ရန်ကုန်မြို့တခွင်က ထိုင်လို့ကောင်းတဲ့ Restaurants တွေ Bar တွေအကြောင်း စုစည်းတင်ဆက်ပေးနေတဲ့ “ရသာ ဆန်းထူး ကွီး Review” အစီအစဉ်လေးကနေ ပြန်လည်ကြိုဆို လိုက်ပါတယ်ခင်ဗျာ။ ဒီတစ်ခေါက်တော့ ကျွန်တော် တို့ စမ်းချောင်းဘက်ရောက်ရင် အမြဲထိုင်ဖြစ်တဲ့ ဘော်ဒါတွေရဲ့ဆုံမှတ် ဆိုင်လေးတစ်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါ တယ်။

 

ဒီဆိုင်လေးက အားလုံးနဲ့လည်း ရင်းနှီးပြီးသား ဖြစ်တဲ့ စမ်းချောင်းလမ်းထဲက BBQ အကင်တွေနဲ့ နာမည်ကြီးတဲ့ Win Star Restaurant ဆိုင်လေး ဖြစ်ပါတယ်။ ဒီဆိုင်လေးက ဆိုင်နေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ အေးအေးဆေး ဆေးရှိသလို အစားအသောက်ကောင်းတွေလည်း တစ်နေရာတည်းမှာ စုံစုံလင်လင်ရတော့ ဘော်ဒါတွေဆုံတိုင်း အမြဲထိုင်ဖြစ်တဲ့ ဆိုင်လေးတစ်ဆိုင်ဆိုလည်း မမှားဘူး။

 

ဆိုင်ပုံစံ အပြင်အဆင်က အပေါ်အောက် ၂ ထပ်ရှိတယ်။ နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တောင့် သက်သာထိုင် လို့ ရအောင် အပေါ်ထပ်နဲ့ အောက်ထပ် Table ဝိုင်းတွေ စီစဉ်ပေးထားတယ်။ အောက်ထပ်မှာ Table ဝိုင်း ၂၀ နဲ့ အပေါ်ထပ်မှာလည်း Table ဝိုင်း ၂၀ ရှိတာဆိုတော့ အောက်ထပ်မှာဘဲ လွတ်လွတ်လပ်လပ် ထိုင်မလား ၊ အပေါ် ထပ်မှာဘဲ အေးအေးဆေးဆေး Chill မလား စိတ်ကြိုက်ရွေးလို့ရတယ်။ နောက်ပြီး ဒီဆိုင်မှာက သန့်ရှင်းသပ်ရပ်မှုနဲ့ Service ပိုင်းကို တော်တော်လေး အလေးထားတာ တွေ့ရတယ်။ ဖော်ရွေတဲ့ ဝန်ထမ်းတွေနဲ့ Customer တွေ စိတ် တိုင်းကျ အကောင်းဆုံးဝန်ဆောင်မှုပေးတာကတော့ ဒီဆိုင်ရဲ့ ထူးခြားချက်လို့ဘဲ ပြောရမယ်။

 

နောက်ထပ် ဒီဆိုင်ရဲ့ ထူးခြားတာတစ်ခုက အစားအသောက်ပိုင်း။ ဆိုင်စဖွင့်တဲ့ အချိန်ကနေ ဒီနေ့အထိ အစားအ သောက်တွေရဲ့ Quality နဲ့ အရသာပိုင်းကို တော်တော်လေး ထိန်းထားနိုင်တယ်။ ဟင်းပွဲအမျိုးပေါင်းလည်း တော် တော်လေးကို စုံစုံလင်လင်ရပြီး မြန်မာပါးစပ်နဲ့ အစပ်အဟပ်တည့်တဲ့ အရသာမျိုး ဂရုတစိုက် ပြင်ဆင်ပေးထားတာ တွေ့ ရတယ်။ Win Star ဆိုင်ရဲ့ လူကြိုက်အများဆုံးနဲ့ အထင်ကရ အစားအစာတစ်ခုကတော့ BBQ အကင်တွေပဲ။ ဒီ ဆိုင်ရဲ့ အကင်တွေက နာမည်ကြီးလောက်အောင်လည်း သန့်ရှင်းလတ်ဆတ်ပြီး အသား ၊ ငါး ၊ ပင်လယ်စာနဲ့ အသီးအရွက် အကင်တွေ ရွေးချယ်စရာ တော်တော်လေးစုံတယ်။

