ညဖက်အိပ်ရေးဝအောင်မအိပ်ခြင်းက နောက်နေ့အတွက် သင့်ကိုအားနည်းပြီး အာရုံစူးစိုက်မူနည်းစေပါတယ်။ တခါတလေမဟုတ်ဘဲနဲ့ ဆက်တိုက်အိပ်ရေးပျက်မယ်ဆိုရင်တော့ သင့်ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ လေ့လာမှုများအရ ညဖက်ပုံမှန်အိပ်ရေးဝအောင်အိပ်ခြင်းက သင့်ကိုယ်ခန္ဓာထဲမှာ သကြားပါဝင်မှုကစလို့၊ အားကစားလေ့ကျင့်မှုအထိ အကျိုးသက်ရောက်မှုရှိစေပါတယ်။ အခုဖော်ပြပေးမဲ့ အချက်တွေကတော့ ဘာကြောင့်ညဖက် အိပ်ရေးဝအောင် အိပ်သင့်သလဲ ဆိုတာကို သိဖို့ပါ။

(၁) ဦးနှောက်ကျန်းမာရေး

Source: NPR

လူတစ်ယောက်ဟာ ညဖက်အိပ်ပျက်ဖန်များလာရင် ဦးနှောက်အတွက်မကောင်းပါဘူး။ မှတ်ဥာဏ်တွေ ချွတ်ယွင်းလာတတ်ပါတယ်။ အိပ်ရေးဝအောင်မအိပ်ဘူးဆိုရင် အသစ်အသစ်တွေ သင်ယူတဲ့အခါမှာ အာရုံစူးစိုက်ဖို့ ခက်ပါတယ်။ သင့်ဦးနှောက်ကလည်း မှတ်ဥာဏ်တွေကို ကြာရှည်ထိန်းထားနိုင်စွမ်းမရှိတော့အောင် ဖြစ်သွားတတ်ပါတယ်။

(၂) အသည်းကျန်းမာရေး

Source: Tennova Wellness Blog

သင် အိပ်နေချိန်အတွင်းမှာ သင့်ရဲ့ သွေးဖိအား ကျသွားလေ့ရှိပါတယ်။ ဒါက သင့်အသည်းနဲ့ သွေးကြောတွေကို အနားပေးတဲ့ သဘောပါ။ ဒါကြောင့် ညဖက်အိပ်ရေးပျက်လေလေ သွေးကြောတွေက ပိုအလုပ်လုပ်ရလေပါပဲ။ သွေးဖိအားများလာရင် အသည်းကျန်းမားရေုးကို ထိခိုက်စေပါတယ်။ ရုတ်တရက် သတိလစ်ခြင်းစတဲ့ ကျန်းမားရေးဆိုးကျိုးတွေ ဖြစ်စေပါတယ်။ သင့်ရဲ့ အသည်းကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင် ညဖက်အိပ်ရေးဝအောင်အိပ်ဖို့ အကြံပေးချင်ပါတယ်။

(၃) ခန္ဓာကိုယ် အလေးချိန်

Source: Pinterest

သင် ကောင်းကောင်းအနားယူထားလေလေ၊ ဆာလောင်မှု နည်းလေလေပါပဲ။ အိပ်ရေးမဝခြင်းက သင့် ဦးနှောက်ထဲမှာရှိတဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ရတဲ့ ဟော်မုန်းရဲ့ လုပ်ငန်းစဉ်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီလို အနှောင့်အယှက်တွေက ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေကို စားချင်စိတ်ဖြစ်စေပါတယ်။ အိပ်ရေးပျက်ပြီး ပင်ပန်းလေလေ၊ သွားလာလှုပ်ရှားချင်စိတ် နည်းလေလေပါပဲ။ ဒါက ခန္ဓာကိုယ် အလေးချိန်ကို တိုးစေပါတယ်။

(၄) သွေးတွင်းသကြားဓာတ်ပါဝင်မှု

Source: Reader’s Digest

သွေးတွင်း သကြားဓာတ်များလာခြင်းက အိပ်ရေးပျက်ခြင်းကြောင့်လည်း ပါပါတယ်။ လေ့လာမှုများအရ ညဖက် ၆.၅ နာရီ (သို့) ၇.၄ နာရီအိပ်တဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်ပါဝင်မှုနူန်း မျှတမှုရှိတယ်လို့ ဖော်ပြထားပါတယ်။ တစ်ညတလေ (သို့) နှစ်ညလောက်ပဲ အိပ်ရေးပျက်တာတောင်မှ သွေးတွင်း သကြားဓာတ်ပါဝင်မှုနူန်းအပေါ် အများကြီးသက်ရောက်မှုရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ညဖက်တွေ အိပ်ရေးဝအောင်အိပ်ဖို့လိုအပ်တာမှန်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံ အိပ်ခြင်းမျိုးတော့ မလုပ်သင့်ပါ။ (၉) နာရီထက် ပုံမှန် အိပ်လေ့ရှိတဲ့သူတွေမှာ ကျန်းမားရေးချွတ်ယွင်းမှုတွေ အများဆုံးတွေ့ရကြောင်း လေ့လာသူတွေက ပြောထားပါတယ်။

အရွယ်ရောက်ပြီး လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အကောင်းဆုံးအိပ်ချိန်ကတော့ (၇-၈) နာရီ အကြား ရှိသင့်ပါတယ်။