စကော့ဝီစကီဟာ ဘော်ဘွန် သို့မဟုတ် ဂျုံကြမ်း ဝီစကီတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စျေးနှုန်းမြင့်မားတဲ့ ဝီစကီအမျိုးအစားဆိုတာ ငြင်းစရာရှိမယ် မထင်ပါဘူး။ များသောအားဖြင့် သာမန်လူလတ်တန်းစားတွေအနေနဲ့ စကော့ဝီစကီတွေကို ဝယ်ယူနိုင်တဲ့အခြေအနေရှိနေပေမယ့် ဝယ်လိုအားမြင့်တက်ပြီး နှစ်ခြိုက်သူ အရမ်းများပြားတာကြောင့် ယမကာထုတ်လုပ်သူတွေဟာ သက်တမ်းရင့်ပုလင်းတွေကို အံ့အားသင့်ဖွယ် စျေးနှုန်းနဲ့ ရောင်းချနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။
တကယ်လို့ သင်က ပုလင်းတစ်လုံးအတွက် ဒေါ်လာ ထောင်ဂဏန်းကို ခေါင်းထဲမထည့်တတ်တဲ့ ဝီစကီကျွမ်းကျင်သူဆိုရင် အခု ဖော်ပြပေးမယ့် စျေးအကြီးဆုံး စကော့ဝီစကီတွေကို ဝယ်ယူသင့်ပါတယ်။
၅။ The Balvenie DCS Compendium 1961 Scotch( ၁၅ နှစ်မှ ၄၃ နှစ်)

Photo: advancedmixology
The Balvenie DCS Compendium ဟာ အရသာပိုင်း အလွန်ကောင်းမွန်ရုံတင်မကဘဲ တစ်ကမ္ဘာလုံးမှာ စျေးအကြီးဆုံး စကော့ဝီစကီတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒေးဗစ် စီ စတီးဝပ်လို့ အမည်ရတဲ့ပုဂ္ဂိုလ်ဟာ The Balvenie အတွက် ၅၄ နှစ်အထိ အလုပ်လုပ်ပေးခဲ့တဲ့ စကော့တလန်က လုပ်သက်အရင့်ဆုံး ယမကာဖော်စပ်ကျွမ်းကျင်သူတွေထဲက တစ်ဦးဖြစ်ပြီး ရာထူးကနေ အနားယူပြီးနောက်မှာတော့ အရက်ထုတ်လုပ်ရင်း ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို စုစည်းထားတဲ့ စာအုပ် ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်နဲ့အတူ စတီးဝပ်က ၅ နှစ်ကျော် ထုတ်ဖို့အတွက် ရှားပါးပြီး စျေးနှုန်းကြီးမြင့်တဲ့ single cask ဝီစကီ(စည်တစ်ခုထဲမှာ သီးသန့်ပေါင်းခံထားပြီး ရောမွှေထားခြင်းမရှိသော) ၂၅ မျိုးကို ရွေးချယ်ခဲ့ပါတယ်။
အဲဒီ ယမကာတွေဟာ ၁၅ နှစ်ကနေ ၄၃ နှစ်ကြား သက်တမ်းရှိပြီး တစ်ခုချင်းစီဟာ အနံ့၊ အရသာ ထူးထူးခြားခြား ကွဲထွက်နေခဲ့ပါတယ်။ ဥပမာအားဖြင့် European Oak Oloroso Sherry Butt ဟာ မွှေးပျံ့တဲ့ နာနတ်နဲ့ ဖရဲသီးအရည်၊ နူးညံ့ချိုစိမ့်တဲ့ ဝက်သစ်ချ ဗနီလာတို့နဲ့ ဖော်စပ်ထားတာဖြစ်ပါတယ်။ အရသာပိုင်းကတော့ ပျားရည်အရသာ၊ သကြားအညိုနဲ့ထောပတ်ကို ရောကျိုထားတဲ့အရသာ၊ ဗနီလာ တော်ဖီအရသာနဲ့ သစ်ဂျပိုးခေါက်အရသာတို့ကို ခံစားရမှာဖြစ်ပါတယ်။
၄။ Glenfiddich 1937 Rare Collection Scotch(၆၄ နှစ်)

Photo: advancedmixology
ကမ္ဘာပေါ်က စျေးအကြီးဆုံး စကော့ဝီစကီတွေထဲက တစ်ခုဖြစ်ပြီး Glenfiddich 1937 Rare Collection ကို စတင်ထုတ်လုပ်တာကတော့ ဆဌမမြောက် ဂျော့ဂျ်ဘုရင် နန်းတက်တဲ့နှစ်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံး ဂိုဒေါင်ထိန်းအလုပ်သမားတွေနဲ့ မော့ ကျွမ်းကျင်သူတွေရဲ့ ၆၄ နှစ်ကြာ စောင့်ရှောက်မှုကို ခံခဲ့ရပြီးနောက် အများပြည်သူ သောက်သုံးနိုင်အောင် နောက်ဆုံးမှာတော့ ရောင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။
နှစ်အကြာကြီးထားလို့ စကော့ဝီစကီရဲ့ အရသာက လျော့သွားပြီလို့ ထင်ရင်တော့ မှားမှာဖြစ်ပြီး အရသာက ပိုပြီး လေးနက်ပြီး ရောထွေးလာတာဖြစ်ပါတယ်။ ဒီလို လက်ရာမြောက်တဲ့ စကော့ကို တက်ဆက်ပြည်နယ်အနောက်ပိုင်း Big Bend အမျိုးသားဥယျာဉ်ထဲမှာပဲ မြင်တွေ့နိုင်တော့တဲ့ robust oak အနံ့၊ မီးမြိုက်ထားတဲ့ ဟေသာအပင်အနံ့၊ ချောကလက်တော်ဖီထဲက နူးညံ့တဲ့ သစ်တော်သီးအမှည့်အနံ့၊ စပျစ်သီးခြောက်နံ့၊ သစ်ဂျပိုးခေါက်၊ လေးညှင်းနံ့တို့နဲ့ ရောနှော ဖော်စပ်ထားပါတယ်။ အရသာကတော့ ထင်းရှူးမွှေး၊ ဝက်သစ်ချနဲ့ ချောကလက်အခါးအခြောက်အရသာတို့ကို ခံစားရမှာဖြစ်ပါတယ်။
၃။ Dalmore 64 Trinitas 1946 Scotch (၄၆ နှစ်)

