Woody Fragrances ကြိုက်တဲ့ ကွီးတွေရှိလား ? Woody ရနံ့ ရေမွှေးတွေက ခပ်နွေးနွေးထွေးထွေး Vibe မျိုးကို ပေးတာကြောင့် ရာသီဥတုအေးတဲ့အချိန်တွေ အဓိကအားဖြင့် ဆောင်းရာသီလို ကာလတွေနဲ့ ညဘက် Nightout ထွက် ၊ Dinner ပါတီတက်ချိန်တွေမှာ သုံးလို့ အဆင်ပြေဆုံး ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နွေးထွေးပြီး စွဲဆောင်မှုရှိတဲ့ Woody ရနံ့ကြိုက်တဲ့ ရေမွှေးချစ်သူ ကွီးတို့အတွက် တော်တော်လေးကို အထာကျပြီး မိုက်တဲ့ ရေမွှေး အမျိုးအစား အချို့ကို ထုတ်နုတ်ရွေးချယ် တင်ဆက်ပေးသွား ချင်ပါတယ်။
(၁) Gentleman Society – Givenchy

Photo : Man Of Many
Givenchy ရဲ့ Gentleman Society ကတော့ အမျိုးသားသုံး Woody ရေမွှေး တွေထဲမှာ တော်တော်လေး နာမည်ကြီးပါတယ်။ Woody နဲ့ Aromatic ရနံ့တွေကို အချိုးကျကျ ပေါင်းစပ်ထားပြီး Vanilla နဲ့ ပြေပြစ်သိမ့်မွေ့လှတဲ့ Cedar ရနံ့တွေပါ ထည့်သွင်းပေးထားတော့ တော်တော်လေး အထာကျတဲ့ ရေမွှေးလို့ ပြောရမှာပါ။ Notes ရောစပ်မှုက နည်းနည်းလေးတော့ ရှုပ်ထွေးပြီး အရမ်းကြီးတော့ Unique ဖြစ်နေတာမျိုး မဟုတ်ပေမယ့် Givenchy Boisee ရေမွှေးကို ကြိုက်ရင် Gentleman Society ကိုလည်း ကြိုက်မှာ သေချာပါတယ်။
(၂) Wonderwood – Comme Des Garcons

Photo : Man Of Many
Woody ရေမွှေး တွေအကြောင်း ပြောတဲ့အခါ Comme Des Garcons ရဲ့ Wonderwood ကိုတော့ မပါမဖြစ် ထည့်ပြော ရပါလိမ့်မယ်။ Wonderwood က Sexy ကျကျ Masculine ဖြစ်ဖြစ် အမိုက်စား Woody Fragrance တစ်မျိုး ဖြစ်ပါတယ်။ Vetiver ၊ Sandalwood နဲ့ Virginia Cedar တို့ရဲ့ Notes တွေက လုံးဝ Unique ဖြစ်ပြီး ပြီးပြည့်စုံမျှတတဲ့ စွဲဆောင်မှုရှိရှိ ရနံ့မျိုးကို ပေးစွမ်းပါတယ်။
(၃) 40 Knots – Xerjoff

Photo : Man Of Many
Xerjoff ရဲ့ 40 Knots ရေမွှေး ကတော့ တော်တော်ကြီးကို ထူးခြားတဲ့ Woody ရေမွှေး တွေထဲက တစ်ခုလို့ ပြောရမှာပါ။ ပင်လယ်ကမ်းခြေကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေညှင်းလေးလို ထူးခြားတဲ့ ရနံ့မျိုးကိုမှ Amber ၊ Dark Rum နဲ့ Baby Powder တို့ရဲ့ ရနံ့တွေနဲ့ ပြေပြေပြစ်ပြစ် ပေါင်းစပ်ထားပေး ထားပါတယ်။ 40 Knots ဟာ ဆွတ်လိုက်တာနဲ့ နွေးထွေးမှုရှိရှိနဲ့ အထက်တန်းကျတဲ့ ခံစားမှုမျိုးကို ပေးစွမ်းတဲ့ အထူးခြားဆုံး Woody Fragrance တစ်ခုပဲ ဖြစ်ပါတယ်။
(၄) Grey Vetiver – Tom Ford

Photo : Man Of Many
Clean ဖြစ်တယ် Citrusy ဆန်ဆန်နဲ့ Refreshing Woody Scents တွေကိုမှ ကြိုက်တယ်ဆိုရင်တော့ Tom Ford ရဲ့ Grey Vetiver က ဘယ်တော့မှ စိတ်မပျက်စေမယ့် ရေမွှေး တစ်ခုပါပဲ။ Orange Blossom ၊ Saffron နဲ့ Haitian Vetiver Notes တွေ အချိုးကျကျ ပေါင်းစပ်ပါဝင်တဲ့ Grey Vetiver ရေမွှေးက Date Night တွေ Evening Cocktail Events တွေမှာ သုံးလို့ အရမ်းကို လိုက်ဖက်ပြီး Projectione နဲ့ Longevity ကလည်း လုံးဝရှယ်ကြီးမလို့ Compliment ကောင်းကောင်း ရစေမှာ အသေအချာပါပဲ။
Source : Man Of Many
Featured Photo : I Fragrance Official
