ဝီလ်စမစ်နဲ့တော့ မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ အကျော်ကြားဆုံး ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး‌ အောင်မြင်တဲ့ဘဝလမ်းကြောင်းပေါ်က လူတစ်ယောက်လို့ ပြောရင် လုံလောက်မယ်လို့ ထင်ပါတယ်။ ဝီလ်စမစ်ရဲ့ Men In Black ၊ Bad Boys ၊ Independence Day ၊ Seven Pounds ၊ iRobot နဲ့ The Pursuit of Happyness တို့ဆိုရင် အတော်များများ ကြည့်ဖူးကြမှာပါ။ အခုပြောမှာကတော့ ဝီလ်စမစ်လို လူတော်တစ်ယောက်ရဲ့ အမြင်နဲ့ ပြောစကားတစ်ချို့ ဖြစ်ပါတယ်။ ဝီလ်စမစ်လို့ ဖြစ်လာစေတဲ့ နောက်ကွယ်က ခံယူချက်လို့လည်း ပြောနိုင်ပါတယ်။

Photo: BBC

(၁) အတော်ဆုံးဖြစ်ဖို့ ရည်မှန်းပါ

“ငါ့အလုပ်က ဘာပဲ ဖြစ်ဖြစ် ဒီနေရာကို ပိုပြီး ကြီးမားတဲ့အကြောင်းပြချက်တစ်ခုနဲ့ ရောက်ချင်တယ်။ ရှင်သန်ခဲ့သူတွေထဲက အတော်တကာ့အတော်ဆုံးလိုမျိုး ဖြစ်ဖို့ ကြိုးစားတယ်။”

(၂) အလုပ်ကြိုးစားပါ

“ကျွန်တော်တော်တဲ့အပိုင်းကို ပြောပါဆိုရင် ကိုးရိုးကားယားနိုင်ပြီး လန့်လောက်တဲ့ အလုပ်လုပ်မှု ကျင့်ဝတ်ပါပဲ။ ခင်ဗျားသိလား။ တခြားသူတစ်ယောက် အိပ်နေချိန်မှာတောင် ကျွန်တော်က အလုပ်လုပ်နေတုန်းပဲဆိုတာ”

(၃) အရေးကြီးဆုံး ဘဝသင်ခန်းစာတွေကို ကျောင်းမှာ မသင်ခဲ့ရဘူး

“ကျွန်တော့်အတွက် တန်ဖိုးအရှိဆုံးအရာတွေကို ကျောင်းမှာ သင်ခဲ့တာ မဟုတ်ဘူး”

Photo: Metro

(၄) တရားသေမမှတ်နဲ့

“လက်တွေ့ပဲ ကြည့်ခြင်းက သာမန်ထက် မထူးတဲ့ ဘဝကို သွားတဲ့ အများသုံး လမ်းရိုးကြီးပဲ”

(၅) သူများတွေ အထင်ကြီးဖို့ မကြိုးစားပါနဲ့

” ကိုယ်သဘောမကျတဲ့လူတွေ အထင်ကြီးတာ ခံရဖို့ ကိုယ့်မရှာနိုင်အောင် များတဲ့ ငွေကို ကိုယ်မလိုချင်တဲ့ အရာတွေကို ဝယ်ဖို့ သုံးကြတယ်။”