ညဖက်တွေ အိပ်ယာထဲ လူးလှိမ့်ပြီး အိပ်မပျော်ဘဲဖြစ်ဖူးလား။ စောင်ခြုံခြင်း က မှော်ဆန်ဆန် မျက်လှည့် ပြလိုက်သလို ကျွန်တော်တို့ကို အမြန်အိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ပူအိုက်တဲ့ရာသီဥတုမျိုးတွေမှာတောင် စောင်မခြုံဘဲ မအိပ်နိုင်ရတဲ့ အကြောင်းအရင်းတွေ ရှိနေပါတယ်။ ဒီနေ့ kwee page ကပြောပြပေးသွားမှာပါ။

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်

Source: Business Insider

လူတွေက သွေးနွေးသတ္တဝါတွေဖြစ်ကြပါတယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့တွေ နွေးထွေးနေစေဖို့အတွက် ခန္ဓာကိုယ်က သူ့ရဲ့အတွင်းအပူချိန်ကို ထိန်းညှိပေးပါတယ်။ ကျွန်တော်တို့တွေ အိပ်ပျော်နေတဲ့အချိန်မှာ အပူချိန်ထိန်းချုပ်မူက လျှော့ကျသွားပါပြီ။ ဒါကြောင့် ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့အတွက် စောင်ရဲ့အကူအညီကို ရယူရပါတယ်။ အကယ်၍ စောင်မခြုံဘဲ အိပ်ပျော်သွားခဲ့မယ်ဆိုရင်တောင် ညကြီးသန်းခေါင် နိုးလာတက်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်အတွင်း အပူချိန် ပုံမှန်ထက် ကျဆင်းသွားလို့ပါပဲ။

စောင်ဟာ နေ့စဉ်အိပ်ယာဝင်ချိန်မှာ လိုအပ်တဲ့အစိတ်အပိုင်းတခုဖြစ်တယ်

Source: Bright Side

စောင်ခြုံခြင်း အလေ့အကျင့်ဟာ လူတွေရဲ့ အိပ်ယာဝင်ချိန်အပေါ် အများကြီး သက်ရောက်မှုရှိစေပါတယ်

လူတွေက အကျင့်ဖြစ်လွယ်တဲ့ သတ္တဝါတွေပါ။ ဒါကြောင့် စောင်ခြုံခြင်း အလေ့အကျင့်ဟာ လူတွေအပေါ် အများကြီးသက်ရောက်မှုရှိစေပါတယ်။ စောင်ခြုံလိုက်တာနဲ့ အကုန်လုံးလုံခြုံသွားပြီလို့ မခံစားရတောင်မှ စောင်ခြုံသောအလေ့အထ ကို စွဲလမ်းအသုံးပြုဆဲပါ။ ကျွန်တော်တို့ ခန္ဓာကိုယ် က ညအိပ်ယာဝင်ချိန် စောင်ခြုံလိုက်သည်နှင့်  အိပ်ချိန်ရောက်ပြီ ဆိုတာကို လက်ခံလိုက်ပါတယ်။

စောင်ခြုံခြင်း က စိတ်ဖိစီးမှု့ နှင့် ပူပန်သောက ကို လျော့နည်းစေခြင်း

Source: Bright Side

Serotonin – ဟော်မုန်းဓာတ်သည် ကျွန်တော်တို့၏ စိတ်ကျေနပ်ပျော်ရွှင် ကို ထိန်းကြောင်း ပေးသော နေရာတွင် အရေးကြီးသည့် ခံစားမူကို ကောင်းမွန်စေတဲ့ ဓာတုပစ္စည်း ဓာတ်တစ်မျိုးဖြစ်ပါတယ်။ စိတ်ဖိစီးမှု့ ၊ ပူပန်သောက များသော အခါ အိပ်ပျော်ဖို့ ခက်ခဲတတ်ကြပါတယ် ။ ဒါပေမယ့် စောင်ခြုံလိုက်တဲ့အခါမှာ ဟော်မုန်းဓာတ် မြင့်တက်လာပြီး ခံစားနေရတဲ့ ခံစားချက်တွေ အဝေးကိုလွှင့်သွားသလိုမျိုး ဖြစ်စေပါတယ်။

စောင်ခြုံခြင်း က နှစ်ခြိုက်စွာအိပ်ပျော်စေရန် အကူညီပေးနိုင်ခြင်း

Source: Business Insider

စောင်ခြုံခြင်းက ရာသီဥတု အသေးစား တစ်ခုကို ဖန်တီးပေးနိုင်ပြိး ကျွန်တော်တို့ အရေပြားကို အနွေးဓာတ် ပေးနိုင်ပြီး ခန္ဓာကိုယ် တွင်း အအေးဓာတ် ကို လည်း လိုသလောက် လျော့ချပေးကာ လျင်မြန်စွာ အနှောက်ယှက်ကင်းကင်းနှင့် အိပ်ပျော်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

စောင်ခြုံခြင်း ဖြင့် လုံ့ခြုံသည့် ခံစားချက်ကို အစပျိုးပေးနိုင်ခြင်း

Source: Prevention

ကျွန်တော်တို့ ကလေးဘဝတွင် အမှောင်ကို ကြောက်သော တူညီသည့် ခံစားချက် ရှိကြပါတယ်။ ကျွန်တော်တို့ ယခုလို ခံစားချက်ဖြစ်ပေါ်လာတိုင်း ခန္ဓာကိုယ် တစ်ခုလုံး ဖုံးအုပ်လိုက်ရမှ လုံခြုံတယ် ထင်မှတ်တတ်ကြတယ်။ ဒါဟာ မျက်လှည့်ဆန်ဆန် ကြောက်ရွံ့ခြင်းကို တိုက်ခိုက်ပြီး အနားယူကာ မိမိကိုယ်မိမိ လုံခြုံသွားတယ် လို့ ခံစားရသည့် သဘောမျိုးဖြစ်ပါတယ်။ ယနေ့ထိတိုင် လုပ်ဆဲ အလေ့အထ တစ်ခုလည်း ဖြစ်ပါတယ်။