပေးပါတယ်။

(၄) ကယ်လိုရီလောင်ကျွမ်းမှု ပိုမြင့်မားတယ်

carefree-guy-enjoying-new-day-sexy-happy-bearded-man-bed

Photo: Freepik

ကျွန်တော်တို့ ချေဖျက်နိုင်တာထက် ပိုပြီး ကယ်လိုရီပါတာတွေ စားသုံးမိတဲ့အခါ မကောင်းတဲ့အဆီ White Body Fat တွေကို ထုတ်လေ့ရှိပါတယ်။ အေးတဲ့ အိပ်ခန်းထဲမှာ အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက်ကောင်းတဲ့ Brown Fat တွေ ထွက်လာဖို့ လှုံ့ဆော်ပေးပါတယ်။ တစ်နည်းအားဖြင့် ကျန်းမာရေးအတွက် ဆိုးကျိုးပေးမယ့် ကယ်လိုရီတက်မှုကို ဟန့်တားပေးတဲ့သဘောဖြစ်ပါတယ်။

(၅) သွေးဖိအားကျဆင်းစေတယ်

carefree-guy-enjoying-new-day-sexy-happy-bearded-man-bed

Photo: Freepik

Naked အနေအထားနဲ့ အိပ်ရာမှာ လှဲခြင်းဟာ ကိုယ်တွန်းထဲက Oxytocin ဆိုတဲ့ ကျန်းမာရေးအကျိုးများတဲ့ ဟော်မုန်းတွေ ထွက်လာစေပါတယ်။ Oxytocin ထွက်လာခြင်းဟာ သွေးဖိအားကျဆင်းစေပြီး ၊ စိတ်ရှုပ်မှု သက်သာတဲ့အပြင် ကိုယ်ခံအားစနစ်ကို အဆင့်မြှင့်တင်ပေးလို့ နှလုံးကို ကာကွယ်ပေးရာရောက်ပါတယ်။