ဝံပုလွေတက်တူးများသည် တိရစ္ဆာန်တက်တူး ထိုးချင်တဲ့ တက်တူးချစ်သူယောကျာ်းများအတွက် ရေပန်းစားတဲ့ တက်တူးတစ်ခုပဲဖြစ်ပါတယ်။ စွမ်းအားကြီးခြင်း၊ အံ့သြဖွယ်အတိပြီးခြင်း အစရှိတဲ့ အဓိပ္ပာယ်များအပြင် အခြားသော အဓိပ္ပာယ်များလည်း ပါဝင်နေပါသေးတယ်။

ခြင်္သေ့တက်တူးလိုမျိုးပဲ ဝံပုလွေခေါင်းပုံတက်တူးသည်လည်း သင့်ရဲ့ ပုခုံး၊ လက်မောင်း၊ ရင်အုပ်၊ ကျောကုန်း (သို့) လက်ဖျံ အစရှိတဲ့ ခန္ဓာကိုယ်ရဲ့မည်သည့်နေရာမှာမဆို ရေးထိုးနိုင်ပါတယ်။

သင် ရေးထိုးတဲ့ ဒီဇိုင်းပေါ် မူတည်ပြီး ဝံပုလွေတက်တူးဒီဇိုင်းကို အခြားသော တက်တူးဒီဇိုင်းများနှင့်လည်း ယှဉ်တွဲကာ ရေးထိုးနိုင်ပါတယ်။ များသောအားဖြင့် ဝံပုလွေတက်တူးများသည် သစ္စာရှိခြင်း၊ စည်းလုံးခြင်း၊ မိသားစုအား အလေးထားဂရုစိုက်ခြင်းတို့ကို အဓိက ကိုယ်စားပြုပါတယ်။ အယ်လ်ဖာမျိုးစိတ် ဝံပုလွေတက်တူးကျပြန်တော့ ခေါင်းဆောင်ကောင်း ပီသခြင်း၊ မိမိနောက်လိုက်ငယ်သားများအား ကာကွယ်ပေးခြင်း အစရှိတဲ့ အဓိပ္ပာယ်ကို ကိုယ်စားပြုပါတယ်။

ဝံပုလွေပုံတက်တူးကိုမှ ဒီဇိုင်းအမျိုးမျိုးထွင်ကာ တက်တူးရေးထိုးချင်တဲ့ တက်တူးချစ်သူယောကျာ်းများအတွက် အမိုက်စားတက်တူးဒီဇိုင်းများကို ဝေမျှပေးလိုက်ရပါတယ်။

ရင်အုပ်ပေါ်မှာ ရေးထိုးနိုင်တဲ့ ဝံပုလွေတက်တူးအကြီးစား

Wolf Tattoos for Men

စူးရှတဲ့အကြည့် ပိုင်ဆိုင်ထားတဲ့ ဝံပုလွေခေါင်းပုံတက်တူး

Wolf Tattoos for Men

အကြည့်များက အသက်ပါနေတဲ့အတွက်ကြောင့် ဝံပုလွေအစစ်လားလို့တောင်အောက်မေ့ရတဲ့ တက်တူးဒီဇိုင်း

Wolf Tattoos for Men

အနုစိတ်တဲ့ ဒီဇိုင်းများဖြင့် ပုံဖော်ထားတဲ့ ဝံပုလွေပုံတက်တူး

Wolf Tattoos for Men

ရိုးရာဒီဇိုင်းနဲ့ ရောယှက်ကာ ပုံဖော်ထားတဲ့ တက်တူးဒီဇိုင်း

Wolf Tattoos for Men

လက်မောင်းကြွက်သား ကြီးသူများအတွက် ရေးထိုးနိုင်တဲ့ အမိုက်စား တက်တူးဒီဇိုင်း

Wolf Tattoos for Men

မတူညီတဲ့ ဒီဇိုင်းနှစ်မျိုးကို လှပအောင်ပုံဖော်ထားတဲ့ တက်တူးဒီဇိုင်း

Wolf Tattoos for Men

အရိုးခေါင်းနှင့် ဝံပုလွေပုံတက်တူးအရောအနှော

Wolf Tattoos for Men

မင်အနက်နဲ့ တက်တူးထိုးရတာ ငြီးငွေ့နေသူများအတွက် ကာလာစုံဝံပုလွေတက်တူး

Wolf Tattoos for Men

ခန္ဓာကိုယ်အပြည့် တက်တူးရေးထိုးချင်သူများအတွက် နောက်ဆုံးပေါ်ဒီဇိုင်း

Wolf Tattoos for Men

ရိုးရှင်းတဲ့တက်တူးဒီဇိုင်း

Wolf Tattoos for Men

ထောင့်ချိုးများနဲ့ အချိုးကျကျပုံဖော်ထားတဲ့ ဝံပုလွေခေါင်းပုံတက်တူး

Wolf Tattoos for Men

လက်မောင်းအပြည့် ရေးထိုးနိုင်တဲ့ တက်တူးဒီဇိုင်း

Wolf Tattoos for Men

တက်တူးပညာရှင်ရဲ့ ကျွမ်းကျင်မှုကို အထင်းသားမြင်နေရတဲ့ လှပသော တက်တူးဒီဇိုင်း

Wolf Tattoos for Men

ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေ

Wolf Tattoos for Men

လူရိုင်းခေါင်းဆောင်းဖြင့် အထာကျနေတဲ့ ဝံပုလွေပုံတက်တူး

Wolf Tattoos for Men

အရိုးခေါင်းကို ဝါးမြိုနေတဲ့ ဝံပုလွေပုံတက်တူး

Wolf Tattoos for Men

လည်ပင်းမှာ ရေးထိုးနိုင်တဲ့ ဝံပုလွေတက်တူး

Wolf Tattoos for Men

သင်ရော ဝံပုလွေပုံတက်တူးကို ခန္ဓာကိုယ်ရဲ့ဘယ်နေရာအစိတ်အပိုင်းမှာ ရေးထိုးဖို့ စိတ်ကူးထားပါသလဲ။

Source: Menshairstylesnow.com

Featured Image Source: DIY Crafts