ဖုန်းရေစိုသွားတဲ့အခါမှာ ဆန်အိုးထဲ ထည့်တဲ့နည်းလမ်းကို လူအများစုက လက်ခံထားကြတယ်။ ဒီနည်းလမ်းက အမှန်တကယ်အလုပ်ဖြစ်ရဲလား ဖုန်းအတွက်အကျိုးရှိရဲ့လားဆိုတာကို ဒီဆောင်းပါးမှာပြောပြပေးသွားမှာပါ။

ရေစိုနေတဲ့ဖုန်းကို ဆန်ထဲထည့်ခြင်းက ယုံတမ်းစကားတစ်ခုသာဖြစ်တယ်

ဆန်က ဖုန်းထဲကရေတွေကို လျင်မြန်စွာ မစုပ်ထုတ်နိုင်တာကြောင့် ဒီနည်းကမသုံးသင့်ပါဘူး။ ဒီနည်းက သင့်ဖုန်းရဲ့အပြင်ပန်းကိုတောင် ပျက်စီးစေပါတယ်။

အပြင်မှာပဲ အခြောက်ခံပါ

ဖုန်းကိုဆန်ထဲထည့်ပြီး အခြောက်ခံမယ့်အစား အပြင်မှာပဲ ထားပြီးအခြောက်ခံလိုက်ပါ။ ဒီလိုလုပ်ခြင်းက ဆန်ထဲထည့်ခြင်းကြောင့် ဖုန်းထဲ ဖုန်မုန့်တွေတာထက်စာရင် အများကြီးသာပါတယ်။

ဖုန်ရေစိုသွားရင် အောက်ပါနည်းအတိုင်းလုပ်ကြည့်ပေးပါ

ချက်ခြင်းဖုန်းပိတ်လိုက်ပါ

ဖုန်းရေစိုသွားတဲ့အခါ ဖုန်းရဲ့လျှပ်စီးပတ်လမ်းကို မပျက်စီးသွားဖို့အတွက် ချက်ချင်း ဖုန်းကိုပိတ်ချလိုက်ပါ။ လျှပ်စစ်ပတ်လမ်း ရေစိုသွားမယ်ဆိုရင် မကောင်းနိုင်ပါဘူး။ ဒါပေမယ့် ပိတ်ထားတဲ့ လျှပ်စီးပတ်လမ်းရေစိုသွားတာက ဖွင့်ထားတဲ့ လျှပ်စီးပတ်လမ်း ရေစိုသွားတာထက် ပျက်စီးမှုကို သက်သာစေပါတယ်။ ဖုန်းကိုမြန်မြန်ပိတ်နိုင်လေ ပျက်စီးမှုနည်းလေပါပဲ။

ဖုန်းကို သဘက်ဖြင့်သုတ်ပေးပါ

ဖုန်းကိုပိတ်ပြီးတာနဲ့ သဘက်/ တစ်ရှူးဖြင့် ခြောက်အောင် သုတ်ပေးပါ။ အပြင်မှာစိုနေတဲ့ရေတွေ ဖုန်းထဲဝင်မသွားအောင် သတိထားပြီး လုပ်ဖို့အရေးကြီးပါတယ်။

ဖြုတ်လို့ရတဲ့ အစိတ်အပိုင်းတွေအကုန် ဖြုတ်ထားပါ

ဆင်းကက်၊ ဖုန်းဘတ်ထရီ စတဲ့ဖယ်ရှားလို့ရတဲ့ အစိတ်အပိုင်းတွေ အကုန်လုံးကို ဖြုတ်ထားဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။

အားသွင်းပေါက်ထဲ ဘာမှမထည့်ပါနဲ့

အားသွင်းတဲ့အပေါက်ထဲကို တစ်ရှုး၊ အဝတ်စတွေထည့်ပြီး ရေမသုတ်ပါနဲ့အားသွင်းပေါက်ကို ရေခြောက်သွားဖို့အတွက် ဘယ်လိုအရာမျိုးနဲ့မှ ထည့်ပြီးမသုတ်ဖို့လည်း အရေးကြီးပါတယ်။

ခြောက်သွေ့တဲ့ မျက်နှာသုတ်ပုဝါ ပေါ်တင်ထားပြီး အခြောက်ခံလိုက်ပါ

အထက်မှာပြောထားတဲ့အဆင့်အတိုင်းလုပ်ပြီးသွားရင် ဖုန်းကို ခြောက်သွေ့တဲ့ ပုဝါပေါ်မှာ ထားပြီး သဘာဝလေနဲ့ပဲ အခြောက်ခံထားလိုက်ပါ။ ရေခြောက်မသွားခင် ဖုန်းကို မဖွင့်လိုက်ပါနဲ့။ (၂၄) နာရီကနေ (၃၆) နာရီအထိ စောင့်ဆိုင်းဖို့ လိုပါတယ်။

ဖုန်းပြန်ဖွင့်ပြီး အသုံးပြုလို့ရပြီဆိုပေမယ့် ရေကြောင့် အနည်းနဲ့အများပျက်စီးမှုတွေ ရှိနေနိုင်ပါတယ်။ တကယ်လို့ ဖုန်းရဲ့ လုပ်ဆောင်မှုပိုင်းမှာ သံသယဝင်ဖွယ်ရာတွေ တွေ့တယ်ဆိုရင် ကျွမ်းကျင်တဲ့ဖုန်းပြင်ဆရာနဲ့ ပြဖို့အကြံပေးချင်ပါတယ်။

Source: Bright Side