သူတစ်ပါးနဲ့ မိမိကိုယ်ကိုယ် မနှိုင်းယှဉ်ရဘူးဆိုတာကို သင် မကြာခဏ ကြားဖူးနေပါလိမ့်မယ်။ ပြောတော့သာ လွယ်တာ တကယ်တမ်း အခြားသူတွေနဲ့ ကိုယ့်ကိုယ့်ကိုယ် မနှိုင်းယှဉ်မိဖို့က အင်မတန်ခက်ခဲပါတယ်။ ကျွန်တော်တို့ ကြီးပြင်းခဲ့ရတဲ့ ပတ်ဝန်းကျင်ကလည်း အမြဲတမ်း အခြားသူတွေနဲ့ အနှိုင်းယှဉ် ခံခဲ့ရပြီး ပြိုင်ဆိုင်ခံနေရတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

မိမိကိုယ်ကို အခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်းကြောင့် ဘယ်လိုအကျိုးဆက်တွေ ခံစားရမလဲ

tips for men to stop comparing themselves with others

မိမိကိုယ်ကို ယုံကြည်မှု အားနည်းလာခြင်း၊ အလဟဿ အချိန်ကုန် ငွေကုန်ခြင်း၊ မိမိရဲ့ပျော်ရွှင်မှုကို ပျက်စီးစေခြင်း၊ မိမိရဲ့စိတ် ပူလောင်နေရခြင်း စတဲ့ ဆိုးကျိုးများကိုသာ ခံစားရစေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းလာပြီဆိုရင် ဘယ်အရာပဲ လုပ်လုပ် အောင်မြင်မှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် မိမိကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်တတ်တဲ့လုပ်ရပ်ကို ရပ်တန်းက ရပ်လိုက်ပါ။

ထိုအပြုအမူများ ရပ်တန့်ဖို့အတွက် ဘယ်လိုကျင့်ကြံနေထိုင်ရမလဲ။

မိမိရောက်နေတဲ့နေရာကို ကြည်ကြည်ဖြူဖြူ လက်ခံပါ

tips for men to stop comparing themselves with others

ကိုယ်မျှော်မှန်းထားတဲ့နေရာကို မရောက်သေးလို့ ကိုယ့်ကိုယ့်ကိုယ် စိတ်ပျက်စရာမလိုပါဘူး။ သင့်ရဲ့ဘဝ သင့်ရဲ့ခရီးဖြစ်တဲ့အတွက်ကြောင့် အခြားသူတွေရဲ့ဘဝခရီးလမ်းနဲ့ တူညီမှာမဟုတ်ဘူးဆိုတာကို လက်ခံရပါမယ်။ ဒါပေမဲ့ မိမိရောက်နေတဲ့နေရာမှာပဲ အခြေကျနေရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အရောက်သွားပြီး အတိတ်က သင့်ရဲ့အရည်အချင်းနဲ့ လက်ရှိအချိန်က သင့်ရဲ့အရည်အချင်းကိုသာ နှိုင်းယှဉ်ရပါမယ်။

မိမိကိုယ်ကိုယ် မေးခွန်းပြန်မေးပါ

tips for men to stop comparing themselves with others

မိမိကိုယ်ကိုယ် အခြားသူတွေနဲ့ နှိုင်းယှဉ်မိနေပြီလို့ သတိထားမိတဲ့အခါ ဒီမေးခွန်းနှစ်ခုနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းပါ။ “လက်ရှိမှာ သင့်အတွက် အရေးကြီးဆုံးကဘာလဲ” “ငါ ဘာကို လိုချင်တာလဲ” စတဲ့ မေးခွန်းနှစ်မျိုးပဲဖြစ်ပါတယ်။ ဒီလိုမေးခြင်းအားဖြင့် အခြားသူထံရောက်နေတဲ့ သင့်ရဲ့အာရုံတွေကို ပြန်လည်ရုတ်သိမ်းလိုက်ပါ။

အခြားသူများသည်လည်း သင့်ထက် ပိုတော်ကြောင်းကို လက်ခံပါ

tips for men to stop comparing themselves with others

လူတိုင်း လူတိုင်းမှာ မတူညီတဲ့ ခွန်အားများ၊ အရည်အချင်းများ၊ မွေးရာပါ ပါရမီအသီးသီးရှိကြပါတယ်။ သင် ကျွမ်းကျင်ပိုင်နိုင်တဲ့အရာတစ်ခုကို အခြားသူတွေက လုပ်ဆောင်နိုင်မှာမဟုတ်သလိုပဲ သူတို့ ကျွမ်းကျင်တဲ့အရာကိုလည်း သင်သည် သူတို့ထက် သာလွန်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ ထိုအချက်ကို လက်ခံထားမယ်ဆိုရင် သင် ကိုယ်တိုင်လည်း လောင်မြိုက်နေမှာမဟုတ်တော့ပါဘူး။

အခြားသူတွေနဲ့ နှိုင်းယှဉ်မယ့်အစား ဒီအချက်တွေကို လုပ်ဆောင်ပါ

tips for men to stop comparing themselves with others

မိမိ တိုးတက်စေချင်တဲ့ အရည်အချင်းကို သေသေချာချာ သတ်မှတ်ထားပြီး ထိုအတွက် အချိန်ပေးပါ။ မိမိရဲ့အမှားတွေကနေ လေ့လာသင်ယူပါ။ အဆိုးမြင်စိတ်ကို ဖယ်ရှားပြီး အရာရာအတွက် အကောင်းမြင်စိတ်ကိုသာ မွေးမြူပါ။ သင့်ကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးမယ့် စံပြပုဂ္ဂိုလ် တစ်ယောက်ယောက်ကို ရှာဖွေပါ။ ထိုသူထံမှ လေ့လာသင်ယူပါ။

Source: Neelraman.com