တစ်ချို့လူတွေက ပန်ကာမဖွင့်ဘဲ မအိပ်တက်ကြပါဘူး။ ဒါကဘာဖြစ်လို့လဲဆိုတော့ အရမ်းပူတာ (သို့) ပန်ကာမှထွက်တဲ့ အသံကသူတို့ကို အိပ်ပျော်စေတာ (သို့) လေတိုက်မှအိပ်ပျော်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ပန်ကာက အဆိပ်သင့်စေနိုင်တဲ့အရာ မဟုတ်ပေမဲ့ ညဘက်မှာ အသုံးပြုတာက ဆိုးကျိုးတွေရှိစေပါတယ်။

ဒီနေ့ kwee page က ပန်ကာဖွင့်ပြီး အိပ်ခြင်းရဲ့ ဆိုးကျိုးတွေအကြောင်း ပြောပြပေးသွားမှာပါ။

ပါးစပ်နဲ့ နှာခေါင်းလမ်းကြောင်းတွေကို ခြောက်သွေ့စေပါတယ်

လေ့လာမှုတွေအရ ပန်ကာဖွင့်ပြီးအိပ်ခြင်းဟာ သင့်ခန္ဓာကိုယ်က အစိုဓာတ်နဲ့ ချွေးတွေကို အငွေ့ပျံ့သွားအောင် ကူညီပေးပြီး ရေဓာတ်ခမ်းခြောက်စေကာ၊ ပါးစပ်နဲ့နှာခေါင်းလမ်းကြောင်းခြောက်သွေ့တာတွေ ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။

သင့်အနေနဲ့ ခြောက်သွေ့တဲ့နေရာဒေသတွေမှာ နေထိုင်တယ်ဆိုရင်တော့ ဒီဖြစ်ရပ်တွေက လျင်လျင်မြန်မြန်ပဲ ဖြစ်စေတာကြောင့် ပိုပြီးသတိထားဖို့လိုအပ်ပါတယ်။ ရေဓာတ်ခန်းခြောက်တာက ကျန်းမာရေးအကျိုးဆက်တွေ များတာကြောင့် ရေဓာတ်ဖြည့်တင်းဖို့အတွက် ရေလုံလုံလောက်လောက်သောက်ပေးဖို့ အကြံပေးချင်ပါတယ်။

ဓာတ်မတည့်ခြင်းကို ပိုမိုဆိုးရွားစေတယ်

အကယ်၍ သင့်ဆီမှာ ဓာတ်မတည့်တဲ့ ရောဂါရှိနေတယ်ဆိုရင် ပန်ကာဖွင့်ပြီးအိပ်တာက ကောင်းတဲ့အကြံတော့ မဟုတ်ပါဘူး။ လေ့လာမှုတွေအရ ပန်ကာလေက အလာဂျစ်ဖြစ်စေတဲ့အမှုန့်အမွှားတွေကို လည်ပတ်စေပြီး ပန်းနာရင်ကျပ်ရောဂါ၊ မျက်လုံးခြောက်တာ၊ မျက်လုံးဓာတ်မတည့်တာ၊ ဖျားနာတာတွေကို ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။

ကြွက်တက်ခြင်းကို ဖြစ်ပေါ်စေတယ်

ညအပူချိန် လျင်လျင်မြန်မြန်လျော့ကျသွားပြီး သင့်ခန္ဓာကိုယ်က ပန်ကာကထုတ်လုပ်တဲ့ အအေးနဲ့ထိတွေ့ခြင်းက ကြွက်တက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ တစ်ခြားတစ်ဖက်မှာလည်း ပူအိုက်တဲ့ညတွေမှာ ပန်ကာက ထုတ်လွှင့်လိုက်တဲ့ လေတွေဟာ သင့်အပူချိန်ကို တိုးလာစေတာကြောင့် အပူကြောင့် ဖျားနာတာ ပျိုအန်တာ (သို့) ခေါင်းကိုက်တာတွေ ဖြစ်စေပါတယ်။

ပူအိုက်တဲ့ညတွေမှာ ပန်ကာဖွင့်ပြီးအိပ်မယ့်အစား ဒီအချက်လေးတွေကို ကျင့်သုံးကြည့်ပါ

ပြတင်းပေါက် ဖွင့်အိပ်ပါ

ပူအိုက်တဲ့ညတွေအတွက် ရိုးရှင်းတဲ့ဖြေရှင်းနည်းက ပြတင်းပေါက်တွေ ဖွင့်ထားဖို့ပါပဲ။ သဘာဝအေးမြတဲ့လေက သင့်အခန်းကို အေးသွားစေပါလိမ့်မယ်။ ပြတင်းပေါက်ဖွင့်ထားလို့ ခြင်ကိုက်မှာ ဆိုးရင် ခြင်လုံဇကာကို ပြတင်းပေါက်မှာ တပ်ထားလို့ရပါတယ်။

အိပ်ရာအနီးနားမှာ ရေစိုတစ်ဘတ် (သို့) ရေဖြည့်ထားတဲ့ပုံးတစ်ပုံးထားပါ

သင့်အခန်း အေးနေစေဖို့ အိပ်ရာဘေးနားမှာ ရေစိုတစ်ဘတ် (သို့) ရေဖြည့်ထားတဲ့ပုံးကို ချထားပါ။ ဒီနည်းက သင့်အိပ်ခန်းထဲမှာ အစိုဓာတ်ရလာအောင် ကူညီပေးနိုင်ပါတယ်။

Source: Bright Side