မိမိထက် အသက်ကြီးတဲ့လူတွေနဲ့ လက်ထပ်ပြီး တစ်ဘဝလုံး အတူနေသွားချင်တဲ့ အမျိုးသမီးတွေ တော်တော်များပါတယ်။ ဒါကတော့ စစ်တမ်းတွေအရ ပြောရခြင်းဖြစ်ပါတယ်။ ဒီလို relationship မျိုးတွေအတွက် May – December ဆိုပြီးသီးသန့်အခေါ်အဝေါ်တောင်ရှိပါသေးတယ်။ ကြားရတာတော့ ရိုဆန်မယ့်ပုံပါပဲ။ ဒါပေမယ့် တစ်ချို့လူတွေကတော့ ဒီလို အသက်အရွယ် ကွာခြားလွန်းလှတဲ့ relationship မျိုးကို ရှုံ့ချကြတယ်။ ဒါကတော့ သူတို့တွေက အသက်ကြီးတဲ့ အမျိုးသားတွေရဲ့ လျှို့ဝှက်ချက်ကို မသိသေးလို့ပါ။
ရင့်ကျက်တယ်
အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးရင့်ကျက်တာ မြန်ဆန်ပါတယ်။ ဒါ့ကြောင့် ငယ်ရွယ်ပြီး မတူညီတဲ့အရာတွေ စမ်းလုပ်ကြည့်ချင်တဲ့ လူငယ်လူရွယ်တွေ မရင့်ကျက်သေးတဲ့ လူငယ်တွေကို လက်တွဲဖော်အဖြစ် ရွေးရမှာ ကြောက်ရွံ့ကြတယ်။
အသက်ကြီးတဲ့အမျိုးသားတွေက ပိုပြီးယုံကြည်အားထားလို့ရပြီးတော့ မိသားစုတစ်ခုတည်ဆောက်ဖို့ အသင့်ဖြစ်နေတက်ကြတယ်။ ဒါတွေကြောင့် မိန်းကလေးတွေက သူတို့ကို ငယ်ရွယ်တဲ့ ယောက်ကျားလေးတွေထက် ပိုပြီးဘဝလက်တွဲဖော်အဖြစ် ရွေးချယ်လိုကြတာပေါ့။
ဘဝအတွေ့အကြုံများတယ်
လေ့လာမှုတွေအရ အသက်ကြီးတဲ့အမျိုးသားတွေဟာ လူငယ်လူရွယ်တွေထက် ဉာဏ်ပိုကောင်းကြတယ်လို့ ဆိုထားပါတယ်။ အဓိကအကြောင်းအရင်းကတော့ သူတို့ဆီမှာ ဘဝအတွေ့အကြုံတွေများစွာ ရှိနေလို့ပါပဲ။
အမျိုးသမီးတွေက ဒီအချက်ကိုလက်ခံထားကြတယ်။ အသက်ကြီးတဲ့အမျိုးသားတွေက သူတို့တွေကို ပြန်ပြီးဦးဆောင်နိုင်မယ့် ဘဝအတွေ့အကြုံတွေအများကြီးရှိတယ်ဆိုတာကို အမျိုးသမီးတွေ ယုံကြည်ထားကြတယ်။
လိုချင်တာကိုသိကြတယ်
အမျိုးသမီးတွေပြောတဲ့ နောက်အချက်တစ်ချက်ကတော့ အသက်ကြီးတဲ့အမျိုးသားတွေက ဘဝကို အရှုပ်အရှင်းကင်းကင်းနေကြတယ်။ ပြောချင်တာကတော့ တည်ငြိမ်တာပေါ့။ သူတို့တွေက သူတို့လိုချင်တာကို တိတိကျကျသိကြတယ်။ ဘယ်လိုရယူရမလဲဆိုတာလည်း သိကြတယ်။ ဘယ်လောက်ထိအဓိပ္ပာယ်ရှိတယ်ဆိုတာကိုလည်း သိရှိနားလည်ကြတယ်။
ဒါ့ကြောင့်သူတို့က တန်ဖိုးရှိတဲ့အချိန်တွေက ဂိမ်းကစားရင်း မဖြုန်းတီးကြတာပါ။ ဒါ့ကြောင့်လည်း တစ်စုံတစ်ယောက်က အကူအညီလိုလို့ အကြံဉာဏ်တောင်းလာခဲ့ရင် အသင့်ဖြစ်နေကြတာပါ။
ငွေရေးကြေးရေး တည်ငြိမ်မှုရှိတယ်
