ခေတ်အလျောက် Mainstream မှာ တစ်ခါက လူကြိုက်များခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့တဲ့ ဖက်ရှင်ဒီဇိုင်းတွေ ရှိကြပါတယ်။ ဒီလို ပျောက်ကွယ်သွားခဲ့တဲ့ လက်ရာတွေကို ကြည့်လိုက်ရင် ဘက်စုံသုံး Multi-Purpose စနစ်အောက်ကနေ ဖန်တီးထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တွေ ဖြစ်နေတာ တွေ့ရမှာပါ။ ဒါကို Maximalism လို့ သုံးနှုန်းကြပါတယ်။

Maximalism ရဲ့ အခြေခံသဘောက အစုံသုပ် More is More ဖြစ်ပြီး တောက်ပရဲရင့်တဲ့ ကာလာတွေ ၊ Patterns နဲ့ ဖန်တီးမှုတွေနဲ့ ဖမ်းစားပါတယ်။ ဥပမာ- Maximalist စတိုင် အခန်းတစ်ခန်းမှာ တောက်ပတဲ့ အရောင်အသွေးတွေကို ရှုပ်ထွေးပြီး ခပ်ရဲရဲ Patterns လှိုင်းတွေနဲ့ ရောမွှေထားတာ တွေ့ရတတ်ပါတယ်။ Minimalism ကတော့ ဆန့်ကျင်ဘက်ပါပဲ။ ရိုးရှင်းတဲ့ ပုံပန်းကိုမှ Focus အနည်းဆုံးထားပြီး လူ့အာရုံကို ရယူတာပါ။

minimal-sneakers-men

Photo: Ape To Gentleman

ရိုးရှင်းမှု ၊ လွတ်လပ်သန့်စင်မှုသဘောကို Minimalism က ယူထားပါတယ်။ ဒါကြောင့် Minimalism နဲ့ ဆောက်ထားတဲ့ အခန်းတစ်ခန်းမှာ သန့်ရှင်းတဲ့ကောက်ကြောင်းနဲ့ မျက်နှာပြင်တွေ ၊ ဗြောင် Plain Colors & Patterns ၊ ဗလာနယ် နဲ့ မဖြစ်မနေ လိုအပ်တာတွေလောက်ပဲ ထည့်ပြီး ရိုးရှင်းအောင် စုဖွဲ့ထားတာ တွေ့ရပါလိမ့်မယ်။ Minimalist Sneakers ဆိုတာလည်း ဒီသဘောပါပဲ။

ခေတ်မရိုးနိုင်မယ့် ပုံစံရှင်းရှင်း ၊ အလိုက်သင့်ရှိပြီး ကျစ်ကျစ်လျစ်လျစ်နဲ့ Compact ဖြစ်အောင် ဖန်တီးထားပါတယ်။ အီတလီ Sneaker Brand တစ်ခုဖြစ်တဲ့ Common Projects မှာဆိုရင် ဖိနပ်ကြိုးကို အတွင်းထည့်ဒီဇိုင်းသုံးပြီး ကာလာကိုလည်း Solid ကာလာယူပါတယ်။ Minimalist Sneakers တွေဟာ ဈေးမြောက်တာ များပါတယ်။ သုံးတာကလည်း အကောင်းဆုံးဆိုတဲ့ ပစ္စည်းတွေ သုံးပြီး ထုတ်လုပ်တတ်ကြလို့ ဖြစ်ပါတယ်။

စထုတ်ကတည်းက Solid Leather သား ၊ အကြမ်းခံ Robust Sole ပြား နဲ့ Lining ချုပ်သားကောင်းကောင်းနဲ့ ထုတ်လုပ်ကြပြီး ပုံမှန် မြင်နေကျ Sneakers တွေလောက် မျက်စိကို စူးလောက်အောင် ဆွဲဆောင်မှုတော့ မရှိတတ်ပါဘူး။ ဒါပေမယ့်လည်း Minimalist တစ်ယောက်ရဲ့ အမြင်မှာတော့ Minimal Sneaker တွေဟာ ဘယ်တော့မှ မရိုးအောင် လှတာပါပဲ။ ကာလာအတွဲအစပ် ရိုးရှင်းသလောက် စီးတိုင်း စိတ်ကျေနပ်ရပါတယ်။ Converse’s All Star တွေဆို ဒီနေ့အထိ ဒီဇိုင်းတစ်မျိုးတည်းနဲ့လည်း အောင်မြင်နေတာ ဒါကြောင့်ပဲ ဖြစ်ပါတယ်။

minimalist sneakers for anyone who likes to keep it simple

Photo: Business Insider

လယ်သာ Sneakers တွေထဲကလည်း Minimal Sneaker တွေ နာမည်ကြီးတာ ရှိပါတယ်။ Adidas ကဆို Stan Smith လို White Leather Sneaker မော်ဒယ်မျိုးဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ Minimalist Sneaker အမှတ်တံဆိပ်တွေ အများကြီး ရှိပါတယ်။ ယောင်္ကျားစီး နာမည်ကြီး Minimalist Sneakers တွေထဲက Common Projects ၊ Oliver Cabell ၊ Spalwart ၊ Converse ၊ Adidas နဲ့ Novesta တို့ကို ရွေးချယ်နိုင်ပါတယ်။