အဆိုရင် ဆောင်းရာသီဝင်လာပြီဆိုပေမဲ့ ရာသီဥတုကပူမြဲပူနေတော့ ကျွန်တော်တို့အနေနဲ့ ဆောင်းရာသီရောက်လို့ရောက်မှန်းတောင် သတိမရ ဖြစ်နေတတ်ပါတယ်။ ဒါမဲ့ ကျွန်တော်တို့ရဲ့Skin Conditions တွေကတော့ မမေ့မလျော့ရေဓာတ်ခမ်းခြောက်ပြီး ကြမ်းတမ်းလာတတ်ပါတယ်။ မယုံရင် ကွီးတို့ မျက်နှာအသားရေကို ကိုင်ကြည့်လိုက်ပါ။ ခြောက်ကပ်ကပ်နဲ့ပုံမှန်ထပ်ကြမ်းနေတာသတိပြုမိပြီဆိုရင်တော့ ကွီးတို့အသားရေကို စိတ်ပျိုကိုယ်နုဖြစ်အောင် ဘယ်လိုထိန်းသိမ်းရမလဲ အဖြေရှာကြည့်သင့်ပါပြီ။
နောက် ၁ဝ နှစ်မှာ ရွယ်တူအပေါင်းသင်းတွေနဲ့တွေ့တိုင်း၊ မှန်ကြည့်မိတိုင်း နုပျိုလန်းဆန်းနေစေဖို့ အချိန်ကုန်သက်သာပြီး လွယ်ကူရိုးရှင်းတဲ့ ဆောင်းရာသီအသားအရေထိန်းသိမ်း နည်းလေးတွေကို မျှဝေးပေးလိုက်ပါတယ်။
(၁) ရေများများသောက်ပါ

Photo : Business Insider
ရေအသက်တစ်မနက်ဆိုတဲ့ စကားအတိုင်းပဲ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ရေဓာတ်နဲ့အဓိကဖွဲ့စည်းထားလို့ ရေဓာတ်ပြည့်ဝနေမှ ကျန်းမာလန်းဆန်းနိုင်မှာပါ။ ရေဆာမှ သောက်တာမျိုးထပ် တစ်နာရီခြားတစ်ခါ သတိတရ ရေသောက်ပေးခြင်းမျိုးက ကျန်းမာရေးအတွက်သာမက ကုန်ကျစရိတ်အနည်းဆုံး အသားရေထိန်းသိမ်းနည်းတစ်ခုဆိုလည်း မမှားပါဘူး။
(၂) မကြာခဏ ရေချိုးခြင်းကိုရှောင်ပါ

Photo : The Mirror
ဒီအချက်ကတော့ ရေချိုးပျင်းတဲ့ ကွီးတို့အတွက် သတင်းကောင်းပါပဲ။ ဟုတ်ပါတယ် ခဏခဏ ရေချိုးခြင်းက အသားရေအတွက်ကောင်းတဲ့အချက်လို့ထင်ရင် အကြီးကြီးမှားပါပြီ။ ဘာလို့ဆို ခန္ဓာကိုယ်အရေပြားတွင်းရှိ သဘာဝအဆီဓာတ်တွေဟာ အသားရေစိုပြေစေဖို့ အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်နေပါတယ်။ ရေချိုးချိန်ကြာမြင့်ခြင်း၊ Chemical ပါဝင်မှုပြင်းတဲ့ ဆပ်ပြာသုံးခြင်းတို့ဟာ ထိုအဆီဓာတ်တွေကိုဆုံးရှုံးစေပြီး အသားရေမွဲခြောက်ကြမ်းတမ်းစေနိုင်လို့ပါပဲ။
(၃) မျက်နှာသစ်ဆေးကို ပြောင်းသုံးပေးပါ

Photo : Crello
ပုံမှန်အချိန်တွေမှာ အသားရေပြသနာတွေအတွက် အထူးထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို သုံးပေးခြင်းက သင့်တော်ပါတယ်။ ဥပမာ- ဝက်ခြံပြသနာအတွက် Salicylic acid ပါတာမျိုးသုံးခြင်းပါ။ သို့ပေမဲ့ ဆောင်းတွင်းရောက်လာရင်တော့ Hyaluronic acid ကဲ့သို့ ရေဓာတ်ဖြည့် Ingredients တွေ အဓိကထည့်သွင်းထုတ်လုပ်ထားတဲ့ Cleanser မျိုးပြောင်းသုံးပေးခြင်းက အထူးသင့်တော်ပါတယ်။
(၄) Moisturizer မှန်မှန်လိမ်းပေးပါ

Photo : The Independent
ကျွန်တော်တို့အမျိုးသားတွေအနေနဲ့ အသားရေထိန်းသိမ်းရာမှာ မရှိမဖြစ်လုပ်ပေးရမဲ့ moisturizer လိမ်းခြင်း Step တစ်ခုကိုတော့ သေချာလုပ်ပေးသင့်ပါတယ်။ ပုံမှန်အချိန်ထပ် ဆောင်းတွင်းမှာ မမေ့မလျော့နေ့တိုင်းလိမ်းပေးမယ်ဆိုရင် အသားရေမွဲခြောက်မှုဒဏ်ဆိုတာဘာလဲမေးရလောက်အောင် စိုပြေကြည်လင်နေလို့ မှန်ကြည့်တိုင်း ကိုယ့်ကိုယ်ကိုကျေးဇူးတင်နေမိမှာပါ။
Featured Photo : StyleBistro
