မြို့တစ်မြို့ရဲ့လှပမူကို ဘာနဲ့တိုင်းတာကြလဲ။ တစ်ချို့တော့ မြို့နေလူတွေရဲ့ဖော်ရွှေမူ၊ မြို့ရဲ့သန့်ရှင်းသပ်ရပ်မူ၊ မြင်ကွင်းတွေ၊ အနုသုခုမ လက်ရာတွေ၊ ငြိမ်းချမ်းမူ စတာတွေနဲ့ တိုင်းတာလေ့ရှိကြတယ်။ မြို့တစ်မြို့ရဲ့ အရောင်းအသွေးစုံလင်မူကလည်း အရေးပါပါတယ်။ ဒီနေ့မှာတော့ အရောင်အသွေး စုံလင်ပြီး လှပတင့်တယ်တဲ့ မြို့တွေကို ဖော်ပြပေးသွားမှာပါ။

၁။ Chefchaouen (မိုရိုကို နိူင်ငံ)

သေးငယ်ပြီး လှပတဲ့ Chefchaouen မြို့လေးဟာ မိုရိုကို နိူင်ငံရဲ့ အနောက်မြေက်ဘက်မှာ တည်ရှိပါတယ်။ ဒီမြို့လေးဟာ လူတကာရဲ့မျက်လုံးတွေကို ဖမ်းယူထားနိူင်တဲ့ အပြာရောင်ဆေးတွေသုတ်လိမ်းထားတဲ့ အဆောက်အအုံတွေကြောင့် လူသိများပါတယ်။ ဒီအပြာရောင် ဒီဇိုင်းကို ၁၉၃၀ ကတည်းက ဂျူးလူမျိုးတွေက မိတ်ဆက်ခဲ့တာပါ။

အပြာရောင်ဟာ ဂျူးတွေရဲ့ ကောင်းကင်နဲ့နတ်ပြည်ကို ကိုယ်စားပြုတဲ့ အမှတ်အသားတစ်ခုလည်းဖြစ်ပါတယ်။ ဒီမြို့လေးမှာ လူဦးရေ ၄၀၀၀၀ ကျော်နေထိုင်ပြီး တည်ငြိမ်အေးချမ်းလှတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။ ဒီမြို့လေးထဲမှာ ခရီးသွားတွေအတွက် ဈေးအတင့်အသင့် ရှိတဲ့ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ နဲ့ တည်းခိုဖို့နေရာလေးတွေလည်း ရှိပါတယ်။

၂။ Saint John (ကနေဒါ နိူင်ငံ New Brunswick ပြည်နယ်)

ကနေဒါနိူင်ငံရဲ့ သက်တမ်းအရင့်ဆုံး မြို့လေးတစ်မြို့ဖြစ်ပြီးတော့ Fund ပင်လယ်အော်မှာ တည်ရှိပါတယ်။ တောက်ပတဲ့ အိမ်အရောင်လေးတွေကြောင့် လူသိများပြီး ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အကြိုက်ဆုံးနေရာတွေထဲက တစ်ခုအပါအဝင်ပါ။

မြူတွေ ဆိုင်းလေ့ရှိတဲ့ ဒီမြို့လေးမှာ မြို့နေလူတွေက သူတို့ရဲ့အိမ်လေးတွေကို မြင်သာအောင် တောက်ပတဲ့ အရောင်တွေ ရွေးပြီးချယ်သလေ့ရှိကြပါတယ်။ အိမ်တစ်အိမ်ချင်းစီမှာ ကိုယ်ပိုင် မတူညီတဲ့ အရောင်တွေရှိကြတယ်။ Saint John မြို့ရဲ့ မြို့တွင်းလမ်းလျှောက် ခရီးစဉ်ဟာ အင်မတန်နာမည်ကြီးပါတယ်။

၃။ Santorini (ဂရိစ်)

ဒီ Santorini လို့ခေါ်တဲ့ ကျွန်းမြို့လေးကတော့ ဂရိစ် နိူင်ငံရဲ့ အရှေ့တောင်ဘက်မှာ တည်ရှိနေပါတယ်။ အဓိကကျော်ကြားတာကတော့ တောက်ပတဲ့ အဖြူရောင် ဆေးသုတ်ထားတဲ့ အိမ်လေးတွေရယ် ကျဉ်းမြောင်းပြီး လှပတဲ့ ကျောက်ခင်းလမ်းတွေရယ်ပဲဖြစ်ပါတယ်။ အိမ်လေးတွေမှာ ညနေနေဝင်ချိန်ကြည့်ဖို့အတွက်လည်း လသာဆောင်လေးတွေ ထည့်သွင်းဆောက်လုပ်ထားပါသေးတယ်။

၄။ Burano (အီတလီ, ဗင်းနစ်စ်)

Burano ကျွန်းလေးဟာ ဗင်းနစ်စ်မြို့ရဲ့ မြေက်ဘက်ပိုင်းမှာ တည်ရှိနေပါတယ်။ ကျွန်းလေးကျွန်း ကိုတံတားတစ်စင်း ထဲကဆက်သွယ်ပေးထားပါတယ်။ ဒီကျွန်းလေးကတော့ တူးမြောင်း ဘေးတဖက်တချက်ဆီမှာ ရောင်စုံသုတ်လိမ်းထားတဲ့ အိမ်လေးတွေကြောင့် လူသိများထင်ရှားပါတယ်။

အရင်တုံးကတော့ Burano ကျွန်းလေးရဲ့ အဓိက လုပ်ငန်းကတော့ ငါးဖမ်းလုပ်ငန်းပါ။ မြူတွေဆိုင်းလွန်းတာကြောင့် ငါးဖမ်းသမားတွေဟာ သူတို့ရဲ့အိမ်ကို ရှာတွေ့ဖို့ အချိန်အကြာကြီးယူရတဲ့အတွက်ကြောင့် မှတ်မိလွယ်အောင် အခုလို ဆေးတွေသုတ်လိမ်းထားခဲ့ကြတာပါ။ ဒါကတော့ Burano ကျွန်းမှာရှိတဲ့အိမ်တွေ ဆေးသုတ်ထားရတဲ့ အဓိကအကြောင်းအရင်းပါ။

ယနေမှာတော့ Burano ကျွန်းသားတွေဟာ အိမ်တွေကို ဆေးရောင်တွေ စနစ်တကျရောစပ်ပြီး ထူးခြားတဲ့အရောင် တွေကိုရွေးချယ်သုတ်လိမ်းလာကြပါတယ်။ ကျွန်းသားတွေဟာ အိမ်တွေကို ဆေးမသုတ်ခင် အစိုးရကို စာအရင်တင်ရပါတယ်။ အစိုးရဆီက စာကျမှာ အိမ်တွေကို ဆေးသုတ်ခွင့်ရှိပါတယ်။

Source: 10 Most Today