Wonder Woman သည် Comics စာအုပ်ထဲက လူကြိုက်များသော ဇာတ်ကောင်တစ်ခုဖြစ်ပြီး ထိုဇာတ်ကောင်ကို ရုပ်ရှင် အဖြစ် ပြန်လည်အသက်သွင်းလိုက်တဲ့အခါမှာတော့ DC ရဲ့ စူပါဟီးရိုးအဖြစ် လူကြိုက်များလာခဲ့ပါတယ်။ Wonder Woman Comics ထဲက ဇာတ်ကောင်ကို ရုပ်ရှင် Movie အဖြစ် ပြန်လည်ပြောင်းယူလိုက်တဲ့အခါ ပြောင်းလဲကွဲပြား သွားတဲ့ အချက်တချို့လည်း ရှိပါတယ်။
ဘယ်လိုအချက်တွေလဲဆိုတော့ …
သူ(မ)ရဲ့ အဝတ်အစား
ရုပ်ပြကာတွန်းထဲမှာဆိုရင် သူ(မ)ရဲ့အဝတ်အစားးကို အရောင်တောက်တောက်များနဲ့ မြင်တွေ့ရမှာဖြစ်ပြီး ဇာတ်ကားထဲမှာတော့ အရောင်ကို သိပ်ဦးစားမပေးထားတာ မြင်တွေ့ရပါလိမ့်မယ်။ ဝတ်စုံအရောင်ကို အသားမပေးထားသည့်တိုင်အောင်မှ သူ(မ)ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အဝတ်အစားသည် လိုက်ဖက်ညီကာ လှပလှတာကို မြင်တွေ့ရမှာပါ။
Timeline
ရုပ်ပြကာတွန်း Comiscsမှာတော့ Wonder Woman ဇာတ်ကောင်ကို ဒုတိယကမ္ဘာစစ်အတွင်း အခြေတည်ကာ ပုံဖော်ထားကြောင်း မြင်တွေ့ရမှာဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားထဲမှာတော့ ပထမကမ္ဘာစစ်အတွင်း အခြေတည်ထားတာကို မြင်တွေ့ရပါလိမ့်မယ်။
Amazon Olympics
ကာတွန်းထဲမှာ Diana ရဲ့ အမေသည် သူ့သမီးကို အင်မတန်စိုးရိမ်ကာ ချုပ်ချယ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ Diana သည် ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်တဲ့အတွက် ရုပ်ဖျက်ပြီးတော့ ဝင်ပြိုင်ရပါတယ်။
သူ(မ)ရဲ့ ပါဝါအသစ်
သူ(မ)သည် ပြိုင်ပွဲမှာ အနိုင်ရသွားတဲ့အခါ ထူးခြားဝတ်စုံ ချီးမြှင့်ခြင်းခံရပြီး သူ(မ)ရဲ့ စွမ်းအားနဲ့ အမြန်နှုန်းသည်လည်း ပိုမိုမြင့်တက်လာပါတယ်။ ဒါ့အပြင် သူ(မ)ရဲ့ တိရိစ္ဆာန်များနဲ့ စကားပြောနိုင်တဲ့ စွမ်းရည်အသစ်ကိုလည်း ရရှိခဲ့ပါတယ်။
ရုပ်ရှင်ထဲမှာတော့ သူ(မ)ရဲ့ တိရိစ္ဆာန်တွေနဲ့ စကားပြောနိုင်တဲ့ စွမ်းရည်ကို သေချာရိုက်ပြမထားပါဘူး။
Diana နဲ့ Zeus က ဘယ်လိုတော်စပ်သလဲ
ရုပ်ပြကာတွန်းထဲမှာတော့ Hippolyta နဲ့ Zeus တို့သည် တိတ်တိတ်ပုန်းချစ်နေခဲ့ကြပြီး Diana ကို မွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဇာတ်ကားထဲမှာတော့ Hippolyta ရဲ့ဆုတောင်းကြောင့် Zeus က Diana ကို ရွှံ့ကနေ အသက်သွင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Source: Screenrant.com
Featured Image: Screenrant.com