Workout ကစားနေစဉ် သီချင်းနားထောင်ခြင်းက ပျော်ဖို့ကောင်းစေရုံသာမကဘဲ လေ့ကျင့်ခန်းပိုလုပ်နိုင်ဖို့လည်း လှုံ့ဆော်ပေးပါတယ်။ ပြေးခြင်း ၊ ဝိတ်မခြင်း ၊ စက်ဘီစီးခြင်း စတဲ့ မတူညီတဲ့ လေ့ကျင့်ခန်းအမျိုးအစားအလိုက် နားထောင်ပေးသင့်တဲ့ သီချင်းတွေရှိပါတယ်။ အားကစားလိုက်စားတဲ့ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ Workout အမျိုးအစားပေါ် မူတည်ပြီး အခုပြောပြမယ့် သီချင်း ကောင်းတွေနားဆင်ရင်း လေ့ကျင့်ခန်းပြု လုပ်နိုင်ပါတယ်။
အပြေးသမားများအတွက် အကောင်းဆုံး Workout သီချင်းများ
Give Dem – Diplo and Blond:ish feat. Kah-lo
No One (Jonas Blue Remix) – Jess Glynne
Get What You Give – Felix Cartal
We Found Love – Rihanna
It’s Tricky – Run DMC
ဒီသီချင်းတွေကတော့ BPM 120-140 ရှိပြီး အပြေးအားကစားသမားတွေအတွက် အကောင်းဆုံးသီချင်းတွေပဲ ဖြစ်ပါတယ်။ မြူးကြွတဲ့ သံစဉ် ၊ ပျော်စရာ သီချင်းစာသားတွေနဲ့ ကွီးတို့ကို စွမ်းအင် ပိုမိုရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ကွီးက အပြေးအားကစား သမားတစ်ယောက်ဆိုရင် အခုပြောတဲ့ သီချင်းတွေနားထောင်ရင်း အပြေးလေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။
ဝိတ်မ အားကစားသမားများအတွက် အကောင်းဆုံး Workout သီချင်းများ
Sabotage – Beastie Boys
Lose Yourself – Eminem
Wow – Post Malone
DNA – Kendrick Lamar
Thunderstruck – AC/DC
ဒီသီချင်းတွေကတော့ ဝိတ်မ အားကစားသမားတွေအတွက် အကောင်းဆုံး သီချင်းတွေပဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ပြင်းထန်တဲ့ ခပ်ကြမ်းကြမ်း ရော့ခ်၊ ဟစ်ဟော့နဲ့ ပေါ့ပ်သီချင်းတွေ ပါဝင်ပါတယ်။ ဝိတ်ကစားချိန်မှာ ကွီးတို့အတွက် အကောင်းဆုံး ခွန်အားတွေရရှိစေမယ့် သီချင်းကောင်းတွေ ဖြစ်ပါတယ်။
စက်ဘီးစီး အားကစားသမားများအတွက် အကောင်းဆုံး Workout သီချင်းများ
Go Hard – Diskord
The Power Of Now – Steve Aoki & Headhunterz
Press – Cardi B
Bass Inside – AC Slater
Air Castles – Avizura
ဒီသီချင်းတွေကတော့ စက်ဘီးစီး အားကစားသမားတွေအတွက် အကောင်းဆုံး သီချင်းတွေပဲ ဖြစ်ပါတယ်။ လျင်မြန်ဖျက်လတ်မှုအပြည့်နဲ့ အချိန်ကြာကြာ စက်ဘီးစီး လေ့ကျင့်ခန်းလုပ်နိုင်ဖို့ ခွန်အားတွေ ပေးနိုင်မယ့် သီချင်းကောင်းတွေ ဖြစ်ပါတယ်။