ဆန်းချက်ဟာ အာဆင်နယ်အသင်းကနေ မန်ယူအသင်းဆီကို (၂၀၁၈) ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့တာပါ။ ဆန်းချက်ဟာ အာဆင်နယ် အသင်းမှာ ရှိစဉ်က ခြေစွမ်းပြကစားနိုင်ခဲ့ပေမဲ့ မန်ယူအသင်းကို ရောက်ရှိလာပြီးနောက် ခြေစွမ်း ကျဆင်းလာခဲ့ပါတယ်။

မော်ရင်ဟို၊ ဆိုးရှားတို့ရဲ့ လက်ထက်မှာ ပွဲထွက်ခွင့် အလွန်နည်းပါးခဲ့တဲ့အတွက်ကြောင့် ခြေစွမ်းပြခွင့်မရခဲ့တာလည်း ပါပါတယ်။ ပါဝင်ကစားရတဲ့ပွဲအရေအတွက်နည်းခြင်း၊ အသင်းနဲ့လည်း အံဝွင်ခွင်ကျ မရှိခြင်းတို့ကြောင့် ဆန်းချက်ဟာ မန်ယူအသင်းမှာ အရံခုံတွင်သာ အချိန်ကုန်နေရတာပါ။

Source: Squawka

မန်ယူအတွက် ပွဲပေါင်း (၄၅) ပွဲ ကစားပေးထားပြီးတော့ (၅) ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အထိ ခြေစွမ်းတွေ ဆိုးရွားနေခဲ့ပါတယ်။ လစာငွေ ပမာဏ များစွာပေးပြီးခေါ်ယူထားပေမဲ့ ခြေစွမ်းမပြနိုင်တဲ့ အဆိုပါကစားသမားကို နည်းပြဆိုးရှားက ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဆန်းချက်က မိခင်နိုင်ငံအသင်းဖြစ်တဲ့ ချီလီအသင်းနဲ့အတူ 2019 Copa America ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ အဆိုပါ ချီလီကစားသမားဟာ မန်ယူအသင်းမှာ ခြေစွမ်းကျဆင်းနေပေမဲ့ နိုင်ငံအသင်းအတွက် ခြေစွမ်းပြကစားထားနိုင်တာကို တွေ့ရပါတယ်။

ဇွန် ၁၈ ရက်နေ့မနက်ပိုင်းက ကစားခဲ့တဲ့ ချီလီအသင်းက အာရှထိပ်သီး ဂျပန်အသင်းကို (၄-၀) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဆန်းချက်က တစ်ဂိုးသွင်းယူခဲ့ပြီး အသင်းဖော်အတွက် တစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။ ချီလီအသင်း နောက်ထပ်ပွဲစဉ်တွေဖြစ်တဲ့ ဥရုဂွေး (၂၂.၀၆.၂၀၁၉)၊ အီကွေဒေါ အသင်းနဲ့ (၂၅.၀၆.၂၀၁၉) ရက်နေ့မှာ ဆက်လက် ကစားရဦးမှာပါ။

Source: acento.com.do

ဆန်းချက်ဟာ ချီလီအသင်းအတွက် ပွဲပေါင်း (၁၂၅) ပွဲထိကစားပေးထားပြီးတော့ (၄၂) ဂိုးထိသွင်းယူထားပါတယ်။

မန်ယူအသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ဆန်းချက် ချီလီအသင်းနဲ့အတူ 2019 Copa America ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမှာပါ။