စကားလုံးတွေကြောင့် ကြည်နူးပျော်ရွှင်ရသလို တစ်ခါတစ်လေမှာ စကားလုံးတွေကြောင့်ပဲ နာကျင်ရပါတယ်။ ကိုယ်တကယ်ချစ်မြတ်နိုးရတဲ့ ချစ်သူလေးကို ကိုယ့်ရဲ့ စကားလေးတွေကြောင့် နာကျင်သွားရမယ်ဆိုရင်တော့ မကောင်းပါဘူး။ ဒါကြောင့်ဒီတစ်ခေါက်မှာ ကိုယ်ချစ်သူအပေါ် မပြောသင့်တဲ့ စကားတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ပျက်တယ်

Source : StrongMarriageNow.com

စိတ်ပျက်တယ်ဆိုတဲ့စကားရဲ့ နောက်ကွယ်မှာ ပြောတဲ့သူအတွက်တော့ အများကြီးမသိသာပေမယ့် အပြောခံလိုက်ရသူရဲ့ ရင်ထဲမှာတော့ အတွေးမျိုးစုံဝင်သွားနိုင်ပါတယ်။ ကိုယ်ချစ်သူက ကိုယ်ကိုဘာကြောင့်စိတ်ပျက်တာလဲ မချစ်တော့လို့လား အချစ်သစ်တွေ့နေလို့လား ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကြောင့် စိတ်ပျက်လာတာလား လမ်းခွဲချင်လို့လား စသည်ဖြင့် ခံစားချက်ပေါင်းစုံနဲ့ အတွေးများဝင်သွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်သူကိုဘယ်လောက်ပဲစိတ်ဆိုးပါစေ စိတ်ပျက်တယ်ဆိုတဲ့စကားတော့ မပြောသင့်ပါဘူး။

(၂) ပျင်းလာပြီ

Source : Couples Therapy Orlando

ချစ်သူစုံတွဲတွေကြားမှာမသုံးသင့်တဲ့ နောက်ထပ်စကားလုံးတစ်ခုက ငါမင်းနဲ့တွဲရတာပျင်းလာပြီဆိုတဲ့စကားပါ။ ကိုယ်ချစ်သူကို အပျော်အပျက်အနေနဲ့တောင် စနောက်ပြီး မင်းနဲ့တွဲတာပျင်းတယ်ဆိုတဲ့စကားကိုတော့ မသုံးသင့်ပါဘူး။ ချစ်သူတိုင်းကတော့ ကိုယ်ချစ်သူကိုပျော်ရွှင်အောင်ထားချင်ကြပါတယ်။ အချစ်စစ်အချစ်မှန်နဲ့ တက်နိုင်သလောက်ပျော်ရွှင်မှုလေးတွေပေးနေပေမယ့် ပျင်းလာပြီအပြောခံရရင်တော့ တကယ်ပဲဝမ်းနည်းဖို့ကောင်းပါတယ်။

(၃) ကြိုက်တာလုပ်

Source : Shutterstock

ချစ်သူနှစ်ဦးစကားများရန်ဖြစ်ကြတာအခါ အများစုသုံးလေ့ရှိတာက ကြိုက်တာလုပ် ဂရုမစိုက်ဘူးဆိုတဲ့စကားပါပဲ။ တကယ်တော့ ဒီစကားဟာလည်း လုံးဝမသုံးသင့်ပါဘူး။ ကြိုက်တာလုပ်ဆိုတဲ့ စကားဟာ တစ်ယောက်ကိုတစ်ယောက် အရွဲတိုက်ခြင်းတွေဖြစ်လာဖို့ တွန်းအားပေးလိုက်တာနဲ့ တူပါတယ်။ ဒါကြောင့် ရန်ဖြစ်စကားများကြပြီဆိုရင် မင်းသဘောပဲကြိုက်တာလုပ် ဆိုတဲ့လက်လွတ်စပယ်စကားမျိုးထက် ပြဿနာကိုအတူတူအဖြေရှာပြီး ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်သင့်တာဖြစ်ပါတယ်။

(၄) ရည်းစားဟောင်းသာဆိုရင်

Source : All Time Lists

ဘယ်ချစ်သူကမှ ကိုယ်ချစ်သူရဲ့ အတိတ်က ရည်စားဟောင်းအကြောင်းပြန်ပြောတာမကြိုက်ကြပါဘူး။ ဒီထက်ပိုဆိုးတာတစ်ခုက ရည်စားဟောင်းနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုစကားနာအထိုးခံရခြင်းပါပဲ။ ရည်းစားဟောင်းဆိုရင် ဘယ်လိုဂရုစိုက်တာ ဘယ်လို အလိုလိုက်တာ ဘယ်လိုတွေကောင်းတာ မင်းကတော့ကိုယ်အပေါ်သူလောက်တောင်မကောင်းဘူး စသည်ဖြင့် ရည်းစားဟောင်းအကြောင်းအမွှန်းတင် ဂုဏ်ဆာနေခြင်းကလည်း ချစ်သူနှစ်ဦးကြား လမ်းခွဲတဲ့အထိ သက်ရောက်မှုပြင်းထန်နိုင်ပါတယ်။