ဒီတစ္ပတ္ၾကားရက္မွာေတာ့ ေဘာလုံးပြဲေတြ ဆက္တုိက္ကစားသြားဦးမွာျဖစ္လုိ႔ ကြ်န္ေတာ္တို႔ေတြတေတြ အိပ္ေရးပ်က္ရဦးမယ္ဗ်ာ။ ဒါေပမယ့္ ကြီးေတြလည္း သတိထားမိၾကမယ္ထင္ပါတယ္။ မေန႔က ကစားသြားတဲ႔ အာဆင္နယ္နဲ႔ နယူးကာဆဲလ္ပြဲက ၁ နာရီခြဲမွာ ကစားခဲ႔တာကုိေလ။ ဒါကေတာ့ ေဘာလုံးရာသီတစ္ခုတုိင္း ဧၿပီလကုိ ေရာက္လာၿပီဆုိရင္ ၂ နာရီမွာ ကစားေနက်ပြဲေတြကုိ ၁ နာရီခန္႔ ေစာၿပီးက်င္းပတတ္တဲ႔ အေလ့အထေၾကာင့္ပါ။ ဒါေၾကာင့္မုိ႔ ေဘာပြဲၿပီး အရင္ကလို ေနာက္က်မွ အိပ္စရာမလုိေတာ့ဘူးေပါ့။ ကဲဒါဆုိရင္ ဝုလ္ဗ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္ပြဲအေၾကာင္းေလး ဆက္ေျပာပါမယ္။

Photo Credit : CharityStars

ဒီႏွစ္သင္းက မၾကာေသးခင္ကမွ ေတြ႕ထားတာကုိ ကြီးေတြမွတ္မိမွာပါေနာ္။ အဲ႔ဒီပြဲတုန္းကေတာ့ ဝုလ္ဗ္က ယူႏုိက္တက္အသည္းကုိခြဲၿပီး အက္ေအဖလားပြဲကေန ဖယ္ရွားခဲ႔တာပါ။ ဒါကုိ ယူႏုိက္တက္တုိ႔ ျပန္ကလဲ႔စားေခ်ခ်င္မွာ ေသခ်ာပါတယ္။ လက္ရွိမွာ ဝုလ္ဗ္က ေနာက္ဆုံးပရီးမီးယားလိဂ္ ၅ ပြဲမွာ ၁ ပြဲပဲ အႏုိင္ရထားၿပီးေတာ့ ေနာက္ဆုံးကစားထားတဲ႔ ဘန္ေလနဲ႔ပြဲကုိလည္း ဂုိးျပတ္႐ႈံးထားခဲ႔ပါတယ္။ ဒါေပမယ့္ အဲ႔ဒီ ၅ ပြဲမွာ ဝုလ္ဗ္က သူအႏုိင္ရခဲ႔တဲ႔ပြဲကလဲြၿပီး က်န္တဲ႔ပြဲေတြကုိ အေဝးကြင္းမွာ ကစားခဲ႔ရတာျဖစ္ပါတယ္။

Photo Credit : Sky Sports

ယူႏုိက္တက္ကေတာ့ ႏုိင္ငံတကာပြဲေတြအၿပီး ျပန္ကစားရတဲ႔ ပရီးမီးယားလိဂ္ပြဲမွာ ဝက္ဖုိဒ့္ကုိ ကပ္ႏုိင္ခဲ႔ပါတယ္။ ဒီပြဲမွာ ယူႏုိက္တက္ကစားသြားတာ စိတ္ပ်က္စရာေကာင္းေနပါတယ္။ ဒီလုိေျခနဲ႔ေတာ့ ဝုလ္ဗ္ကုိ ရင္ဆုိင္လုိ႔မရပါဘူး။ ဒါေပမယ့္ အခုပြဲစဥ္မွာ ယူႏုိက္တက္အတြက္ လူကာကူ ျပန္လည္ကစားေပးႏုိင္တာေၾကာင့္ လူျပန္စုံလာႏုိင္သလုိ လာမယ့္ Weekend မွာကလည္း ကစားရမယ့္ပြဲမရွိေနလုိ႔ ဒီပြဲကုိ မီးကုန္ယမ္းကုန္ ကစားလာႏုိင္ပါတယ္။

Photo Credit : Sky Sports

ဒီတစ္ပတ္ၾကားရက္မွာ ခ်ယ္လ္ဆီးက ဘရုိက္တန္နဲ႔ စပါးက ခရစၥတယ္ပဲေလ့စ္နဲ႔ ၂ သင္းလုံး အိမ္ကြင္းေတြမွာပဲ ကစားရမွာျဖစ္လုိ႔ ရလဒ္ေကာင္းေတြ ရယူႏုိင္တာကုိ ယူႏုိက္တက္တုိ႔ သတိထားရပါမယ္။ အခုက ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ တစ္ခ်က္မွကုိ အမွားခံလုိ႔မရတဲ႔ အေျခအေနလည္း ျဖစ္ေနတာမိ႔ု ယူႏုိက္တက္တုိ႔ ဒီပြဲကုိ အမွတ္ေလ်ာ့ခံမွာမဟုတ္ပါဘူး။ အက္ေအဖလား႐ႈံးေၾကြးကုိ အေဝးကြင္းမွာ ယူႏုိက္တက္တုိ႔ ကပ္အႏုိင္ယူၿပီး ျပန္ဆပ္သြားမယ္လုိ႔ ထင္ျမင္မိပါတယ္။

