အိမ်တွင်းစီးဖိနပ်တွေဟာ အခုလို အိမ်မှာ ပိုအနေများတဲ့အချိန်မှာ ပိုလို့တောင် အသုံးတည့်လာပါတယ်။ COVID-19 ကြောင့် အိမ်ကနေ အလုပ်လုပ်ရတဲ့ Work From Home လူနေမှုသစ်ကလည်း အားကောင်းနေတာမဟုတ်လား။ ဒီတစ်ခါ ညွှန်းချင်တာက အိမ်မှာနေရင်း စီးမယ့်ဖိနပ်တွေထဲက WFH သမားတွေနဲ့ အဆင်အပြေဆုံး ၊ သက်တောင့်သက်သာအဖြစ်ဆုံး ဖိနပ်တချို့အကြောင်း ဖြစ်ပါတယ်။

(၁) Casual Slippers

man slipper indoor

Photo: T3

ရာဘာသား နဲ့ ချည်သား ခြေညှပ် နဲ့ ကွင်းထိုး Slipper ရှင်းရှင်းလေးတွေက ဈေးသင့်ပါတယ်။ အိမ်ထဲမှာ စီးလို့လည်း အဆင်ပြေပါတယ်။ အရေးကြီးတာက သက်တောင့်သက်သာရှိပြီး ကွန်ကရစ်ကြမ်းပြင်က အပူအအေးဓါတ် ခြေထောက်ထဲ ရောက်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) Slip-Ons

Slip-Ons

Photo: vionicshoes

Slip-Ons တွေဟာ Entry-Level ကနေ Premium တန်းဝင်အထိ အစားစား ရှိပါတယ်။ အိမ်မှာနေရင်း စီးဖို့ဆို ပစ္စည်းကောင်းပြီး ဈေးသင့်မယ့် Mid-Range တန်း Slip-On Shoes လေးတွေ သုံးနိုင်ပါတယ်။ Slip-Ons ဆိုတာက နာမည်အတိုင်း ကြိုးချည်စရာ မလို ၊ ခြေအိတ်နဲ့ စီးစရာမလိုဘဲ အသာလေး ခြေကွင်းထိုး စီးသွားရုံဖိနပ်မျိုး ဖြစ်ပါတယ်။ Stylish လည်း ဖြစ်လို့ အပြင်သွားရင်တောင် စီးလို့ကောင်းပါတယ်။

(၃) Loafers

Man wearing loafer indoor

Photo: coolmaterial

Loafers တွေကလည်း အမယ်စုံပါတယ်။ Casual ကနေ Luxury တန်းအထိ ထွက်ပါတယ်။ များသောအားဖြင့် Loafers ဆိုတာ Smart Casual ဖက်ရှင်နဲ့ တွဲစီးရတဲ့ ဖိနပ်မျိုး ဖြစ်ပါတယ်။ အိမ်ထဲမှာလည်း စမတ်ကျကျ စီးလို့ရသလို အပြင်သွားရင်လည်း သားသားနားနား စီးနိုင်မယ့် ဖိနပ်ပါပဲ။