တေးဂီတဟာ လူတွေရဲ့ စိတ်အပေါ်လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် တေးဂီတဟာ ဖျော်ဖြေရေးသက်သက်သာ မဟုတ်ဘဲ စိတ်အားထက်သန်မှုနဲ့ စိတ်ခံစားချက်ကို ထိန်းသိမ်းပေးနိုင်တဲ့ အရင်းမြစ်တစ်ခုလည်း ဖြစ်ပါတယ်။ အချို့သော သီချင်း တွေ ၊ တေးဂီတတွေက ရေးဖွဲ့သူရဲ့ အလိုအတိုင်း နားဆင်သူကို ဝမ်းနည်းမယ်၊ ပျော်ရွှင်စေမယ်၊ ကြည်နူးစေမယ်၊ စိတ်အားထက်သန်စေမယ် အစရှိတဲ့ စိတ်ခံစားချက်များကို ဖန်တီးပေးနိုင်ပါတယ်။ ဆိုလိုတာက ကွီးတို့စိတ်ဓာတ်ကျနေချိန်၊ စိတ်တတ်ကြွမှု မရှိတဲ့ အချိန်မှာလည်း သီချင်းတွေက ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ သီချင်းအမျိုးအစားတွေ အများကြီး ရှိတဲ့ အထဲမှာမှ ကွီးတို့ Workout လုပ်တဲ့အခါ စိတ်အားထက်သန်စေဖို့ နားထောင်သင့်တဲ့ အကောင်းဆုံး သီချင်းများ ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

“Believer” by Imagine Dragons

Source : Imagine Dragons

ကွီးတို့ Workout လုပ်တဲ့အခါ စိတ်အားထက်သန်စေဖို့ နားထောင်သင့်တဲ့ အကောင်းဆုံး သီချင်းများ ထဲက တစ်ပုဒ်ကတော့ Imagine Dragons ရဲ့ Believer ပဲ ဖြစ်ပါတယ်။ ဒီသီချင်းက ပြင်းထန်သော ဒရမ်ဘီတီးမှုများနှင့် မြူးမြူးကြွကြွ သံစဉ်များက ကွီးတို့ကို စိတ်အားတတ်ကြွစေမှာ အမှန်ပါပဲ။

“Level Up” by Ciara

Source : Ciara

စိတ်အားထက်သန်မှု ရစေဖို့အတွက် သီချင်းရှာနေတယ်ဆိုရင် Ciara ရဲ့ Level Up သီချင်းထက် ရွေးချယ်လို့ ကောင်းတဲ့ သီချင်းမရှိတော့ပါဘူး။ သီချင်းက တတ်ကြွလျင်မြန်ပြီး လေ့ကျင့်ခန်း လုပ်ရန်အတွက် ပြီးပြည့်စုံတဲ့ သီချင်း တစ်ပုဒ်ပါ။

“La Romana” by Bad Bunny feat. El Alfa

Source : Bad Bunny

ဒီသီချင်းလေးကလည်း တမူကွဲပြားပြီး ကွီးတို့ Workout လုပ်တဲ့ အခါ Playlist ထဲ ထည့်သွင်းသင့်တဲ့ သီချင်းတစ်ပုဒ်ပါ။ သီချင်းတစ်ဝက်လောက်မှာ သံစဉ်က ပိုမို ပြင်းထန်သော သံစဉ်များ အဖြစ်သို့ ပြောင်းလဲသွားကာ အမိုက်စား ရက်ပ်ဂီတ ကိုနားဆင်ရမှာပါ။

“Wake Me Up” by Avicii

Source : Avicii

ဆွီဒင် DJ Avicii သီဆိုထားတဲ့ ဒီသီချင်းကလည်း စာသား အမိုက်စားတွေနဲ့ တဖြည်းဖြည်း မြှင့်တတ်သွားသော သံစဉ်တွေက ကွီးတို့ အကြိုက်တွေ့စေမှာပါ။ ဒီသီချင်းကို ကွီးတို့လေ့ကျင့်ခန်း လုပ်နေရင်း နားထောင်လို့ကောင်းတဲ့ သီချင်းလေးပါပဲ။

“POWER” by Kanye West

Source : Kanye West

ကွီးတို့ Workout လုပ်တဲ့အခါ စိတ်အားထက်သန်စေဖို့ နားထောင်သင့်တဲ့ အကောင်းဆုံး သီချင်းများ ထဲမှာ Kanye West ရဲ့ Power သီချင်းကလည်း ချန်ထားလို့မရတဲ့ သီချင်းတစ်ပုဒ်ပါ။ ကွီးတို့လိုချင်တဲ့ Body Goal ရစေဖို့ အရယူနိုင်တဲ့ Power ဟာ ကွီးတို့ဆီမှာ ပဲ ရှိပါတယ်။

“Motivation” by Normani

Source : Normani

Normani ၏ အမိုက်စား တေးသီချင်း “Motivation” သည် သီချင်းခေါင်းစဉ်အတိုင်း အတိအကျ ဖမ်းစားနိုင်တဲ့ သီချင်းဖြစ်ပါတယ်။ တတ်ကြွတဲ့ လှုပ်ရှားမှုနဲ့ မြူးကြွတဲ့ သံစဉ်က ကွီးတို့ကို Motivation ရစေမှာပါ။

“Till I Collapse” by Eminem

Source : msvogue23

ကွီးတို့ တစ်ခါတစ်လေမှာ Workout လုပ်တာ အပါအဝင် ဘယ်အရာကိုမဆို လက်လျော့ချင်သလို ခံစားရနိုင်ပါတယ်။ ဒါမဲ့ ဒါဟာ အဆုံးသတ်မဟုတ်ပါဘူး။ ကွီးတို့ရဲ့ စိတ်ခွန်အားကို ကွီးတို့အထဲမှာပဲ ရှာဖွေရမှာပါ။ ဘယ်လို စိန်ခေါ်မှု ၊ ပင်ပန်းမှုတွေကို ရှိလာပါစေ ၊ အဆုံးထိ လျှောက်လှမ်းပါ။

ကွီးတို့ Workout လုပ်တဲ့ စိတ်အားတတ်ကြွမှုရစေဖို့ အခုဖော်ပြပေးလိုက်တဲ့ သီချင်းများကို အခုပဲ Playlist ထဲ ထည့်ထားလိုက်ပါ။

Source : Time

Featured Photo : Men’s Health