အမျိုးသမီးတွေဟာ ဆွဲဆောင်မှု သိပ်မရှိတဲ့ ယောင်္ကျားတွေနဲ့ဆို ပိုပြီး ပျော်ရွှင်ရတတ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ဆန့်ကျင်ဘက်ပြောမယ်ဆို သိပ်ချောလွန်း ဆွဲဆောင်မှုရှိလွန်းတဲ့ ယောင်္ကျားတွေကို ရထားတဲ့ အမျိုးသမီးတွေအဖို့ သိပ်တော့ ပျော်ရမှာ မဟုတ်ပါဘူး။
ဘာကြောင့် ဆွဲဆောင်မှုပိုနည်းတဲ့ ယောင်္ကျားတွေက မိန်းကလေးတွေအကြိုက်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ Bright Side မှာ ပြောထားတဲ့အတိုင်း ပြောပြချင်ပါတယ်။

Photo:Bright Side
နံပါတ်တစ်က မိန်းကလေးတွေအနေနဲ့ ကိုယ့် Skin အတွက် ပိုပြီး သက်တောင့်သက်သာ ရှိလို့ပါတဲ့။ ရှင်းပါမယ်။ ကိုယ့်ထက် ဆွဲဆောင်မှုရှိတဲ့ ရည်းစားသနာကို ရထားတဲ့ အမျိုးသမီးတွေဟာ စားချင်တာ မစားရဲတော့ဘဲ လှအောင်ပဲ Diet လုပ်စားရတာပါ။ အနည်းဆုံးတော့ ကိုယ့်ဘဲက သိပ်ခမ်းနားလွန်းနေရင် ကိုယ်လည်း အပြစ်အနာမရှိအောင် စားရနေရတာနဲ့တင် စိတ်ကျဉ်းကြပ်ပြီး Depression ဝင်နိုင်ပါတယ်။
ဒီဘဲတွေနဲ့ ရည်းစားဖြစ်ရတာ ကျန်တာထက် သူတို့ရှေ့မှာ ဘာမှ အထူးတလည် သိပ်ပြီး နေပြစားပြစရာ မလိုတာပါပဲ။ သိပ်ကို သက်တောင့်သက်သာရှိလို့ သူတို့နဲ့ တွေ့ရတာ ကိုယ့်အိမ်ကို ပြန်ရောက်နေတဲ့အတိုင်း ခံစားရတတ်လို့ ဖြစ်ပါတယ်တဲ့။ ရုပ်သိပ်မစားတဲ့ အမျိုးသားတွေမှာလည်း သူ့ဟာနဲ့သူ Skill တွေတော့ ရှိကြတာပါပဲ။ အတွေ့များတာက ဟာသပြောတတ်တယ် ၊ ခင်စရာကောင်းတယ်။ ဒါကလည်း တစ်ဖက်ကကြည့်ရင်တော့ Attraction ပဲပေါ့။
နောက်တစ်ချက်က သိပ်မဖြောင့်တဲ့ ဘဲတွေက ကိုယ့်မျက်နှာကို တစ်ရွာထင်နေတဲ့ မမြင်ဖူး မူးမြစ်ထင် သမားတွေဖြစ်လို့ပါတဲ့။ ဒါလည်း ဟုတ်နိုင်ပါတယ်။ ကိုယ့်ဘော်ဒါတွေထဲမှာကို ကောင်မလေးတစ်ယောက်ကို နှစ်ရှည်လများ အသေကြွေနေတဲ့ လူတွေကို ကြည့်လိုက်ရင် ရုပ်က သူလိုကိုယ်လို ရွက်ကြမ်းရေကျိုက အများသား။ ထားပါ။ အနည်းဆုံးတော့ ရုပ်သိပ်မစားတဲ့ ဘဲက သူချစ်တဲ့ကောင်မလေးအတွက် သိပ်ကို Ro တဲ့နည်းနဲ့ ချဉ်းကပ်တတ်တယ်လို့ ယူဆလိုက်ရအောင်ပါ။

Photo:Bright Side
တတိယအချက် – ခြံခုန်ဖို့ သိပ်အခြေအနေမရှိတာကြောင့်။ နဂိုကတည်းက ဒီတစ်ယောက်တောင် အနိုင်နိုင် လိုက်ပိုးထားရတာကိုး။ချစ်သမျှကို ဆိုပြီး ဒီကောင်မလေးပေါ်ကိုပဲ အာရုံအပြည့်ထားတတ်တဲ့အမျိုး ။ နောက်တစ်ချက်က မိန်းကလေးတွေ ပိုသဘောတွေ့တဲ့အချက်ပါ။ ဒီလို တစ်ဖက်လှအတွဲတွေ လားလားလားလားနဲ့ လမ်းသလားရင် အရင်ဆုံး လူတွေ ဝိုင်းရှိုးတာက မိန်းကလေးကိုပါ။ တစ်ဆက်တည်း စိတ်ထဲက ကြိတ်ဆဲခံရမှာကတော့ ကိုယ့်လူတွေပါပဲ။
ကဲ .. ကိုယ့်ကိုယ်ကိုယ် သိပ်မချောဘူး ထင်ရင်လည်း အားငယ်စရာမလိုတော့ပါဘူး။ အလိုက်သိတတ်ရင် အလုပ်ဖြစ်ပါတယ်။