Photo: luxhabitat
Dalmore 64 Trinitas ဟာ Dalmore ရဲ့ သီးသန့်အထူးထုတ်လုပ်ထားတဲ့ စကော့တွေထဲမှာ သက်တမ်းအရင့်ဆုံးဖြစ်ပါတယ်။ ဒီ ဗားရှင်းကို ရှေ့မှာ ထုတ်ခဲ့တဲ့ Dalmore 62 ကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်ပြီး တစ်ကမ္ဘာလုံးအနှံ့ ပုလင်း ၃ ပုလင်းသာ ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ငွေရေးကြေးရေးက ခြေသလုံးမွှေးပါဆိုရင်တော့ ဒီလိုရှားပါးပုလင်းမျိုးကို မရမကလိုက်ဝယ်ပြီး စုဆောင်းသင့်ပါတယ်။
၂။ Macallan’s Lalique Cire Perdue Scotch(၆၄ နှစ်)

Photo: advancedmixology
The Macallan 1926 ရဲ့ ကြီးစိုးခြင်းမခံရမီ Macallan’s Lalique Cire Perdue ဟာ လေလံတင်ပွဲမှာ စျေးအကြီးဆုံး ဝီစကီအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့တဲ့ စကော့ဝီစကီဖြစ်ခဲ့ပါတယ်။ ဝိတိုရိယခေတ်က ဝီစကီထည့်တဲ့ ပန်းပွင့်ပုံသဏ္ဌာန် ဖန်ပုလင်းနဲ့ ထည့်သွင်းထားတဲ့ စကော့ဝီစကီဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူတွေ သန့်ရှင်းပြီး စိတ်ချရတဲ့ သောက်သုံးရေ ရရှိစေဖို့အတွက် ရန်ပုံငွေအဖြစ် လှူဒါန်းခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
ဒီ ဝီစကီဟာ ချယ်ရီနဲ့ သစ်သီးရနံ့ မွှေးပျံ့မှုကြောင့် လူသိများခဲ့တယ်လို့ သိရပြီး သံပုရာ၊ ထင်းရှူးမွှေး၊ ပန်းသီး၊ ခရမ်းရောင်၊ အပြာရောင်နဲ့ အဖြူရောင် ပွင့်ဖတ် ၅ ခုပါဝင်တဲ့ သမပိုင်းဒေသမှာ ပေါက်ရောက်တဲ့ ပေါင်းပင်၊ ဆေးရွက်ကြီးနံ့သင်းတဲ့ သားရေအနံ့တို့ကို ခံစားရမှာဖြစ်ပါတယ်။
၁။ The Macallan 1926(၆၀ နှစ်)

Photo: advancedmixology
ကမ္ဘာပေါ်မှာ စျေးအကြီးဆုံးနဲ့ လူသိအများဆုံးပုလင်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရတာကတော့ The Macallan 1926 ပဲဖြစ်ပါတယ်။ ဒီယမကာဟာ ၁၉၈၆ ခုနှစ်မှာ ပုလင်းမသွတ်မီ ၁၉၂၆ ခုနှစ်ကတည်းက စတင်ဖော်စပ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလက လေလံပွဲမှာ ဒီပုလင်း တစ်ပုလင်းတည်းကို ဒေါ်လာ ၆ သိန်းနဲ့ ရောင်းချခဲ့ရပါတယ်။ အဲဒီနေ့မှာပဲ နောက်ထပ် ပုလင်းတစ်ပုလင်းကို လေလံအောင်ပြီး ဝယ်ယူခဲ့တဲ့သူကပဲ ထပ်မံ ဝယ်ယူသွားခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁.၂ သန်း ရရှိခဲ့ပါတယ်။
The Macallan ဟာ စပျစ်သီးခြောက်၊ အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ dates အစေ့၊ ဆီးသီး၊ လေးညှင်းပွင့်၊ တင်လဲရည်အရသာပြင်းရှတဲ့ တော်ဖီ ရနံ့သင်းပျံ့ပြီး စျေးမတန်တဆမြင့်မားတဲ့ စကော့ဝီစကီဆိုပေမယ့် တတ်နိုင်တဲ့လူတွေအတွက်တော့ ဝယ်ယူစုဆောင်းသင့်တဲ့ စကော့ဝီစကီဖြစ်ပါတယ်။
Featured Photo: wallup