သူ့ရဲ့အကင်တွေက မီးသွေးမီးနဲ့ အပူချိန်ကို သေချာလေးချိန်ညှိပြီး ကင်ပေးထားတာဆိုတော့ မီးခိုးနံ့ ခပ်သင်းသင်း နဲ့ အရသာ တော်တော်လေး ကောင်းတယ်။ ဝက်ဂုတ်သားကင် ၊ အူချိုကင် ၊ အပ်မှို ဘေကွန်လိပ် ၊ ကြက်တောင်ပံ ကင် ၊ ဆိတ်ဆာတေး ၊ နှစ်တစ်ရာသီး ၊ ပန်းပွင့်စိမ်း ၊ အာလူးကင် နဲ့ တခြား ဘီယာနဲ့ မြည်းလို့ အလိုက်ဖက်ဆုံး အမယ်စုံတဲ့ အကင်တွေရတယ်။ BBQ အကင်နဲ့ တွဲစားရတဲ့ မန်ကျည်းအချဉ်လေးကလည်း အကင်ရဲ့အရသာကို ပိုပြီး ထူးကဲလေးနက်သွားစေတယ်။ အကင်နဲ့ တွဲစားဖို့ပေးတဲ့ ငါးပိဆော့စ်ရဲ့ အရသာကလည်း တကယ်ကို ထိထိ မိမိနဲ့ ခံတွင်းတွေ့စေတယ်။  ဆိုတော့ BBQ အကင်တွေက ဒီဆိုင်ကိုရောက်ရင် မဖြစ်မနေ မြည်းစမ်းကြည့်ရမယ့် Menu တစ်ခုပါပဲ။

 

နောက်ထပ် ဒီဆိုင်ရောက်ရင် မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ Signature Dish တွေလည်း တစ်ခါတည်းပြော ပြပေးချင်ပါတယ်။ ပထမဆုံး နာမည်ကြီးတဲ့ Signature ဟင်းပွဲက ငါးသံပုရာပေါင်း (Steamed Fish with Lime)။ ငါးသံပုရာပေါင်း ဟင်းပွဲအတွက် ကကတစ်ငါးကို သုံးပေးထားတယ်။ ငါးကိုနူးအိပြီး အသားထဲအထိ အရသာဝင် အောင် သေချာလေးနှပ်ပြီး ပေါင်းထားတယ်။ ငါးပေါင်းရဲ့အပေါ်ကနေ စမ်းပေးထားတဲ့ Green Sauce လေးက ချဉ်ငံစပ်အရသာနဲ့ တကယ်ကို ထိမိတယ်။ အစပ်စားနိုင်တဲ့သူအတွက် ဒီဆိုင်ရဲ့ အထူးစပရှယ် ဆော့စ် လေးနဲ့ တွဲဖက်စားလိုက်မယ်ဆိုရင် အစပ်အရသာလေးပိုတိုးပြီး လုံးဝခံတွင်းမြိန်စေမှာ အသေအချာပါပဲ။

 

နောက်ထပ် Signature ဟင်းပွဲတစ်ခုကတော့ သေချာအချိန်ပေးပြီး နူးအိနေအောင်ပေါင်းထားတဲ့ ဝက်စတူး (Pork Stew) ဟင်းပွဲ။ ဝက်စတူးဟင်းပွဲကလည်း ဒီဆိုင်မှာ တော်တော်လေး လူကြိုက်များတဲ့ Menu တစ်ခုလို့ ပြောလို့ ရတယ်။ ဒီဟင်းပွဲရဲ့ ထူးခြားချက်က လုံးဝမအီဘဲ အသားက နူးနူးအိအိလေးနဲ့ စားကောင်းတဲ့အပြင်ကိုမှ ဟင်းပွဲ မှာပါတဲ့ အချိုရည်လေးကို ထမင်းပူပူလေးပေါ်စမ်းပြီး စားလိုက်မယ်ဆိုရင် Chinese Dinner အငွေ့အသက်လေး ကို အပြည့်အဝ ခံစားရစေမှာပါ။ နောက်ထပ်ထူးခြားတဲ့ လူကြိုက်အများဆုံး Signature ဟင်းပွဲကတော့ ငါးရှဉ့် ခြောက်စပ် (Crispy Dry Eel)။ ဘီယာနဲ့ မြည်းမြည်းနဲ့ အပြင်းနဲ့ပဲ မြည်းမြည်း တော်တော်လေး လိုက်ဖက်မှု ရှိတယ်။  အစပ်အရသာလေး ပိုကဲပြီး ကြွပ်ကြွပ်ယွယွနဲ့ တကယ်ကို စားလို့ကောင်းတဲ့ ငါးရှဉ့်ခြောက်စပ်ဟင်းပွဲ လေးကိုလည်း ဒီဆိုင်ရောက်ရင် မဖြစ်မနေ မြည်းစမ်းကြည့်သင့်ပါတယ်။

 

