မိန်းကလေးတွေ တော်တော်များများ သူတို့ထက်အသက်ပိုကြီးတဲ့ အမျိုးသားတွေနဲ့ တဘဝလုံး လက်တွဲချင်ကြတယ်ဆိုတာအမှန်ပဲလား။ ဒီအပေါ်မှာတော့ အမြင်အမျိုးမျိုးရှိကြတာကို တွေ့ရပါတယ်။ တချို့မိန်းကလေးတွေကြတော့ မိမိထက်အသက်ငယ်တဲ့ လူဆိုးလေးတွေကို သဘောကျနှစ်သက်ကြပါတယ်။

တချို့တွေကြတော့ သူတို့တွေထက် အသက်ပိုကြီးပြီး ရင့်ကျက်တဲ့ သူတွေကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်တတ်ကြပါတယ်။ခု kwee page ကနေပြီးတော့ တချို့မိန်းကလေးတွေဘာကြောင့် အသက်ကြီးတဲ့ အမျိုးသားတွေကို ပိုသဘောကျလဲဆိုတာပြောပြပေးမှာပါ။

(၁) ပိုရင့်ကျက်တယ်

Source: Killbeat Music

မိန်းကလေးတွေက ယောက်ကျားလေးတွေထက် ပိုပြီးရင့်ကျက်တာမြန်ပါတယ်။ ဒါကြောင့် ငယ်ရွယ်ပြီး Relationship တခုကိုတန်ဖိုးမထားတတ်တဲ့ ယောက်ကျားလေးတွေကို သူတို့ ရဲ့လက်တွဲဖော်အနေနဲ့ ရွေးချယ်ဖို့တွန့်ဆုတ်နေတတ်ပါတယ်။အသက်ကြီးတဲ့ အမျိုးသားတွေကတော့ ပိုပြီးယုံကြည်အားထားလို့ရတယ်လို့ သူတို့လေးတွေက ထင်ထားကြပါတယ်။ ပြီးတော့ ဒီလူတွေက ဘဝအတွေ့အကြုံတွေ အများကြီးရှိပြီးတော့ မိသားစုတခုထူထောင်တဲ့ နေရာမှာ ဦးစီးဦးဆောင်ပြုနိုင်မယ်လို့ ယူဆထားကြပါတယ်။ ဒါတွေကြောင့် မိန်းကလေးတွေက သူတို့ကို ငယ်ရွယ်တဲ့ ယောက်ကျားလေးတွေထက် ပိပြီးဘဝလက်တွဲဖော်အဖြစ် ရွေးချယ်လိုကြတာပါ။

(၂) လုံခြုံမှုပေးနိုင်တယ်

Source: @The Light Between Oceans

ဟုတ်ပါတယ်။ မိန်းကလေးတွေ ဒီအချက်ကိုလည်း ထည့်တွတ်ကြပါတယ်။ မိန်းကလေးတွေအတွက် အလိုအပ်ဆုံးအရာတွေထဲမှာ လုံခြုံစိတ်ချမှုလည်းပါပါတယ်။ လုံခြုံမှုဆိုတာက သူခိုးဓာပြရန်တွေကိုပဲ ပြောတာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု။ ငွေးရေးကြေးရေး အဆင်ပြေလုံခြုံမှု စသဖြင့်အခြားအရာများစွာ ပါဝင်ပါသေးတယ်။ မိန်းကလေးတယောက်ရဲ့နေစဉ်ဘဝကို လုံခြုံမှုနဲ့သက်တောင့်သက်သာ ဖြစ်စေတဲ့ အရာတွေကဘာတွေဖြစ်မလဲ။

