ကားထဲက Charging Port တွေဟာ သွားရင်းလာရင်း စမတ်ဖုန်းအားသွင်းဖို့အတွက် သိပ်ကို အဆင်ပြေပါတယ်။ ဒါပေမယ့်လည်း ကားထဲမှာ ဖုန်းတွေ အားမသွင်းသင့်တဲ့အကြောင်းရင်းတွေလည်း ရှိကြပါတယ်။

why-you-should-stop-charging-your-phone-in-your-car

Photo: motorhills

ပထမတစ်ချက်က ကားထဲက USB Port က ဖုန်းတစ်လုံး အားသွင်းနိုင်အောင် တကယ်လိုအပ်တဲ့ လျှပ်စစ်အား မပေးနိုင်လို့ ဖြစ်ပါတယ်။ ဒီတော့ အားသွင်းထားတယ်ဆိုပေမယ့် ဖုန်းထဲမှာ အားက ဝင်တယ်ဆိုရုံလောက်ပဲ အားဝင်လို့ ဖြစ်ပါတယ်။ နာရီဝက် တစ်နာရီ အားသွင်းတာတောင် ကားထဲမှာ အားသွင်းတဲ့ဖုန်းဟာ သိပ်အားမဝင်တာ သတိထားမိကြမှာပါ။

ဒါကြောင့် ကား USB Port နဲ့ အားသွင်းမယ့်အစား Power Bank လေး ဆောင်သွားတာ အကောင်းဆုံးပါပဲ။ တကယ်လို့ ကားထဲက မီးခြစ်အဖြစ် သုံးနိုင်တဲ့ Cigarette Lighter Port သုံးပြီး အားသွင်းရင်လည်း Power များလွန်းနိုင်ပါတယ်။ ကားမော်ဒယ်သစ်တွေမှာတော့ စီးကရက်မီးခြစ် Port တွေ မပါတာ ရှိပါတယ်။

why-you-should-stop-charging-your-phone-in-your-car

Photo: krispitech

ဒါပေမယ့်လည်း ကားအများစုမှာ 12V ပါဝါ Socket ပါတဲ့ Cigarette Lighter Port တစ်ခု နှစ်ခု ပါတတ်ပါတယ်။ Chargers အများစုက 3 အမ်ပီယာ အထိပဲ သုံးထားပေမယ့် 12V Sockets အများစုက 10 amps အထိ supply ပေးနိုင်ပါတယ်။ Chargers တွေ ပျက်စီးနိုင်ပြီး ရုတ်တရပ်အပူလွန်ကဲတာ ၊ အတွင်းထဲက Components တွေ ပျက်စီးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်က ကားထဲမှာ ဖုန်းအားသွင်းတာက ကားဘက်ထရီကို ထိခိုက်နိုင်ပါတယ်။ မော်ဒယ်သစ်တွေဆို သိပ်ပြဿနာမရှိပေမယ့် ကားမော်ဒယ်‌ဟောင်းတွေမှာ ကားဘက်ထရီသက်တမ်းပါ ထိနိုင်ပါတယ်။ ဒါကြောင့် USB Port ကနေ ဖုန်းအားသွင်းတာတွေ ရှောင်ကြဉ်သင့်ပါတယ်။

Featured Photo : Digital Trends