သွက်လက်တက်ကြွတဲ့ ယောကျာ်းတစ်ယောက်အဖြစ် နေ့ရက်တွေကိုဖြတ်သန်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်မိုးလင်းကနေမိုးချုပ် အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်ခြင်းတွေကို ခံစားနေရပြီဆိုရင် ခန္ဓာကိုယ်ကို ဂရုစိုက်ရတော့မယ့်အချိန်ကို ရောက်နေပါပြီ။
ဒါကရောဂါတစ်ခုရဲ့ ကနဦးလက္ခဏာတွေလားဆိုတဲ့ သံသယအတွေးကလည်း အချိန်ပြည့်နှိပ်စက်နေနိုင်ပါတယ်။ ဒီလို မောပန်းနွမ်းနယ်နေပြီဆိုရင် တစ်နေ့တာနေထိုင်မှုကို ပြန်လည်ဆန်းသစ်ကြည့်လိုက်ပါ။
နံနက်ခင်း

Photo : Freepik
တစ်နေ့တာအတွက် အရေးအကြီးဆုံးအချိန်ပဲဖြစ်ပါတယ်။ နံနက်ခင်းမှာအဆင်ပြေမှ တစ်နေ့ကုန်အတွက် စိတ်အေးရမှာပါ။ အိပ်ယာနိုးတာနဲ့ ကိုယ်လက်လေ့ကျင့်ခန်းကို မိနစ်(၂၀)ခန့် မဖြစ်မနေပြုလုပ်ပေးရပါမယ်။ ဒါအဓိကအချက်ပါပဲ။
နေ့လည်

Photo : Freepik
ဒီအချိန်ကတော့ လုပ်ငန်းခွင်မှာဖြစ်စေ၊ လမ်းခရီးမှာဖြစ်စေ တစ်နေ့တာအတွက် ခန္ဓာကိုယ်ရဲ့ အားအင်ကုန်ခမ်းချိန်ပဲဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်းမှာ နေ့ခင်း(၃)နာရီဆို ခဏတဖြုတ်အနားယူပြီး ကော်ဖီသောက်လေ့ရှိ ကြပါတယ်။ Teatime ပေ့ါ။
ဒီအချိန်မှာ မမေ့မလျော့ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုရှိပါတယ်။ ကော်ဖီမသောက်ခင် ရေတခွက်အရင်သောက်ဖို့ပါပဲ။ တစ်နေ့တာအတွက် နေ့ခင်း(၃)နာရီဆိုတဲ့အချိန်ဟာ ရေဓာတ်တွေ ကုန်ခမ်းသွားတဲ့အချိန်ပါပဲ။ ရေဓာတ်ကိုပြန်လည်မဖြည့်ဘူးဆိုရင် ခန္ဓာကိုယ်က မလွဲမသွေမောပန်းနွမ်းနယ်လာပါလိမ့်မယ်။
ညဘက်

Photo : Freepik
မိုးလင်းထဲကစတင်ခဲ့တဲ့ လုပ်ငန်းဆောင်တာတွေကို နိဂုံးချုပ်ရတော့မယ့်အချိန်ပဲဖြစ်ပါတယ်။ ည (၈) နာရီထိုးတာနဲ့ တစ်နေ့တာအတွက်အလုပ်တွေကို လက်စသတ်ပြီး အနားယူသင့်ပါတယ်။ မိသားစုနဲ့ဖြစ်စေ၊ မိတ်ဆွေ၊ အပေါင်းအသင်းနဲ့ဖြစ်စေ အနားယူလိုက်ခြင်းအားဖြင့် နောက်တစ်နေ့အတွက် အားအင်တွေကို ပြန်လည်မွေးဖွားနိုင်မှာပဲဖြစ်ပါတယ်။
