အကြောင်းအမျိုးမျိုးကြောင့် မိမိအိမ်မှာပဲ Work-From-Home လုပ်နေရတဲ့ ယောကျာ်းများအတွက် ဖက်ရှင် Tips တချို့ဝေမျှပေးချင်ပါတယ်။

ကိုယ့်အိမ်မှာ ကိုယ် အလုပ်လုပ်တာပဲ ဘာကိစ္စဖက်ရှင်ကျဖို့ လိုဦးမှာလဲ။ အိမ်နေဝတ် အင်္ကျီပဲဝတ်ပြီး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး အလုပ်လုပ်မှာပေါ့လို့ ပြောစရာရှိပါတယ်။

ကျန်တဲ့အချိန်တွေမှာ အိမ်နေရင်းဝတ်စုံနဲ့ပဲလုပ်လုပ် ညအိပ်ဝတ်စုံနဲ့ပဲလုပ်လုပ် ကိစ္စမရှိပေမယ့် ကင်မရာဖွင့်ပြီး မီတင်တက်ရတဲ့အခါ အိမ်နေရင်းဖက်ရှင်ကို ကြိုက်တဲ့အလုပ်ရှင်တွေလည်းရှိသလို မကြိုက်တဲ့သူတွေလည်းရှိပါတယ်။

တချို့ကလည်း အိမ်နေရင်းဝတ်စုံ ဝတ်ထားခြင်းက အခြားသူကို မလေးစားရာရောက်တယ်လို့ ထင်တတ်ကြသလို အိမ်နေရင်းဝတ်စုံကြောင့် သင်အခုမှ အိပ်ရာထဲက လူးလှိမ့်ပြီး ထလာသလားလို့ အမြင်စောင်းသွားနိုင်ပါတယ်။

ဒါဆိုရင် ဘယ်လိုဖက်ရှင်မျိုးကို Work-From-Home ဖက်ရှင်အဖြစ် သတ်မှတ်သင့်သလဲ။

ရှပ်အင်္ကျီများ

work from home fashion style

အိမ်နေရင်းဝတ်စုံ ပွပွကြီးတွေက သင့်ကို သက်သောင့်သက်သာဖြစ်စေတာတော့မှန်ပါတယ်။ ဒါပေမဲ့ ဖက်ရှင်မကျစေပါဘူး။ စောစောက ပြောသလိုပဲ အိပ်ရာထဲက အခုမှထလာတဲ့ပုံပေါက်စေပါတယ်။ ဒါ့ကြောင့် ကင်မရာဖွင့်ပြီး မီတင်တက်ရတော့မယ်ဆိုရင် အပြင်ဝတ်ရှပ်အင်္ကျီတစ်ထည်လောက် ပြောင်းဝတ်လိုက်ပါ။

တီရှပ်

work from home fashion style

ရှပ်အင်္ကျီ မဝတ်ချင်ဘူးဆိုရင်လည်း တီရှပ်များကို ဝတ်ဆင်နိုင်ပါတယ်။ အရောင်ရွေးချယ်တဲ့အခါမှာတော့ နေဗီပြာရောင်၊ အမဲရောင်၊ အဖြူရောင်နှင့် အညိုရောင်တို့ကို အရောင်တောက်တောက်တီရှပ်များထက် ပိုပြီးဦးစားပေး ဝတ်ဆင်သင့်ပါတယ်။

Cardigan ဖက်ရှင်

work from home fashion style

အင်္ကျီလဲဝတ်ဖို့ အချိန်မရလိုက်ဘူးဆိုရင်တော့ အပေါ်ဝတ် Cardigan တစ်ထည်လောက် ကောက်ဝတ်လိုက်ပါ။ Cardigan ကို ကြယ်သီးတပ်စရာ၊ ဇစ်ပိတ်စရာမလိုပါဘူး။ ပေါ့ပေါ့ပါးပါးဖက်ရှင်ဖန်တီးမှာဖြစ်တဲ့အတွက်ကြောင့်ပါ။

နက်ခ်တိုင် ဝတ်စရာမလိုပါဘူး

work from home fashion style

Formal ကျကျ ဖက်ရှင်ကို ဖန်တီးချင်တာဆိုရင်တော့ နက်ခ်တိုင် လိုအပ်ပါတယ်။ ဒါပေမဲ့ သင်သည် အိမ်မှာပဲ အလုပ်လုပ်ရတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးဖက်ရှင်ကို ဖန်တီးမှာဖြစ်တဲ့အတွက်ကြောင့် နက်ခ်တိုင် မဝတ်ဆင်လည်းရပါတယ်။

ဂျင်းဘောင်းဘီဖက်ရှင်

work from home fashion style

အွန်လိုင်းကနေ မီတင်လုပ်တဲ့အခါ သင့်ခန္ဓာကိုယ် အပေါ်တစ်ပိုင်းပဲ မြင်ရတာဖြစ်ပေမယ့် သင်က မတော်လို့ လွှတ်ခနဲ မတ်တပ်ထရပ်မလိုက်တယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းဖက်ရှင်နဲ့ အောက်ပိုင်းဖက်ရှင်က တလွဲစီဖြစ်နေမယ်ဆိုရင် လူရယ်စရာဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် အိမ်နေဝတ်ဘောင်းဘီအတိုအစား ဂျင်းဘောင်းဘီ ပြောင်းဝတ်ပေးလိုက်ပါ။

Source: Trunkclub.com

Featured Image Source: Trunkclub.com