(Unicode)

ဒီတစ်ပတ်ကြားရက်မှာတော့ ဘောလုံးပွဲတွေ ဆက်တိုက်ကစားသွားဦးမှာဖြစ်လို့ ကျွန်တော်တို့တွေတတွေ အိပ်ရေးပျက်ရဦးမယ်ဗျာ။ ဒါပေမယ့် ကွီးတွေလည်း သတိထားမိကြမယ်ထင်ပါတယ်။ မနေ့က ကစားသွားတဲ့ အာဆင်နယ်နဲ့ နယူးကာဆဲလ်ပွဲက ၁နာရီခွဲမှာ ကစားခဲ့တာကိုလေ။ ဒါကတော့ ဘောလုံးရာသီတစ်ခုတိုင်း ဧပြီလကို ရောက်လာပြီဆိုရင် ၂နာရီမှာ ကစားနေကြပွဲတွေကို ၁နာရီခန့် စောပြီးကျင်းပတတ်တဲ့ အလေ့အထကြောင့်ပါ။ ဒါကြောင့်မို့ ဘောပွဲပြီး အရင်ကလည်း နောက်ကျမှ အိပ်စရာမလိုတော့ဘူးပေါ့။ ကဲဒါဆိုရင် ဝုလ်ဗ်နဲ့ မန်ချက်စတာယူနိုက်တက်ပွဲအကြောင်းလေး ဆက်ပြောပါမယ်။

Photo Credit : CharityStars

ဒီနှစ်သင်းက မကြာသေးခင်ကမှ တွေ့ထားတာကို ကွီးတွေမှတ်မိမှာပါနော်။ အဲ့ဒီပွဲတုန်းကတော့ ဝုလ်ဗ်က ယူနိုက်တက်အသည်းကိုခွဲပြီး အက်အေဖလားပွဲကနေ ဖယ်ရှားခဲ့တာပါ။ ဒါကို ယူနိုက်တက်တို့ ပြန်ကလဲ့စားချေချင်မှာ သေချာပါတယ်။ လက်ရှိမှာ ဝုလ်ဗ်က နောက်ဆုံးပရီးမီးယားလိဂ် ၅ပွဲမှာ ၁ပွဲပဲ အနိုင်ရထားပြီးတော့ နောက်ဆုံးကစားထားတဲ့ ဘန်လေနဲ့ပွဲကိုလည်း ဂိုးပြတ်ရှုံးထားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ၅ပွဲမှာ ဝုလ်ဗ်က သူအနိုင်ရခဲ့တဲ့ပွဲကလွဲပြီး ကျန်တဲ့ပွဲတွေကို အဝေးကွင်းမှာ ကစားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Sky Sports

ယူနိုက်တက်ကတော့ နိုင်ငံတကာပွဲတွေအပြီး ပြန်ကစားရတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဝက်ဖိုဒ့်ကို ကပ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ကစားသွားတာ စိတ်ပျက်စရာကောင်းနေပါတယ်။ ဒီလိုခြေနဲ့တော့ ဝုလ်ဗ်ကို ရင်ဆိုင်လို့မရပါဘူး။ ဒါပေမယ့် အခုပွဲစဉ်မှာ ယူနိုက်တက်အတွက် လူကာကူ ပြန်လည်ကစားပေးနိုင်တာကြောင့် လူပြန်စုံလာနိုင်သလို လာမယ့် Weekend မှာကလည်း ကစားရမယ့်ပွဲမရှိနေလို့ ဒီပွဲကို မီးကုန်ယမ်းကုန် ကစားလာနိုင်ပါတယ်။

Photo Credit : Sky Sports

ဒီတစ်ပတ်ကြားရက်မှာ ချယ်လ်ဆီးက ဘရိုက်တန်နဲ့ စပါးက ခရစ္စတယ်ပဲလေ့စ်နဲ့ ၂သင်းလုံး အိမ်ကွင်းတွေမှာပဲ ကစားရမှာဖြစ်လို့ ရလဒ်ကောင်းတွေ ရယူနိုင်တာကို ယူနိုက်တက်တို့ သတိထားရပါမယ်။ အခုက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တစ်ချက်မှကို အမှားခံလို့မရတဲ့ အခြေအနေလည်း ဖြစ်နေတာမို့ ယူနိုက်တက်တို့ ဒီပွဲကို အမှတ်လျော့ခံမှာမဟုတ်ပါဘူး။ အက်အေဖလားရှုံးကြွေးကို အဝေးကွင်းမှာ ယူနိုက်တက်တို့ ကပ်အနိုင်ယူပြီး ပြန်ဆပ်သွားမယ်လို့ ထင်မြင်မိပါတယ်။