လူတစ်ဦးနဲ့တစ်ဦးကြားက ဆက်သွယ်မှုအတွက်အဓိကအရေးပါတဲ့အရာတစ်ခုက စကားလုံးတွေပါပဲ။ ချစ်သူကောင်မလေးရဲ့နှလုံးသားကို သိမ်းပိုက်နိုင်ပြီး သာယာချမ်းမြေ့တဲ့ အချစ်ရေး ကိုတည်ဆောက်နိုင်ဖို့ရာ လှပတဲ့အချစ်စကားလေးတွေ များစွာအထောက်အပံ့ဖြစ်စေမှာပါ။ သူမကိုဘယ်လောက်ချစ်ကြောင်း ဘယ်လောက်တန်ဖိုးထားကြောင်းကို ချစ်စကားလေးတွေ သီးကြူးပြောပြချင်တဲ့ ကွီးတို့အတွက် အလှပဆုံးတော်ကီလေး‌တွေ နည်းနည်းလောက် သင်ပေးချင်ပါတယ်။

” မင်းဟာ ကိုယ့်ဘဝအတွက် အရေးပါဆုံးပါ “

Happy couple talking at home

Photo : Successible Life

မိန်းကလေးတိုင်းက ကိုယ့်ချစ်သူရဲ့ဘဝမှာ အရေးပါဆုံးလူတစ်ယောက်ဖြစ်ချင်ကြတာပဲမဟုတ်လား။ ဒါဟာသူမအပေါ် တန်ဖိုးထားမှု အလေးပေးမှုကို ဖော်ပြရာရောက်စေပါတယ်။ ကိုယ့်ဘဝနဲ့ချီပြီး ချစ်မြတ်နိုးတယ်ဆိုတာလည်း သူမသိရှိခွင့်ရမှာပါ။

” မင်းအတွက်ကိုယ်အမြဲ အဆင့်သင့်ရှိတယ် “

Happy couple talking

Photo : MindBodyGreen

သူမကို ကာကွယ်စောင့်ရှောက်ဖို့ အခက်အခဲတွေကိုအတူတူရင်ဆိုင်ကျော်ဖြတ်ဖို့ ခွန်အားတွေ ယုံကြည်မှုတွေရစေမယ့် စကားလုံးလှလှလေးပါပဲ။ ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်လောက်ခက်ခဲကြမ်းတမ်းမှုတွေပဲကြုံရကြုံရ နွေးထွေးမှုတွေအမြဲပေးနိုင်ရမယ့် ရင်ခွင်တစ်စုံရှိတယ်ဆိုတဲ့ သဘောကိုသက်ရောက်စေပါတယ်။

” ညတိုင်း ကိုယ့်အိပ်မက်ထဲ မင်းပဲစိုးမိုးထားတယ် “

Happy couple talking on bean bag

Photo : Brit + Co

သူမအပေါ်ဘယ်လောက် စိတ်ထဲရှိတယ်ဆိုတာကို သိစေမယ့်စကားလုံးလေးဖြစ်ပါတယ်။ အိပ်မက်ဆိုတာ တစ်ခုခုကိုစိတ်စွဲလန်းမိရာကနေ ဖြစ်ပေါ်လာတက်တဲ့အရာတစ်ခုပါ။ ကိုယ့်ရဲ့ ညစဉ်အိပ်မက်တိုင်းမှာ သူမကစိုးမိုးထားတယ်လို့ပြောလိုက်တာဟာ အချိန်တိုင်းသူမအကြောင်းပဲတွေးနေမိလို့ သူမကိုစိတ်ထဲအမြဲရှိလို့ဆိုတာမျိုး ပြောလိုက်တာပဲဖြစ်ပါတယ်။

” မင်းကြောင့် ကိုယ်ဘဝဟာ ပိုပြီးအဓိပ္ပာယ်ရှိလာတယ် “

Healthy couple talking on sofa

Photo : The Good Men Project

သူမဟာ ကိုယ့်ဘဝကိုအဓိပ္ပာယ်ပိုရှိလာအောင်လမ်းပြပေးတယ် အမှားအမှန်တွေခွဲခြားပြပေးတယ် ပျော်ရွှင်မှုတွေဆောင်ကြဉ်းပေးလာတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောချင်တဲ့အခါ ဒီစကားလုံးလေးသုံးသင့်ပါတယ်။ ဒီစကားလေးဟာ ကိုယ့်ဘဝရဲ့လမ်းပြကြယ်လေးအဖြစ် တန်ဖိုးထားပြီး ချစ်တယ်ဆိုတဲ့ သဘောကို သက်ရောက်စေမှာပါ။

” ကိုယ်မင်းကို သိပ်ချစ်တယ် “

couple dancing at home

Photo : Verywell Mind

ချစ်သူစုံတွဲတွေကြားမှာ အရိုးရှင်းဆုံးနဲ့ ပါဝါအကြီးဆုံးစကားလေးကတော့ ချစ်တယ်ဆိုတာပါပဲ။ ဒီစကားလုံးလေးကိုလည်း မဖြစ်မနေပြောပေးသင့်ပါတယ်။ ချစ်တယ်ဆိုတာ ရိုးရိုးရှင်းရှင်း လေးနဲ့ အလှပဆုံးစကားလုံးလေးဖြစ်တဲ့အပြင် တစ်ဖက်ကနားထောင်ရသူအဖို့လည်း ကြည်နူး ပျော်ရွှင်မှုတွေရစေမှာပါ။

Featured Photo : News18 Bengali