လူတွေဆွဲဆောင်မှုရှိတာက ကြည့်တဲ့လူအပေါ်မှာမူတည်တယ်လို့ အများက ယူဆထားကြတယ်။ ဒါပေမယ့် လေ့လာမှုတွေအရ ကြည့်တဲ့လူအပေါ်မှာပဲမူတည်တာမဟုတ်ပါဘူး။ အကြည့်ခံရတဲ့လူအပေါ်မှာလည်း အများကြီးမူတည်နေပါတယ်။

ဒီနေ့ kwee page က တစ်ချို့လူတွေ ဆွဲဆောင်မှုရှိနေရတဲ့ အကြောင်းအရင်းကို ဖော်ပြပေးသွားမှာပါ။

မျက်စိသူငယ်အိမ်

မျက်စိသူငယ်အိမ်ရဲ့ အရွယ်အစားဟာ စိတ်ခံစားချက်အပေါ်မူတည်ပြီး ဥပမာ ပျော်ရွှင်နေတယ်ဆိုရင် ပိုပြီးကျယ်လာတက်ပါတယ်။ လေ့လာမှုတွေအရ မျက်စိသူငယ်အိမ်ကျယ်လာခြင်းဟာ လူတွေကိုစိတ်ဝင်စားမှုပြရာရောက်တာကြောင့် ပိုပြီးဆွဲတောင်မှုရှိစေတယ်လို့ ထောက်ပြထားပါတယ်။ အရင်ခေတ်တွေတုန်းက အီတလီအမျိုးသမီးတွေဟာ အမျိုးသားတွေကို ဆွဲဆောင်နိုင်ဖို့အတွက် မျက်စိသူငယ်အိမ်ကျယ်လာအောင် ဆေးအကူအညီယူခဲ့ကြတယ်လို့ မှတ်တမ်းရှိခဲ့ဖူးပါတယ်။

ခါးအချိုးအစား

ခါးအချိုးအစားဟာ အမျိုးသမီးတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတခုဆိုရင် မမှားပါဘူး။ အမျိုးသားတွေလည်း အရေးကြီးပါတယ်။ ခါးတုတ်တုတ်ကြီးဖြစ်နေရင် ရုပ်ဆိုးလွန်းပါတယ်။ လေ့လာမှုတွေအရ ခါးအောက်ပိုင်း အချိုးအစားကျမှုဟာ အမျိုးသမီးတွေအတွက်သာမက အမျိုးသားတွေအတွက်ပါ ဆွဲဆောင်မှုရှိစေတယ်လို့ ပြောထားပါတယ်။

မျက်နှာ ခေါက်ချိုးညီခြင်း

လေ့လာမှုတွေအရ မျက်နှာခေါက်ချိုးညီတဲ့ လူတွေဟာ ခေါက်ချိုးမညီတဲ့လူတွေထက် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။ မျက်နှာခေါက်ချိုးညီခြင်းဟာ မျိုးရိုးဗီဇကောင်းမွန်မူနဲ့လည်း သက်ဆိုင်တယ်လို့ ပြောထားပါတယ်။

Diet

အစားအသောက် အကြိုက်အပေါ်မူတည်ပြီး အမျိုးသားများနဲ့အမျိုးသမီးတွေရဲ့ ဆွဲဆောင်နိုင်လည်း ကွဲပြားတယ်လို့ လေ့လာမူတွေအရ သိရပါတယ်။ အသီးအရွတ်တွေကို ပိုပြီးစားပေးတဲ့ အမျိုးသားတွေရဲ့ ကိုယ်သင်းရနံ့က ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ လည်းတွေ့ရှိထားပါတယ်။

အသံ

လေ့လာမှုတွေအရ အမျိုးသမီးတွေဟာ ရင့်ကျက်ပြီး အနိမ့်သံဖြင့် ဖြေးဖြေးမှန်မှန် စကားပြောတက်တဲ့ အမျိုးသားတွေကို ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ယူဆတက်ကြောင့် တွေ့ရှိထားပါတယ်။

Source: Bright Side