မန်ချက်စတာယူနိုက်တတ်ကစားသမား ပေါ့ဘာဟာ လာမဲ့ဘောလုံးရာသီမှာ အသင်းကနေထွက်ခွာဖို့ ဆန္ဒရှိကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပြင်သစ်လက်ရွေးစင်ကစားသမားကို ရီးရဲမက်ဒရစ်နဲ့ ဂျူဗီတပ် အသင်းတို့က ဝယ်ယူဖို့ ပြင်ဆင်နေတာပါ။

Source: Mirror

ပေါ့ဘာဟာ မန်ယူနဲ့ စာချုပ်သက်တမ်း နှစ်နှစ်ခန့်ကျန်သေးပြီးတော့ စာချုပ်ကုန်သွားရင်လည်း (၁၂) လ သက်တမ်းတိုး ချုပ်ဆိုခွင့်ပါရှိသေးတာကြောင့် အသင်းကခွင့်မပြုရင် ထွက်ခွာဖို့ မလွယ်ဘူးလို့ ဆိုရမှာပါ။

ပေါ့ဘာကတော့ စိန်ခေါ်မှုအသစ်တွေအတွက် အသင်းကနေ ထွက်ခွာလိုကြောင်း ပြောဆိုထားပါတယ်။

ဒါပေမဲ့ အသင်းမန်နေဂျာ ဆိုလ်းရှားကတော့ အသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ ပေါ့ဘာကို အသင်းမှာဆက်ရှိစေချင်နေတာပါ။

‘ ကျနော့အတွက်ကတော့ မန်ယူမှာ သုံးနှစ်တာ ဖြတ်သန်းခဲ့ရတဲ့အတောအတွင်းမှာ ကောင်းတာတွေ ရှိသလို၊ ဆိုးတာတွေလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဘောလုံးရာသီအပြီးမှာတော့ တခြားတစ်နေရာမှာ စိန်ခေါ်မှုအသစ်တွေအတွက် သွားရောက်ကစားချင်တယ်’ လို့ အဆိုပါပြင်သစ်ကစားသမားက ပြောခဲ့ပါတယ်။

Source: Premier League

ရီးရဲနည်းပြ ဇီဒန်းကတော့ အသင်းပြန်လည်တည်ဆောက်ရေးအတွက် ပေါ့ဘာကို အလိုရှိနေတာပါ။ ချဲလ်ဆီးကစားသမား ဟာဇက်ကို ခေါ်ယူခဲ့ပြီးနောက် ပေါ့ဘာကိုပါ ခေါ်ယူနိုင်မယ်လို့ အဆိုပါနည်းပြက ယုံကြည်နေတာပါ။ ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ပေါ့ဘာကို ဝယ်ချင်တယ်ဆိုရင် အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ ဘေးလ်၊ ကိုဗာဆစ်တို့ကို ရောင်းချရဖွယ်ရှိနေပါတယ်။

ယူနိုက်တတ်ကတော့ ပေါ့ဘာကိုသာ ပြောင်းရွှေ့ခွင့်ပေးခဲ့မယ်ဆိုရင် ပြောင်းရွေ့ကြေးအနေနဲ့ ယူရို သန်း ၁၃၀ ခန့် အလိုရှိနေတာပါ။ ယူနိုက်တတ်က ပေါ့ဘာပြောင်းရွေ့သွားခဲ့ရင် အစားထိုးဖို့အတွက် မိုနာကို ကစားသမား ယူရီနဲ့ စပါးကစားသမား အဲ့ရစ်ဆင်တို့ကို ခေါ်ယူဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ ဆိုးရှားကတော့ လက်စတာ ကွင်းလယ်တိုက်စစ် ကစားသမား ဂျိန်းမက်ဒီဆန်ကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။

Source: Daily Star

ဒါပေမဲ့ အသင်းပြန်လည်တည်ဆောက်တဲ့နေရာမှာ အဓိက ကစားသမားအဖြစ်ပါဝင်နေတဲ့ ပေါ့ဘာကို ပြောင်းရွေ့ခွင့်ပေးလိုက်မယ်ဆိုရင်တော့ ဆိုးရှားအတွက် ခေါင်းခဲစရာတခုဖြစ်လာနိုင်ဖွယ်ရှိပါတယ်။