လူတိုင်းလူတိုင်းဘဝမှာ ပထမဆုံးချစ်ခဲ့ဖူးတဲ့အချစ်ဦး ပထမဆုံးရင်းနှီးပတ်သက်ခဲ့ဖူးတဲ့ လူတစ်ယောက်တော့ရှိကြမယ် ထင်ပါတယ်။ အဲ့ဒီကိုယ့်ရဲ့ အချစ်ဦးနဲ့ အကြောင်းအမျိုးမျိုးကြောင့် လက်တွဲဖြုတ်ခဲ့ရပေမယ့် အချိန်တွေကြာလာတဲ့အထိ သူ့ကိုလုံးဝမမေ့နိုင်တဲ့ ခံစားချက်မျိုးလည်း ခံစားဖူးကြမှာပါ။ ဒါကြောင့် အချစ်ဦးရဲ့ ပါဝါကဘာလို့ ဒီလောက်တောင်စွမ်းနေသလဲ။ ဘာကြောင့် အချစ်ဦးကို ယနေ့တိုင်မေ့လို့မရဖြစ်နေလဲဆိုတာ သိချင်နေတဲ့သူတွေအတွက် အချစ်ဦးကိုမေ့ပျောက်ဖို့ ဘာလို့ခက်ခဲတာလဲဆိုတဲ့အချက်လေးတွေ ပြောပြပေးချင်ပါတယ်။

(၁) ပထမဦးဆုံးအကြိမ် ရင်းနှီးပတ်သက်ခဲ့သူမို့လို့

Source : Thought Catalog

အချစ်ဦးဆိုတာ အချစ်ရဲ့ ချို မြိန်တဲ့အရသာကို ပထမဆုံးပေးစွမ်းတဲ့ သူတစ်ယောက်ပါ။ လူတိုင်းဘဝမှာ ပထမဆုံးရခဲ့အရာတွေအားလုံး အမြဲမှတ်ရနေတတ်ကြပါတယ်။ အချစ်ဦးနဲ့ရခဲ့တဲ့ ရင်ခုန်စရာကောင်းတဲ့အနမ်း နွေးထွေးတဲ့ရင်ခွင်တစ်စုံ ကြင်နာစွာထွေးပွေ့မှု ဒါတွေအားလုံးကလည်း ဘဝမှာပထမဆုံးအကြိမ်ရခဲ့တဲ့ နှစ်ကိုယ်ကြားက ရင်းနှီးမှုဖြစ်တာကြောင့် တော်ရုံနဲ့ မေ့ဖျောက်လို့မရနိုင်ပါဘူး။

(၂) အဖြူစင်ဆုံးအချစ်ဖြစ်ခဲ့လို့

Source : Women’s Health

ပထမဆုံးအချစ်ဆိုတာ အဖြူရောင်နှင်းဆီပန်းလေးတစ်ပွင့်လိုအမြဲဖြူစင်နေတဲ့ အချစ်တစ်ခုပါ။ ဒီလိုအရောင်မပါတဲ့ ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတစ်ခုဖြစ်ခဲ့လို့လည်း ကိုယ့်ရဲ့အချစ်ဦးကို မေ့ပျောက်ဖို့တော်တော်လေးခက်ခဲတာဖြစ်ပါတယ်။ ပထမဆုံးအချစ်မှာ ကိုယ့်ချစ်သူအပေါ် မကောင်းကြံတဲ့စိတ်တွေ ကြီးစိုးခြယ်လှယ်ချင်တဲ့စိတ်တွေ မရှိဘဲ အဖြူစင်ဆုံးချစ်နေရရုံနဲ့ ကျေနပ်နေတာမျိုးပါ။

(၃) ထာဝရလက်တွဲဖော်အဖြစ်သတ်မှတ်ခဲ့လို့

Source : Pucker Mob

လူအယောက် ၁၀၀ မှာ ၉၉ ယောက်က အချစ်ဦးနဲ့ အတူဘဝတစ်သက်စာလက်လုံး လက်တွဲမယ့်လို့ ရည်ရွှယ်ခဲ့ကြသူတွေချည်းပါ။ ဒီလိုမျှော်လင့်ချက်ကြီးကြီး ရည်မှန်းချက်ကြီးကြီးထားခဲ့တဲ့ချစ်သူတစ်ယောက်မို့ အစွဲလန်းကြီးစွာချစ်မိတတ်ကြပါတယ်။ မျှော်လင့်ချက်ကြီးလေ ပိုခံစားရလေဖြစ်တာကြာင့်လည်း အချစ်ဦးနဲ့လက်တွဲဖြုတ်ခဲ့တဲ့အထိ သူကိုမေ့မရနိုင်ဖြစ်နေကြရတာပါ။

(၄) အမှတ်တရတွေများစွာရှိနေလို့

Source : Z Living

အချစ်ဦးနဲ့သွားခဲ့တဲ့နေရာ ထိုင်ခဲ့တဲ့ကော်ဖီဆိုင် ကြည့်ခဲ့တဲ့ရုပ်ရှင်ရုံဒါတွေအားလုံးဟာ ဘဝမှာအမှတ်တရအဖြစ်ဆုံးနေရာတွေပါ။ ကိုယ်ရဲ့အချစ်ဦးနဲ့ သွားခဲ့တဲ့နေရာတွေဟာ နှစ်တွေဘယ်လောက်ကြာကြာအမှတ်တရတွေကတော့ ဘယ်တော့မှ ပုပ်သိုးမသွားပါဘူး။ အဲလိုအမှတ်တရဖြစ်စရာနေရာတွေ အမှတ်တရဖြစ်စရာအရာတွေနဲ့ ပြန်ကြုံရတိုင်း အချစ်ဦးကို သတိရနေရအုန်းမှာပါ။

(၅) ပြီးပြည့်စုံတဲ့အချစ်လို့ခံစားရလို့

Source : projecthotmess.com

အချစ်နဲ့စတွေ့တဲ့ ပထမဆုံးအကြိမ်ဟာ ဘဝမှာအရမ်းကိုပျော်စရာကောင်းခဲ့ပါတယ်။ အချစ်ဦးနဲ့ စတင်တွေ့ဆုံချိန်ဟာ ရင်ခုန်စရာအကောင်းဆုံးအချိန် ပူပင်သောကတွေမရှိတဲ့အချိန် ရှုပ်ထွေးတဲ့ပြဿနာတွေမရှိသေးတဲ့အချိန်ဖြစ်တာကြောင့် ဒီအချစ်ဟာ ကိုယ့်ဘဝအတွက် ပြီးပြည့်စုံတဲ့အချစ်လို့ သတ်မှတ်ထားတတ်ကြပါတယ်။ ဘဝမှာ ဒီလိုအချစ်မျိုးနောက်ထပ်မရနိုင်တော့ဘူးလို့လည်း မှတ်ယူထားတတ်တာကြောင့် အချစ်ဦးနဲ့လမ်းခွဲချိန်ဟာ ကမ္ဘာပျက်မတက်ခံစားရပြီး နှစ်တွေကြာတဲ့အထိမေ့မရနိုင်တာပါ။