အမေရိကန်သရုပ်ဆောင် Will Smith ရဲ့ The Pursuit of Happyness လိုဇာတ်ကားတွေနဲ့ စာဖတ်ပရိသတ်တွေရဲ့ဘဝမှာ စိတ်ဓာတ်ခွန်းအားများစွာရခဲ့ကြဖူးမယ်ထင်ပါတယ်။ Will Smith ဟာ ကျောင်းဘုတ်အဖွဲ့အုပ်ချုပ်ရေးမှူး မိခင်ဖြစ်သူနဲ့ ရေခဲသေတ္တာပြုပြင်သူ ဖခင်တို့မှမွေးဖွားလာတဲ့ သာမာန်လူတန်းစားတစ်ဦးဖြစ်ခဲ့ပါတယ်။ သူ့ဘဝမှာ အခက်အခဲအတားအဆီးတွေများစွာကို ကျော်ဖြတ်ပြီး လက်ရှိအအောင်မြင်ဆုံး ကမ္ဘာကျော်သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်နိုင်ခဲ့တဲ့ ဘဝအတွေ့အကြုံတွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ စည်းမျဉ်းတွေကို မျှဝေခဲ့ပါတယ်။ ဘာတွေလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။

(၁) အာရုံစိုက်ပါ

Source : Voice of America

Smith ဟာ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ သူ သရုပ်ဆောင်တဲ့ ဇာတ်ကားတွေမှာ ပိုကောင်းသထက်ကောင်းအောင်သရုပ်ဆောင်ဖို့ကိုပဲ ပြင်းပြင်းထန်ထန် အာရုံစိုက်ထားတဲ့အတွက် ယနေ့မှာ အခုလိုအောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာတာပါလို့ဆိုပါတယ်။ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် ကိုယ်တကယ့်ဆန္ဒပြင်းပြတဲ့ လမ်းကြောင်းတစ်ခုတည်းကိုပဲ နှလုံးသားတွေ တီထွင်ဖန်တီးမှုတွေ ဖြစ်တည်မှုတွေအားလုံးနှင့်အတူ ပြင်းပြစွာအာရုံစိုက်လုပ်ဆောင်ဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။

(၂) တိုးတက်အောင်လုပ်ပါ

Source : Philstar.com

ဘဝတိုးတက်အောင်ပြုလုပ်ခြင်းဆိုတဲ့ အယူအဆက သူ့ဘဝတစ်လျောက်လုပ်ဆောင်ခဲ့သမျှ အရာတွေထဲမှာ အဓိကသော့ချက်တစ်ခုပဲလို့ Smith ကဆိုပါတယ်။ ဘဝကိုတိုးတက်ပြောင်းလဲအောင်လုပ်တဲ့နည်းက ကိုယ့်ကိုယ်ကို အမြဲတိုးတက်အောင်ပြုလုပ်နေခြင်းပဲလို့ ပြောထားပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း မိမိရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပြီး မိမိကိုယ့်ကိုတိုးတက်ပြောင်းလဲအောင်ပြုလုပ်ရင်သေချာပေါက် အောင်မြင်မှုရစေမှာဖြစ်တယ်လို့ လမ်းညွှန်ထားပါတယ်။

(၃) ငွေနောက်လိုက်ခြင်းကိုရှောင်ပါ

Source : FHH Journal

Smith ဟာသူဖြတ်သန်းခဲ့တဲ့ ဘဝတလျောက်မှာ ငွေကြေးနဲ့ပတ်သတ်ပြီး မှားယွင်းတဲ့ အယူအဆတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လူတွေက သူတို့ချစ်မြတ်နိုးတဲ့အလုပ်တွေကိုလုပ်ကြတယ် အဲ့ဒီသူတို့ချစ်တဲ့အရာတွေကနေပဲ ငွေရှာနိုင်ကြတာကို သိပြီးတဲ့နောက် သူ့ရဲ့ ဘဝခံယူချက်တွေကိုပြောင်းလဲခဲ့ပြီး ငွေနောက်လိုက်ခြင်းထက် သူတကယ်ချစ်မြတ်နိုးတဲ့အလုပ်ကိုပဲ လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Smith ကအောင်မြင်ချင်ရင် ငွေရဖို့ထက် ကိုယ်တကယ်ချစ်မြတ်နိုးတဲ့အလုပ်ကိုပဲ ရွေးချယ်ဖို့ အကြံပြုထားပါတယ်။

(၄) ရယ်မောပါ

Source : Variety

Smith ဟာခေါင်းဆောင်မင်းသာနေရာက သရုပ်ဆောင်ရမယ့် ရုပ်ရှင်ဇာတ်ကားအတွက် ပြင်ဆင်နေချိန်မှာ ကံဆိုးစွာပဲ သူရဲ့ဖခင်ဟာ သေလုမြောပါးရောဂါဝေဒနာတစ်ခုကြောင့် အချိန် ၆ ပတ် သာအသက်ရှင်နေခွင့်ရတော့မယ်လို့ ဆရာဝန်တွေက အသိပေးလာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ဖခင်ဟာ (၆) ပတ်ထက်ပိုပြီး (၄) လ တိတိအသက်ရှင်နေထိုင်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင် ရယ်မောခြင်းကြောင့်ပါလို့ Smith ကပြောပါတယ်။ အဆိုးဆုံးအရာတွေကိုတောင်မှ လက်ခံပြီးရယ်မောလိုက်မယ်ဆိုရင် ဘဝမှာ ပိုကောင်းတဲ့အခြေအနေတစ်ခုကိုပြောင်းလဲသွားနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်ဘဝအတွက် အောင်မြင်ဖို့ကြိုးစာရာမှာ ဘယ်လောက်ပဲအခက်အခဲတွေနဲ့ကြုံပါစေ ရယ်မောခြင်းနဲ့ ကျော်ဖြတ်ဖို့ Smith ကအကြံပြုထားပါတယ်။