သမိုင်းကို ပြန်လှန်ကြည့်လိုက်မယ်ဆိုရင် စစ်ပွဲတွေ နယ်မြေလုပွဲတွေ သတ်ဖြတ်မှုတွေ အကြောင်းကိုသာအများဆုံးတွေ့ရတက်ပါတယ်။ ဒါပေမယ့် တခြားအံ့ဩဖွယ်ကောင်းတဲ့ အနုပညာဗိသုကာလက်ရာတွေအကြောင်း ဖော်ပြလေ့ရှိပေမယ့် စိတ်ဝင်စားတဲ့လူတွေ အနည်းငယ်သာရှိကြပါတယ်။ အရင်ခေတ်တွေတုန်းက ဗိသုကာလက်ရာတွေဟာ ယခုခေတ်နဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် အများကြီးရှေ့ပြေးနေခဲ့တာကို တွေ့ရနိုင်ပါတယ်။ ဒီနေ့တော့ ကမ္ဘာ့အလှပဆုံးဆိုတဲ့ ရဲတိုက်ကြီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Himeji ရဲတိုက် (ဂျပန်)

Source: GaijinPot-Travel

Himeji ရဲတိုက်ဟာ အိုဆာကာနဲ့ကိုဘီ မြို့တွေကနေပြီးတော့ ကျည်ဆန်ရထားနဲ့သွားမယ်ရင် မိနစ် (၃၀) ဆိုရင်ရောက်ပါတယ်။ Himeji ဟာ ရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းပေါ်မှာတည်ရှိပြီး ဂျပန် ပဒေသရာဇ်တွေရဲ့ ရဲတိုက်တစ်ခုဖြစ်ခဲ့ဖူးပါတယ်။

ဂျပန်နိုင်ငံရဲ့ နိုင်ငံရတနာအဖြစ် သတ်မှတ်ထားခြင်းခံထားရသလို ကမ္ဘာ့အမွေအနှစ်အဖြစ်လည်း စာရင်းဝင်ထားတဲ့ ရဲတိုက်ဖြစ်ပါတယ်။ ဒီရဲတိုက်ကိုတော့ (၁၇) ရာစုမှဦ တည်ဆောက်ပြီးစီးခဲ့ပါတယ်။

Neuschwanstein ရဲတိုက် (ဂျာမနီ)

Source: Travel + Leisure

လူအများစုကတော့ Neuschwanstein ရဲတိုက်ကြီးကို ဘာဘရီယန်တွေရဲ့ လက်ရာလို့ထင်မြင်ယူဆထားကြပါတယ်။ ဒီရဲတိုက်ကြီးကို (၁၈၀၀) နှောင်းပိုင်းကာလမှာ ဘုရင် Ludwig II (လက်ဝစ်ဂ် ၂) က တည်ဆောက်ခဲ့တယ်လို့ မှတ်တမ်းမှာတွေ့ရပါတယ်။

Alcázar of Segovia (စပိန်)

Source: Guias Viajar

ဥရောပရဲ့ အထင်ရှားဆုံး ရဲတိုက်တစ်ခုဖြစ်ပြီး ဒီရဲတိုက်တည်ဆောက်ထားပုံက ထုထည်ပါးလျပြီး ကျောက်သားကုန်းမြင့် တစ်ခုပေါ်မှာတည်ဆောက်ထားတာပါ။ ဒီရဲတိုက်ကို ရောမတွေရဲ့ ခံတပ်အဖြစ် အသုံးပြုခဲ့ပြီး ပြုပြင်မွမ်းမံမှုတွေ အဆင့်ဆင့် ပြုလုပ်ခဲ့ရတဲ့ ရဲတိုက်လည်းဖြစ်ပါတယ်။ ဒီရဲတိုက်ကြီးကို ဘုရင်မ Isabella (အစ္စဘယ်လာ) နဲ့ ဘုရင် Phillips II (ဖိလစ်ပ်စ် ၂) တို့ရဲ့ စံအိမ်အဖြစ် လူသိများပါတယ်။

Pena နန်းတော် (ပေါ်တူဂီ)

Source: Wikipedia

ပေါ်တူဂီနိုင်ငံ ဆင်ထရာမြို့ တောင်ကုန်းနားမှာ ရှိတဲ့ Pena နန်းတော် ဟာလည်း (၁၉) ရာစုမှတည်ဆောက်ထားခဲ့တဲ့ ဥရောပရဲ့ စိတ်ကူးယဉ်ဆန်စရာကောင်းတဲ့ လက်ရာတစ်ခုဖြစ်ပါတယ်။

Amber ခံတပ် (အိန္ဒိယ)

Source: Jaipur Stuff

ဒီခံတပ်ကို (၁၇) ရာစုတွင် Mughal ကိုအုပ်ချုပ်ရတဲ့ ဘုရင် Rajasthan (ရာဂျာတန်) က တည်ဆောက်ခဲ့ပါတယ်။

Château de Chambord ရဲတိုက် (ပြင်သစ်)

Source: Wikipedia

ဘုရင် François I (ဖရွန်ဆွား ၁) အမဲလိုက်ထွက်စဉ် နားနေရာ အဆောက်အဦးအဖြစ်သုံးဖို့ (၁၆) ရာစုအစောပိုင်းက စတင်တည်ဆောက်ခဲ့ပြီး (၂၈) နှစ်ကြာမှ ရဲတိုက်တစ်ခုအဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ်။

Bodiam ရဲတိုက် (အင်္ဂလန်)

Source: bodiamcastle.uk

(၁၃၈၅) ခုနှစ်တုန်းက တော်ဝင်သူရဲကောင်းတစ်ဦးရဲ့ ခံတပ်အဖြစ်သုံးခဲ့တဲ့ ဒီရဲတိုက်ကြီးမှာ မျှော်စင် (၉) ခုပါတဲ့ နံရံထူကြီး၊ ကျုံးကိုဖြတ်ကူးဖို့ သစ်သားတံတားတစ်စင်းနဲ့ အပန်းဖြေရာ ရင်ပြင်ကျယ်တွေကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။