စာဖတ်ခြင်းဟာ ကောင်းမွန်တဲ့ အလေ့အထတစ်ခုဆိုတာ လူတိုင်းလက်ခံထား ကြပါတယ်။ စာတွေထဲကနေ အသိပညာ ဗဟုသုတများစွာရရှိနိုင်သလို စာဖတ်ခြင်းဟာ ကွီးတို့ဘဝကို တိုးတက်ပြောင်းလဲအောင် လမ်းပြပေးနိုင်စွမ်းလည်း ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ရဲ့ နေ့ရက်တိုင်းမှာ စာဖတ်ခြင်းအလေ့အကျင့်ကို လုပ်ဆောင်ပေးခြင်းဖြင့် ရရှိလာနိုင်မယ့် ကောင်းကျိုးတွေကို မျှဝေပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ကျစေတယ်

Why You Should Read Every Day
Photo : DforDelhi

နေ့စဉ်ဘဝမှာ မရေမတွက်နိုင်တဲ့ စိတ်ဖိစီးစရာတွေ များစွာရှိပါတယ်။ စိတ်ဖိစီးမှုလျော့ချဖို့ နည်းလမ်းတွေအများကြီးကို ရှာဖွေနေကြပေမယ့် အလွယ်ကူဆုံးနဲ့ ကွီးတို့ရဲ့ လက်တကမ်းမှာရှိနေတဲ့ စိတ်ဖိစီးမှုလျော့ချပေးနိုင်မယ့် အရာတစ်ခုကိုတော့ မေ့နေတက်ကြပါတယ်။ ဒါကတော့ စာဖတ်ခြင်းပါပဲ။ စာဖတ်ခြင်းဟာ စိတ်ကိုငြိမ်သက်အေးချမ်းစေပြီး စိတ်ဖိစီးမှုတွေကို သက်သာစေဖို့ များစွာအထောက်အကူ ဖြစ်စေပါတယ်။

(၂) ဗဟုသုတများစွာရစေတယ်

Why You Should Read Every Day

Photo : Tech in Asia

စာအုပ်တွေဟာ အသိပညာဗဟုသုတများစွာပါဝင်တဲ့ ရသာစုံဟင်းပွဲကြီးတစ်ခုလို့ ပြောနိုင်ပါတယ်။ စာများများဖတ်လေ ကိုယ်မသိသေးတဲ့ အသိပညာ ဗဟုသုတများစွာကို သိရှိနိုင်လေဖြစ်ပါတယ်။ အသိပညာဗဟုသုတကြွယ်ဝခြင်းရဲ့ အကျိုးဆက်ကတော့ ဘဝမှာကြုံတွေ့ရမယ့် စိန်ခေါ်မှုတိုင်းကို ကောင်းစွာကိုင်တွယ်ဖြေရှင်းနိုင်စေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗဟုသုတများစွာပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းတွေကို နေ့စဉ်ဖတ်ရှု့လေ့လာသင့်တာပါ။

(၃) ဝေါဟာရ ကြွယ်ဝစေတယ်

Why You Should Read Every Day
Photo : Medium

စာများများဖတ်ခြင်းရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ဝေါဟာရ ကြွယ်ဝစေတာဖြစ်ပါတယ်။ သွက်သွက်လက်လက်နဲ့ စကားပြောကောင်းသူတွေဟာ စာဖတ်အားကောင်းကြသူတွေ ဖြစ်ပါတယ်။ စာဖတ်တဲ့အလေ့အကျင့်ဟာ စကားလုံးတွေနဲ့ ပိုမိုထိတွေ့ခွင့်ရစေတာကြောင့် ကွီးတို့ကို ဝေါဟာရ ကြွယ်ဝလာစေပြီး စကားပြောကောင်းသူတစ်ယောက်ဖြစ်လာစေမှာပါ။

(၃) စိတ်ကူးကောင်းတွေ ရစေတယ်

Why You Should Read Every Day
Photo : Prestige Hong Kong

စာများများဖတ်ခြင်းဟာ ကွီးတို့ကို စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်စွမ်းတွေတိုးတက်လာစေနိုင်သလို စိတ်ကူးကောင်း အတွေးအခေါ်သစ်တွေလည်း ရရှိနိုင်ပါသေးတယ်။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုလည်း တိုးတက်ကောင်းမွန်စေပြီး မှတ်ဉာဏ်စွမ်းအားတိုးမြှင့်ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

Featured Photo : Medium