ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ဟာ mu လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကို စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

mu ဆိုတဲ့ ဗိုင်းရပ်စ်သစ်ဟာ အရင် COVID-19 ကူးစက်မှုနဲ့ ကာကွယ်ဆေးတွေကနေ ထုတ်တဲ့ ကိုယ်ခံအားစနစ်ကို ရှောင်လွှဲနိုင်ခြေရှိတယ်လို့လည်း WHO က ဆိုပါတယ်။ သိပ္ပံပညာရှင်တွေက B.1.621 လို့ ခေါ်တဲ့ mu ဗိုင်းရပ်စ်သစ်ကို ဩဂုတ်လ ၃၀ ရက်နေ့မှာ WHO ရဲ့ စောင့်ကြည့်ရမယ့် မျိုးကွဲစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒီဗိုင်းရပ်စ်သစ်ဟာ မျိုးရိုးဗီဇပြောင်းလဲမှု ပါရှိပြီး လက်ရှိကိုဗစ်ဆေးတွေနဲ့ သွေးဖြူဆဲလ် ပုံတူပွားတဲ့ ပဋိပစ္စည်း‌ ကုထုံးတွေနဲ့လည်း တိုက်ဖျက်လို့ မရနိုင်သလို မူလမျိုးရင်း ဗိုင်းရပ်စ်နဲ့လည်း ဆန့်ကျင်နေတယ်လို့ ဆိုပါတယ်။

WHO-is-monitoring-a-new-CORONAVIRUS

Photo: algulf

ဗိုင်းရပ်စ်သစ်ဟာ ပိုပြီး ကူးစက်လွယ်/အသေအပျောက်များလွယ်သလား ၊ လက်တလော ဆေးဝါးနဲ့ ကုထုံးတွေကို ခံနိုင်ရည် ရှိသလားဆိုတာ အတည်ပြုနိုင်ဖို့ ထပ်ပြီး လေ့လာရမှာပါ။ mu ဗိုင်းရပ်စ်ကို ကိုလံဘီယာမှာ ဇန်နဝါရီလက ပထမဆုံး တွေ့ခဲ့တာ ဖြစ်ပြီးနောက် ယူကေနဲ့ အမေရိကန်အပါအဝင် အနည်းဆုံး ၃၉ နိုင်ငံမှာ ဒီဗိုင်းရပ်စ် ကူးစက်မှုရှိကြောင်း တွေ့ရှိထားပါတယ်။ တခြားကမ္ဘာ့နိုင်ငံတွေမှာ mu ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ကျဆင်းနေပြီး ကူးစက်မှုအနေနဲ့ ၀.၁% အောက် ပဲ ရှိပေမယ့် ကိုလံဘီယာနဲ့ အီကွေဒေါမှာတော့ ဒီဗိုင်းရပ်စ်ကူးစက်မှုနှုန်း တိုးလာနေတယ်လို့ ဆိုပါတယ်။

mu ဗိုင်းရပ်စ်သစ်ရဲ့ သဘောသဘာဝလက္ခဏာကို သေချာနားလည်ဖို့ နောက်ထပ်လေ့လာမှုတွေ လုပ်ဖို့ လိုတယ်လို့လည်း WHO က ပြောပါတယ်။ mu ဗိုင်းရပ်စ်အရင် လက်ရှိ နောက်ဆုံးပေါ် ကိုရိုနာဗိုင်းရပ်စ်သစ်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာက ပီရူးမှာ စတင်တွေ့ရှိခဲ့တဲ့ Lambda ဗိုင်းရပ်စ် ဖြစ်ပါတယ်။

Featured Photo: CNBC