မန်ယူတိုက်စစ်မှူး လူကာကူဟာ စီးရီးအေကလပ် အင်တာမီလန်ဆီပြောင်းရွှေ့ကစားဖို့ အသင်းနဲ့ သဘောတူညီမူရရှိခဲ့ပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ပြောင်းရွှေ့ကြေး အနေနဲ့ ပေါင် ၇၅ သန်းရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

Source: Bong da

အဆိုပါ အသက် ၂၆ နှစ်အရွယ် ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ နည်းပြ ဆိုးရှားလက်အောက်မှာ နေရာမရတဲ့အတွက်ကြောင့် မပျော်မရွှင်ဖြစ်နေတာပါ။ လူကာကူဟာ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းကျော် ရနေပေမဲ့ လာမဲ့ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်လွဲချော်ခဲ့တဲ့ မန်ယူအသင်းက တစ်ပတ်လုပ်ခ ပေါင် ၄ သောင်းကျော် ဖြတ်ချဖို့ စီစဉ်နေတာပါ။ လူကာကူဟာ လစာအဖြတ်ခံရမဲ့ မန်ယူအသင်းမှာ ဆက်လက် ကစားချင်စိတ်မရှိတာကြောင့် အခုလိုအသင်းပြောင်းဖို့ စီစဉ်ရတာဖြစ်ကြောင်း သိရပါတယ်။

Source: Jersey Evening Post

လူကာကူဟာ ၂၀၁၇ တုန်းက အဲဗာတန် အသင်းကနေ မန်ယူအသင်းဆီကို ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။ အစောပိုင်းနှစ်တွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမဲ့ နည်းပြဆိုးရှားလက်ထက်မှာ ကစားခွင့် ပျောက်ဆုံးနေတာပါ။

Australasia မှာ ၆ ရက်ကြာ သွားရောက်ကစားမဲ့ ပွဲစဉ်တွေမှာလည်း လူကာကူ ပါဝင်ဖို့ မသေချာဘူးလို့ပြောထားပါတယ်။ အဆိုပါကစားသမားဟာ မန်ယူအသင်းမှာ ကစားခဲ့တဲ့ နှနှစ်သာကာလအတွင်း ပွဲပေါင်း ၉၆ ပွဲကစားပေးထားပြီးတော့ ၄၂ ဂိုးထိ သွင်းယူပေးထားပါတယ်။

ဘယ်လ်ဂျီယံ အသင်းနည်းပြ Roberto Martinez ကတော့ လူကာကူကို အခွင့်အရေးပို့ရမဲ့ အသင်းကို ပြောင်းရွှေ့ဖို့ တိုက်တွန်းထားပါတယ်။ အင်တာမီလန်နည်းပြ ဖြစ်လာတဲ့ ကွန်တီကတော့ လူကာကူကို အရခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ သူဟာ ချဲလ်ဆီးအသင်းမှာ ရှိစဉ်ကတည်းက လူကာကူကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ဖူးပါတယ်။

Source: Sfidanti Sporive

လူကာကူရဲ့ အပြောင်းအရွှေ့ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။