ရာသီပေါ် လိုက်ပြီး အဝတ်အစားအရောင်တွေ ပြောင်း‌ပေးခြင်းဟာ ကိုယ့်ရဲ့ ဖက်ရှင်ပုံရိပ်ကောင်းမွန်ဖို့ အထောက်အကူဖြစ်ပါတယ်။ မကြာခင်မှာ ဆောင်းရာသီ ရောက်တော့မှာ ဖြစ်လို့ ဆောင်းရောက်ရင် ဘယ်လို ကာလာတွေ ဝတ်သင့်သလဲဆိုတာ သိအောင် မျှဝေပေးချင်ပါတယ်။

“အရောင်ရင့်ရင့် တောက်တောက်ကာလာတွေဟာ ဆောင်းဦးပေါက်ရာသီနဲ့ အလိုက်ဖက်ဆုံးပဲ”လို့ John Lewis အမျိုးသားဝတ် Stylist ဖြစ်သူ ပရောမစ်ဘက်ကဲရားက ပြောပါတယ်။ “ဥပမာ- နွေရာသီမှာ သင်အကြိုက်ဆုံးအရောင်က အနီ ဖြစ်မယ်ဆိုရင် နီညိုကြက်သွေးကို ပြောင်းဝတ်လို့ ရပါတယ်။”

Photo: Askmen’

ဆောင်းတွင်းခရစ္စမတ်ပွဲတွေနဲ့ အခမ်းအနားတွေမှာ စမတ်ကျကျ ဝတ်မယ်ဆိုရင် အစိမ်းရင့်ရောင် ဒါမှမဟုတ် နီညိုရင့်ကာလာ Suit တွေ ဝတ်နိုင်ပါတယ်။ ဆောင်းဦး‌ပေါက်ကာလတွေမှာ လိမ္မော်ဖျော့နဲ့ အညိုရောင်တွေ ဝတ်နိုင်ပါတယ်။ ‌မီးခိုးမှိုင်းနဲ့ အနက်ရောင်တွေကလည်း ဆောင်းရာသီနဲ့ လိုက်ဖက်တဲ့ အရောင်တွေ ဖြစ်ပါတယ်။

ပွဲလမ်းသဘင်သွားဖို့ မဟုတ်ဘဲ သပ်သပ်ရပ်ရပ် Smart Casual ဝတ်ချင်တယ်ဆိုရင် အပြာလွင် ဒါမှမဟုတ် နက်ပြာရင့်ကာလာတွေ ဝတ်နိုင်ပါတယ်။ ‌ဆောင်းတွင်း ဖြစ်လို့ Sweatshirts တစ်ထည် ၊ ချည် Trousers ဘောင်းဘီနဲ့ Sneaker တစ်ရံ ဝတ်ဆင်သွားသင့်ပါတယ်။ အညိုရင့်နဲ့ အဝါရောင်အပေါ်ထပ် အင်္ကျီမျိုးလည်း ဝတ်နိုင်ပါတယ်။

Photo : He Spoke Style

တကယ်လို့ အရောင်တောက်တာတွေ မကြိုက်ရင်တော့ ကုလားအုတ်သားရေရောင် အဝါခြောက် ကာလာမျိုး ဝတ်နိုင်ပါတယ်။ ဒါမှမဟုတ် Charcoal Gray လို့ ခေါ်တဲ့ မီးသွေးမီးခိုးမှိုင်းကာလာမျိုး ဝတ်လို့ ရပါတယ်။ အောက်မှာ ဝတ်မယ့် ဘောင်းဘီဟာ ကာကီညိုကာလာ ဖြစ်ရင် ပိုပြီး အဆင်ပြေပါတယ်။