အမျိုးသမီးတော်တော်များများက ငွေရေးကြေးရေးတည်ငြိမ်မှုကို လိုလားကြတယ်။ ဘာလို့လဲဆိုတော့ မိသားစုတစ်ခုတည်ဆောက်တော့မယ်ဆိုရင် ကလေးတွေကို ကျွေးမွေးပြုစုပျိုးထောင်ဖို့အတွက် ငွေအလုံအလောက်ရှိနေချင်လို့ပါပဲ။ အသက်ကြီးတဲ့အမျိုးသားတွေက ဒါတွေကိုပြင်ဆင်ထားတက်ကြတယ်။ ပုံမှန်အားဖြင့်အသက် ၂၀ ကျော်ယောက်ကျားလေးတွေဟာ အသက် ၃၀ ကျော်အမျိုးသား တွေထက်စာရင် ငွေရေးကြေးရေး အဆင်မပြေတာကို တွေ့ရတက်ပါတယ်။
ငယ်ရွယ်တဲ့ လူငယ် တွေဟာ သူတို့ကိုယ်သူတို့ တိုးတတ်အောင်လုပ်ဖို့နဲ့အလုပ်အကိုင်အဆင်ပြေဖို့အတွက် ကြိုးစားနေရတဲ့အတွက်ကြောင့် ငွေစုဖို့ကို အာရုံမစိုက်နိုင်ကြပါဘူး။ ဒီအချက်ကလည်း မိန်းကလေးတွေ အသက်ကြီးတဲ့ အမျိုးသားတွေကို ရွေးချယ်ရတဲ့ အကြောင်းအရင်းထဲမှာပါပါတယ်။
လုံခြုံမှုပေးနိုင်တယ်
ဟုတ်ပါတယ်။ မိန်းကလေးတွေ ဒီအချက်ကိုလည်း ထည့်တွတ်ကြပါတယ်။ မိန်းကလေးတွေအတွက် အလိုအပ်ဆုံးအရာတွေထဲမှာ လုံခြုံစိတ်ချမှုလည်းပါပါတယ်။ လုံခြုံမှုဆိုတာက သူခိုးဓာပြရန်တွေကိုပဲ ပြောတာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ၊ ငွေးရေးကြေးရေး အဆင်ပြေလုံခြုံမှု စသဖြင့်အခြားအရာများစွာ ပါဝင်ပါသေးတယ်။ မိန်းကလေးတယောက်ရဲ့နေစဉ်ဘဝကို လုံခြုံမှုနဲ့သက်တောင့်သက်သာ ဖြစ်စေတဲ့ အရာတွေကဘာတွေဖြစ်မလဲ။
ပိုက်ဆံ နဲ့အခြားအရာတွေ။သူတို့နဲ့ အတူတဘဝလုံးလက်တွဲသွားမဲ့ ယုံကြည်အားထားရတဲ့ လက်တွဲဖော်။ ပြီးတော့ ကိုယ့်ဘဝကိုထိန်းကြောင်းနိုင်တဲ့သူ။ အသက်ကြီးပြီး ဘဝအတွေ့ အကြုံများတဲ့ အမျိုးသားတွေမှာ ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက ဒီလူတွေကို သူတို့ဘဝအတွက်လုံခြုံမှု အာမခံပေးနိုင်တဲ့သူတွေအဖြစ် ရူမြင်တတ်ကြပါတယ်။
အမျိုးသမီးတွေကို ဘယ်လိုပြောဆိုဆက်ဆံရမလဲဆိုတာ သိကြတယ်
အသက်ကြီးတဲ့ အမျိုးသားတွေမှာ Relationship နဲ့ပက်သက်လာရင် လူငယ်တွေထက်အ တွေ့အကြုံပိုရှိတတ်ပါတယ်။ ဒါကြောင့်သူတို့ဟာ အမျိုးသမီးတွေကို ဘယ်လိုပြုမူဆက်ဆံရမလဲဆိုတာသိပါတယ်။ဒါကြောင့်အသက်ကြီးတဲ့အမျိုးသားတွေဟာ မိန်းကလေးတွေဘာလိုအပ်တယ်၊ ဘယ်အရာတွေက သူတို့ကိုပျော်အောင်လုပ်ပေးနိုင်တယ်ဆိုတာကို သိထားတတ်ကြပါတယ်။ပြီးတော့ အမျိုးသမီးတွေနဲ့ပြဿနာမဖြစ်အောင် ဘယ်လိုရှောင်ရှားရမလဲဆိုတာသိပါတယ်။ဘာလို့လဲဆိုတော့ သူတို့ဟာ ဒါတွေကို တွေ့ကြုံဖူးပြီးသားမလို့ပါပဲ။ ဒါက Relationship တစ်ခုမှာ အခြေခံကျတဲ့ လိုအပ်ချက်တစ်ခုပါပဲ။
Source: Bright Side