အကယ်၍ သင်တစ်ယောက်တည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူနေတယ်ထင်ရင်တော့ မှားပါလိမ့်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူရခြင်းဟာ အဖြစ်များပြီးတော့ စိတ်ကျေနပ်စရာမကောင်းတဲ့ အခြေအနေတစ်ခုပါ။ ဒီနေ့တော့ အရွယ်မတိုင်ခင် ဆံပင်ဖြူရတဲ့ အကြောင်းအရင်းကို ဆွေးနွေးပေးသွားမှာပါ။

ဗီတာမင် B12  ချို့တဲ့မှုကြောင့် ဖြစ်နိုင်တယ်

ကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်အရ ဗီတာမင် B12  ချို့တဲ့မှုဟာ အရွယ်မတိုင်ခင် ဆံပင်ဖြူရတဲ့ အဓိကအကြောင်းအရင်း ဖြစ်တယ်လို့ သိရပါတယ်။ ဆံပင်ပါးတာ၊ ဆံပင်ကျွတ်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီလိုတွေမဖြစ်ဖို့အတွက် ဗီတာမင် B12 ကြွယ်ဝတဲ့ ကြက်ဥ၊ အမဲသား၊ တူနာ၊ ဆာလ်မွန်ငါးတွေကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဗီတာမင် B12 ပါဝင်တဲ့ အားဖြည့်ဆေးကိုလည်း သောက်သုံးပေးလို့ရပါတယ်။

နာတာရှည် သိုင်းရွိက်ရောဂါ

လေ့လာမှုတွေအရ သိုင်းရွိက်ရောဂါဟာ ဆံသားမွေးညှင်းပေါက်မှာ သက်ရောက်မှုရှိစေတယ်လို့ သိရပါတယ်။ အကယ်၍ အရွယ်မတိုင်ခင် ဆံပင်ဖြူနေတာ (သို့) ဆံပင်ကျိုးလွယ်တာတွေဖြစ်နေရင်တော့ သိုင်းရွိက်ရောဂါ ကြောင့်ဖြစ်နိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေထက် အာဟာရပါဝင်မှုနည်းတဲ့ အစားအစာတွေ အစားများခြင်း

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ မစားခြင်းကလည်း ဆံပင်ဖြူစေပါတယ်။ လေ့လာမှုတွေအရ ferritin၊ ကယ်လ်စီယမ်၊ ဗီတာမင် D3၊ ကော်ပါး၊ ဇင့်၊ သံဓာတ်တွေက ဆံသားကို ကျန်းမာအောင် ထိန်းပေးနိုင်တယ်လို့ သိရပါတယ်။

စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုများခြင်း

အရွယ်မတိုင်ခင် ဆံပင်ဖြူရခြင်းဟာ စိတ်ဖိစီးမှုနဲ့လည်း သက်ဆိုင်နေတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ စိတ်ဖိစီးမှုများခြင်းက ဆံသားတွေအတွက် တာဝန်ရှိတဲ့ ပင်မဆဲလ်တွေမှာ သက်ရောက်မှုရှိပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူလာနိုင်တယ်လို့ သိရပါတယ်။

မျိုးရိုးလိုက်ခြင်း

ဟုတ်ပါတယ်။ အရွယ်မတိုင်ခင် ဆံပင်ဖြူတဲ့သူတွေက မိဘတွေနဲ့ အဘိုးအဘွားဆွေဆီက မျိုးရိုးလိုက်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အရွယ်မတိုင်ခင် ဆံပင်ဖြူတဲ့သူတွေက မိဘတွေနဲ့ အဘိုးအဘွားဆွေဆီက မျိုးရိုးလိုက်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့အဆိုအရ မျိုးရိုးဗီဇက ဆံပင် ဘယ်အချိန်ဖြူမလဲဆိုတာ ဆုံးဖြတ်တဲ့နေရာမှာ ကြီးမားတဲ့အခန်းကဏ္ဍမှာပါဝင်တယ်လို့ ဆိုပါတယ်။ သင့်မိသားစုမျိုးရိုးမှာ စောစောစီးစီး ဆံပင်ဖြူတဲ့သူရှိတယ်ဆိုရင် သင်လည်း အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ကြုံတွေ့ရနိုင်ပါတယ်။

Source: Bright Side