ပိုက်ဆံ နဲ့အခြားအရာတွေ။သူတို့နဲ့ အတူတဘဝလုံးလက်တွဲသွားမဲ့ ယုံကြည်အားထားရတဲ့ လက်တွဲဖော်။ ပြီးတော့ ကိုယ့်ဘဝကိုထိန်းကြောင်းနိုင်တဲ့သူ။ အသက်ကြီးပြီး ဘဝအတွေ့ အကြုံများတဲ့ အမျိုးသားတွေမှာ ဒီလိုအရည်အချင်းတွေနဲ့ ပြည့်စုံပါတယ်။ ဒါကြောင့် အမျိုးသမီးတွေက ဒီလူတွေကို သူတို့ဘဝအတွက်လုံခြုံမှုအာမခံပေးနိုင်တဲ့သူတွေအဖြစ် ရူမြင်တတ်ကြပါတယ်။

(၃) ငွေရေးကြေးရေး တည်ငြိမ်မှု

 

Source: Istock

မိန်းကလေးတော်တော်များများ ငွေးရေးကြေးရေးကို အဓိကထားကြည့်တတ်ကြပါတယ်။ ဒါကိုတော့ ကွီးတွေသိကြမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ မိသားစုတခုထူထောင်ရာမှာ အများကြီးစဉ်းစားဖို့လိုလာပါတယ်။ စားဖို့သောက်ဖို့၊ အိမ်ခန်းငှားခ၊ ကလေးတွေရှိလာရင် ကျောင်းစရိတ် စသဖြင့် စဉ်းစားဖို့ လိုလာပါပြီ။

ပုံမှန်အားဖြင့်အသက် ၂၀ ကျော်ယောက်ကျားလေးတွေဟာ အသက် ၃၀ ကျော်အမျိုးသား တွေထက်စာရင် ငွေရေးကြေးရေး အဆင်မပြေတာကို တွေ့ရပါတယ်။ ငယ်ရွယ်တဲ့ လူငယ် တွေဟာ သူတို့ကိုယ်သူတို့ တိုးတတ်အောင်လုပ်ဖို့နဲ့အလုပ်အကိုင်အဆင်ပြေဖို့အတွက် ကြိုးစားနေရတဲ့အတွက်ကြောင့် ငွေစုဖို့ကို အာရုံမစိုက်နိုင်ကြပါဘူး။ ဒီအချက်ကလည်း မိန်းကလေးတွေ အသက်ကြီးတဲ့ အမျိုးသားတွေကို ရွေးချယ်ရတဲ့ အကြောင်းအရင်းထဲမှာပါပါတယ်။

(၄) သူတို့ရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်စီးပေးနိုင်တယ်

Source: Blog about online relationships @ dating

အသက်ကြီးတဲ့ အမျိုးသားတွေမှာ Relationship နဲ့ပက်သက်လာရင် လူငယ်တွေထက်အ တွေ့အကြုံပိုရှိတတ်ပါတယ်။ ဒါကြောင့်သူတို့ဟာ အမျိုးသမီးတွေကို ဘယ်လိုပြုမှုဆက်ဆံရမလဲဆိုတာသိပါတယ်။ဒါကြောင့်အသက်ကြီးတဲ့အမျိုးသားတွေဟာ မိန်းကလေးတွေဘာလိုအပ်တယ်၊ ဘယ်အရာတွေက သူတို့ကိုပျော်အောင်လုပ်ပေးနိုင်တယ်ဆိုတာကို သိထားတတ်ကြပါတယ်။ပြီးတော့ အမျိုးသမီးတွေနဲ့ပြသာနာမဖြစ်အောင် ဘယ်လိုရှောင်ရှားရမလဲဆိုတာသိပါတယ်။ဘာလို့လဲဆိုတော့ သူတို့ဟာ ဒါတွေကို တွေ့ကြုံဖူးပြီးသားမလို့ပါပဲ။ ဒါက Relationship တခုမှာ အခြေခံကျတဲ့ လိုအပ်ချက်တခုပါပဲ။

ကဲ kwee ပရိသက်တွေအနေနဲ့ အခုပြောပြပေးထားတဲ့ အချက်တွေကို ဘယ်လိုထင်ပါသလဲ။ လွတ်လပ်စွာ သဘောထားကွဲလွဲ ခွင့်ရှိပါတယ်နော်။