WiFi စံနှုန်းအနေနဲ့ လက်ရှိ Upgrade လုပ်ထားတာ WiFi-6 ပါ။ နောက်မျိုးဆက် WiFi 7 ကတော့ ဖန်တီးဆဲ အခြေအနေမှာ ရှိပြီး အရင်မျိုးဆက်တွေထက် ဆက်သွယ်မှု ပိုမြန်ဆန်လာပြီး ကြန့်ကြာမှု လျှော့ချတာ Connection ပိုင်းမှာ ပိုပြီး စီမံခန့်ခွဲနိုင်တာတွေ လုပ်နိုင်စွမ်း ရှိတော့မှာ ဖြစ်ပါတယ်။ သတ္တမမျိုးဆက် WiFi 7 ဆိုတာ ဘာလဲ ။ ဘယ်လို လုပ်ဆောင်ချက်တွေ ပါမလဲ ကြည့်လိုက်ရအောင်ပါ။
WiFi 7 ဟာ နာမည်ပေးထုံး Naming Convention အရဆို IEEE 802.11be ဖြစ်ပါတယ်။ WiFi 6 နဲ့ WiFi 5 တို့ကတော့ IEEE 802.11ax နဲ့ IEEE 802.11ac တို့ ဖြစ်ပါတယ်။ အရင်သတ်မှတ်ခဲ့တဲ့ စံတွေလိုပဲ WiFi 7မှာလည်း ဗားရှင်းဟောင်းတွေနဲ့ ချိတ်ဆက်ပြီး ဒေတာ ရယူနိုင်တာမျိုး လုပ်လို့ ရပါတယ်။ Features သစ်တွေနဲ့ သတ်မှတ်ထားတဲ့ WiFi Performance ရဖို့အတွက်ကတော့ ကိုယ့်သုံးနေတဲ့ Reuters နဲ့ Access Points စတဲ့ ထုတ်ကုန်ကို Upgrade လုပ်ဖို့ လိုမှာ ဖြစ်ပါတယ်။
Photo : STL Tech
WiFi 7 ဟာ WiFi 6 ၊ WiFi 6E တို့ထက် လေးဆအထိ ပိုမြန်မယ်လို့ ကတိပြုထားပါတယ်။ ချိတ်ဆက်မှု နဲ့ ဒေတာပို့ဆောင်မှု မြန်နှုန်း တက်လာသလို လိုင်းဆွဲအား ကြန့်ကြာမှု ၊ စနစ် တည်ငြိမ်မှု ၊ စွမ်းအင်အကျိုးရှိရှိ အသုံးချမှုပိုင်းလည်း ပိုကောင်းလာမှာပါ။ WiFi 7 ရဲ့ အဓိက အားသာချက်တွေကို ပြန်ပြောရရင် ပိုမြန်မယ် ၊ လိုင်းဆွဲအား ပိုစုံမယ် ၊ Low Latency Performance ပိုင်းမှာလည်း စိတ်ချရပါမယ်။
ဒီစွမ်းဆောင်မှုတွေအရ WiFi 7သစ်ဟာ ရုပ်ထွက်မြင့် High Quality Video တွေ ၊ Cloud Gaming ပိုင်း နဲ့ Low Latency အနိမ့်မှာ သတင်းအချက်အလက် ထုတ်လွှင့်မှု Throughput အမြင့်လိုတဲ့ AR / VR Apps တွေပါ မောင်းနှင်နိုင်တော့မှာပါ။ WiFi 7 ဟာ လိုင်းကျပ်တာနဲ့ ကြားဝင်နှောင့်ယှက်တာတွေ ဖြေရှင်းနိုင်သလို ဘေးအနီးအနား ကွန်ရက်တွေနဲ့ လိုင်းပူးတာတွေကို အကောင်းဆုံး ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။
WiFi 7ဟာ WiFi 6E လိုပဲ 2.4GHz ၊ 5 GHz နဲ့ 6GHz Bands ကြိမ်နှုန်း ၃ ခု သုံးထားပေမယ့် နှစ်ဆ ပိုမြန်မှာပါ။ WiFi 7 မှာ သုံးတဲ့ 2.4 GHz Bands မှာ တစ်ခုကို 20MHz ထွက်တဲ့ Channel ၁၁ ခု ၊ 5GHz Band မှာ Channel ၄၅ ခုပါပြီး Band Width ကတော့ 40MHz ဒါမှမဟုတ် 80MHz Channels တွေ ထွက်မှာပါ။ 6 GHz Band ဟာ Channels ၆၀ Support ပေးထားပြီး စုစုပေါင်း Channel တွေဟာ 320MHz Wide အထိ ထွက်ပါတယ်။ WiFi 6E မှာတော့ 160MHz Channel ၇ ခုပဲ ရှိတာ ဖြစ်ပါတယ်။ Channel တွေ ပိုပြီး ကျယ်ပြန့်လာတာကြောင့် ဒေတာပေးပို့မှုကလည်း ပိုပြီး မြင့်မားလာမှာပါ။
5G လိုပါပဲ။ WiFi 7ဟာ Gaming နဲ့ Live Streaming တွေ သုံးရာမှာ Latency လျှော့ချဖို့ ရည်ရွယ်ထားပါတယ်။ လိုင်းလုံးဝ မထစ်သလောက် ဖြစ်ဖို့ စီစဉ်ထားသလို ကြိမ်နှုန်း Bands နဲ့ Channel အမျိုးမျိုးကနေ တစ်ချိန်တည်းမှာ ဒေတာတွေ ပေးပို့ ရယူတာလုပ်နိုင်တဲ့ Multi-Link Operation လည်း ပါလာလို့ အနီးနားက ထုတ်ကုန်တွေကြောင့် လိုင်းကြပ်ချိန်မှာတောင် ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်မှာပါ။
WiFi 7 မှာ Spatial Streams ၁၆ ခုအထိ ရှိလာပြီး သီအိုရီအရ ဒေတာကို 46Gbps နှုန်းအထိ အမြင့်ဆုံး ပေးပို့နိုင်မယ်လို့ Intel က ခန့်မှန်းတွက်ချက်ထားပါတယ်။ ဒါဟာ 9Gbps အထိပဲ ထွက်တဲ့ WiFi 6 ထက် ၅ ဆကျော် ပိုမြန်လာတာ ဖြစ်ပါတယ်။ WiFi 7အတွက် Protocol ကို လာမယ့် ၂၀၂၃ ၊ ၂၀၂၄ မှာ အပြီးသတ်ဖို့ ရှိပါတယ်။ ဈေးကွက်ထဲကိုတော့ ၂၀၂၅/ ၂၀၂၆ လောက်မှာမှ ဝင်ရောက်မယ်လို့လည်း မျှော်လင့်ရပါတယ်။
Featured Photo : BGR India