ဒီဆိုင်မှာ တခြား Chinese စတိုင် ဟင်းပွဲတွေ ၊ ထိုင်းစတိုင် ချဉ်ငံစပ် ဟင်းပွဲတွေနဲ့ မြည်းလို့ကောင်းတဲ့ အကြော် ၊ အလှော် ၊ အထောင်း အရသာရှိတဲ့ ဟင်းပွဲတွေ စုံစုံလင်လင်ရသေးတာဆိုတော့ အစားအသောက် ချစ်သူတွေအ တွက်ကတော့ လုံးဝကွက်တိပါပဲ။ သောက်စရာတွေမှာဆိုရင်လည်း စည်ဘီယာ အမျိုးအစား စုံစုံလင်လင်ရတယ်။ တခြားဆိုင်တွေနဲ့မတူတဲ့ ဒီဆိုင်ရဲ့ ထူးခြားချက်တစ်ခုက ဘီယာတင်မဟုတ်ဘဲ ခွက်တွေပါ အေးစိမ့်နေအောင် သေချာလေး ဂရုစိုက်ထားတာပါ။ ဆိုတော့ ဘီယာမှာမယ်ဆိုရင် အေးအေးစိမ့်စိမ့်လေးနဲ့ လတ်ဆတ်တဲ့ ဘီယာ ရဲ့အရသာကို စီးမြောခံစားနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် ပုလင်းဘီယာအစုံ ၊ အရက်အစုံ ၊ အရသာဆန်းတဲ့ ကော့လ်တေးတွေနဲ့ Fresh Juice တွေလည်း အမယ်စုံရသေးတယ်။

 

ဒီဆိုင်လေးကို အားလုံးခြုံပြီးပြောရမယ်ဆိုရင် ဆိုင်နေရာကျယ်ကျယ်ဝန်းဝန်းနဲ့ အေးအေးဆေးဆေး ၊ သက်တောင့် သက်သာထိုင်လို့ရတယ်။ ဝါရင့်စားဖိုမှူးတွေရဲ့လက်ရာ စပယ်ရှယ် ဟင်းလျာတွေ ၊ သန့်ရှင်လတ်ဆတ်ပြီး အရသာ ကောင်းတဲ့ ဟင်းပွဲတွေ အစုံရတယ်။ ဈေးလည်းအရမ်းမကြီးဘဲ ပေးရတဲ့ဈေးနဲ့တန်တဲ့ အရသာကိုရတယ်။ သောက် စရာတွေထဲမှာဆိုရင်လည်း အပြင်း ၊ အပျော့ ရွေးချယ်စရာ အမျိုးအစားစုံတဲ့ အဖျော်ယမကာတွေနဲ့ အယ်လ်ကို ဟော မပါတဲ့ Fresh Juice တွေလည်း အစုံရတယ်။ ဖော်ရွေပြီးကျွမ်းကျင်တဲ့ ဝန်ထမ်းတွေရဲ့ Customer Service ကတော်တော်လေး စိတ်ကျေနပ်မှု ရစေတယ်။ Payment ကိုလည်း ငွေသား ၊ Kpay နှစ်သက်ရာနဲ့ ရှင်းလို့ရအောင် စီစဉ်ပေးထားတဲ့ အပြင် Kpay နဲ့ ရှင်းမယ်ဆိုရင်  Percentage လည်းထည့်ပေါင်းပေးစရာမလိုတော့ တော်တော် လေး အဆင်ပြေတယ်။

 

Kpay ကတော့ လောလောဆယ် Win Star ၊ Sky Win နဲ့ Lion House by Win ဆိုင်ခွဲတွေမှာဘဲ ပေးချေလို့ ရသေး တယ်။ ဒါ့အပြင် Lion House by Win ဆိုင်ခွဲမှာဆို unplugged music night လေးတွေလည်း Wednesday နဲ့ Sunday အပတ်စဉ်ထည့်ပေးထားပါကြောင်းလည်း သိရပါတယ်ဗျ။ဝင်းစားတော်ဆက်ရဲ့ ဆိုင်ခွဲတွေက အများကြီးရှိတာဆိုတော့ ကိုယ်နဲ့နီးစပ်တဲ့ မြို့နယ်က ဆိုင်တွေမှာရွေး ပြီး ထိုင်လို့ရတာပေါ့။ ဆိုင်ခွဲလိပ်စာတွေကိုတော့ ဝင်းစားတော်ဆက်မြေပုံလေးနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။

WinRestaurant_Shoplist

ကဲဒါဆို ဘော်ဒါတွေနဲ့ အရသာကောင်းတဲ့ အစားအသောက်တွေ မြည်းစမ်းရင်း အေးအေးဆေးဆေးဆိုင် ထိုင်ချင် တယ်ဆိုရင်တော့ အမှတ် (၁၇ ၊ ၁၈ ၊ ၁၉ ၊ ၂၀ ) စမ်းချောင်းလမ်း ၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ Win Star ဆိုင်လေး ကို သွားရောက်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ။