ခရီးသွားခြင်းသည် လူသားတွေရဲ့စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနိုင်ပါတယ်။ လူသားတွေရဲ့နေ့စဉ်ဘဝက တစ်နေ့တစ်နေ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် ခရီးမသွားဖြစ်ဘူးဆိုရင်တောင်မှ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်ခန့် ခရီးသွားသင့်ပါတယ်။

ဒါမှ တစ်ရက်တစ်ရက် ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုများမှ ရုန်းထွက်နိုင်ပြီး စိတ်ခွန်းအားအသစ်များ ပြန်လည်သွန်းလောင်းနိုင်မှာဖြစ်ပါတယ်။ တောင်တန်းချစ်သူများကတော့ တောင်ပေါ်ဒေသများဆီ ခရီးသွားကြပြီး ပင်လယ်ကမ်းခြေနှစ်သက်သူများကတော့ ပင်လယ်ကမ်းခြေဆီ ခရီးထွက်ကြပါတယ်။

ဒီဆောင်းပါးလေးထဲမှာကတော့ ပင်လယ်ကမ်းခြေဆီ ခရီးသွားခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

သဘာဝနှင့် ထိတွေ့နိုင်ခြင်း

why travelling to the beach is good for men

ပင်လယ်ခရုခွံသေးသေးလေးများပဲ လိုက်ကောက်မလား။ ဒါမှမဟုတ် ရေလှိုင်းလေးများနဲ့ ပြေးလွှားဆော့ကစားချင်တာလား။ ပင်လယ်ကမ်းခြေနှင့် ထိတွေ့လိုက်ခြင်းက သဘာဝနှင့် ထိတွေ့လိုက်ခြင်းပါပဲ။ စိတ်ပင်ပန်းနွမ်းနယ်နေတာတွေအားလုံး ပြေပျောက်သွားပါလိမ့်မယ်။

ကမ်းခြေအားကစားများ ပြုလုပ်နိုင်ခြင်း

 

why travelling to the beach is good for men

ခရီးသွားခြင်းသည် လူသားတွေရဲ့စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနိုင်ပါတယ်။ လူသားတွေရဲ့နေ့စဉ်ဘဝက တစ်နေ့တစ်နေ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကြောင့် ခရီးမသွားဖြစ်ဘူးဆိုရင်တောင်မှ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ်ခန့် ခရီးသွားသင့်ပါတယ်။

ကမ်းခြေဘော်လီဘော ကစားချင်တာလား။ ရေအောက်အသက်ရှူပိုက်သုံးပြီး ရေအောက်ထဲမှာရှိတဲ့ ငါးများ၊ သန္တာကျောက်တန်းများရဲ့အလှအပကို ကြည့်ရှုနိုင်တာကတော့ ပင်လယ်ကမ်းခြေဆီ ခရီးဆန့်မှာပဲရမှာပါ။ ရေလွှာလျှောစီးခြင်း၊ မော်တော်ဘုတ်ဖြင့် ပင်လယ်ပြင်ပေါ် ပတ်မောင်းခြင်း အစရှိတဲ့ ကမ်းခြေအားကစားများကို တဝကြီး ပြုလုပ်နိုင်ပါတယ်။

ပင်လယ်စာများ မြည်းစမ်းနိုင်ခြင်း

why travelling to the beach is good for men

ကမ်းခြေဆီ အလည်သွားမှာ ပင်လယ်စာ စားနိုင်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ်းခြေမှာ ရရှိတဲ့ ပင်လယ်စာတွေကတော့ လတ်လတ်ဆတ်ဆတ်နဲ့ ပိုအရသာရှိတာတော့ အမှန်ပါပဲ။ ဒါ့ကြောင့် ကမ်းခြေဆီ ခရီးသွားတဲ့အခါ ပင်လယ်စာကို မမေ့မလျော့ မြည်းစမ်းသင့်ပါတယ်။

ပင်လယ်ကမ်းခြေရဲ့ညနေခင်း နေဝင်ဆည်းဆာအလှကို ကြည့်ရှုခံစားနိုင်ခြင်း

 

why travelling to the beach is good for men

ပင်လယ်ကမ်းခြေရဲ့ ညနေခင်း နေဝင်ဆည်းဆာအလှက ရင်သပ်ရှုမောဖွယ်ကောင်းလှပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူများအတွက်ကတော့ ထိုမြင်ကွင်းသည် အမိအရ ရိုက်ယူထားသင့်တဲ့ မြင်ကွင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

ပင်လယ်လေကို တဝကြီး ရှူရှိုက်နိုင်ခြင်း

why travelling to the beach is good for men

မြို့ကြီးပြကြီးတွေမှာ စက်ရုံ၊ အလုပ်ရုံကထွက်တဲ့ ဓာတုပစ္စည်းများ၊ ကားများ၊ ဆိုင်ကယ်များဆီကထွက်တဲ့ ဓာတ်ငွေ့များကြောင့် မသန့်ရှင်းတဲ့ လေကိုသာ နေ့စဉ်ရှူရှိုက်နေရတာဖြစ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ပြင်ဆီက တိုက်ခတ်လာတဲ့ လေနုအေးလေးများကတော့ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တာကြောင့် သင့်ကိုတောင် ပြန်လည်လန်းဆန်းလာအောင် ကူညီပေးနိုင်ပါတယ်။

ဒီတစ်ခါ ပင်လယ်ပြင်ကြီးဆီ အလည်ရောက်ရင်တော့ ပင်လယ်လေကြီးကို တဝကြီး ရှူရှိုက်ခဲ့ပြီး ပင်လယ်ကမ်းခြေက ပေးစွမ်းတဲ့ အနှစ်သာရကို အားရပါးရမြည်းစမ်းကြည့်ခဲ့ဖို့ အကြံပေးလိုက်ရပါတယ်။

Photo Source: Freepik.com

Source: Sunsetvacations.com