စမတ်ဖုန်းတွေ လူသုံးကုန် ဖြစ်လာပြီးနောက် စမတ်ဖုန်းကုမ္ပဏီတွေဟာ Bluetooth နဲ့ ချိတ်ဆက်နိုင်တဲ့ စမတ်နာရီအမျိုးအစားတွေ မိတ်ဆက်လာပါတယ်။ နာရီကုမ္ပဏီတွေထဲမှာလည်း စမတ်နာရီတွေကို Limited Edition အနေနဲ့ ထုတ်လာတဲ့ ကုမ္ပဏီတွေ ရှိပါတယ်။
ဒီနေ့ခေတ်မှာ စမတ်နာရီတစ်လုံးဟာ ဒေါ်လာ ၁၀၀ နီးပါးကနေ ဒေါ်လာသိန်းနဲ့ချီ အထိ ပေါက်ဈေးရှိနေပါတယ်။ အခုပြောမှာကတော့ မိတ်ဆက်ဖြန့်ချိခဲ့တဲ့ စမတ်နာရီတွေထဲက ဈေးအကြီးဆုံး မော်ဒယ်တစ်ချို့အကြောင်းပဲ ဖြစ်ပါတယ်။

(၁) de Grisogono Samsung Gear S2 : US$ 15000

Photo: theceomagazine

Samsung နဲ့ ဆွစ်ဇာလန်ရတနာကုမ္ပဏီ de Grisogono တို့ ပူးပေါင်းပြီး Luxury ဗားရှင်းစမတ်နာရီအဖြစ် ထုတ်ထားတဲ့ နာရီ ဖြစ်ပါတယ်။ နာရီအိုးမှာ ရွှေကွပ်ထားပြီး အနက်နဲ့ အဖြူရောင် စိန်အလုံးရေ ၁၂၇ လုံးနဲ့ စီခြယ်ထားပါတယ်။ de Grisogono Samsung Gear S2 ဟာ အနုစိတ်ပြီး အဆင့်အတန်းမြင့်မားတဲ့ ဒီဇိုင်းတစ်ခုကို ထင်ဟပ်စေတဲ့ စမတ်နာရီပါ။ ဈေးနှုန်းကတော့ မြန်မာငွေနဲ့ဆို ၂၁၅ သိန်းခန့် ပေါက်ပါတယ်။

(၂) Apple Watch Edition: US$17,000

Photo: theceomagazine

၂၀၁၅ မှာ စထုတ်ခဲ့တဲ့ မူလဗားရှင်း Apple Watch တစ်လုံးဟာ ၃၄၉ ဒေါ်လာပဲ ရှိပါတယ်။ ရွှေပြားခတ်ထားတဲ့ Apple Watch Edition သစ်ကတော့ အဆ ၅၀ နီးပါး ဈေးပိုကြီးပါတယ်။ သားနားလှတဲ့ ဒီဇိုင်းနဲ့ ၁၈ ကာရတ်ရွှေသားတွေကြောင့် ဒီဈေးပေးရတာ ဖြစ်ပါတယ်။ ဒေါ်လာ ၁၇၀၀၀ ဆိုတာ မြန်မာငွေ ၂၄၃ သိန်းကျော် ရှိပါတယ်။

(၃) Nico Gerard Sunrise Pinnacle: US$112,000

Photo: theceomagazine

စမတ်နာရီနဲ့ မတူတဲ့ စမတ်နာရီပါ။ နောက်ထပ် ထူးခြားတာက နာရီအိုးနှစ်ခု ပါရှိပြီး နည်းနည်း ကြောင်တယ်ထင်ရတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ တစ်ဖက်မှာ အနီနဲ့ ရွှေစပ် ရွှေနာရီဒီဇိုင်းနဲ့ ကျန်တဲ့ တစ်ဖက်မှာ Apple Watch စတိုင် စမတ်နာရီနဲ့ လာပါတယ်။
Nico Gerard Sunrise Pinnacle ဟာ မီတာ ၁၀၀ အထိ ရေစိမ်ခံပြီး ဒီလိုမျိုး နာရီ ၈၈ လုံးပဲ ထွက်ပါတယ်။ အခုတော့ ဒီဗားရှင်းတွေ ဝယ်လို့ မရတော့ပါဘူး။ Nico Gerard ရဲ့ စတိန်းလတ်စတီးဗားရှင်း ဒေါ်လာ ၉၃၀၀ တန်နာရီကတော့ ဈေးကွက်မှာ ဝယ်လို့ ရနေဆဲ ဖြစ်ပါတယ်။

(၄) Brikk Lux Watch Omni: US$114,995

Photo: theceomagazine

Brikk ဟာ Apple ထုတ်ကုန်တွေကို ရတနာတွေ စီခြယ်ပြီး မဖြစ်နိုင်လောက်တဲ့ ဈေးနဲ့ ရောင်းချပါတယ်။ Brikk က ထုတ်တဲ့ ၂၄ ကာရတ်ရွှေပြားအုပ် iPhone ဆိုရင် ၄၉၉၉၅ ဒေါ်လာကနေ ဒေါ်လာ ၁.၃ သန်းအထိ ပေါက်ပါတယ်။
Lux Watch Omni ဗားရှင်း ၄၂ မီလီမီတာ Apple Watch မှာဆို နာရီမျက်နှာပြင် ၊ ခလုတ်နဲ့ ကြိုးတွေကို စိန်နဲ့ စီထားပါတယ်။ ၂၄ ကာရတ် အဝါရောင် ၊ နှင်းဆီရွှေနဲ့ ပလတ်တီနမ်ဗားရှင်းတွေနဲ့ လာပါတယ်။

(၅) Tag Heuer Connected Modular 45: US$197,000

Photo: theceomagazine

၂၀၁၈ ဇန်နဝါရီလက မိတ်ဆက်ခဲ့တဲ့ နာရီပါ။ Tag Heuer ကထုတ်တဲ့ ဒီမော်ဒဘ်ဟာ စမတ်နာရီတွေထဲမှာ ဈေးအကြီးဆုံး ဖြစ်ပါတယ်။ ဒေါ်လာ ၁၉၇၀၀၀ ဆိုတာ မြန်မာငွေနဲ့ဆို သိန်း ၂၈၀၀ ကျော်ပါတယ်။၁.၄ လက်မ touch screen နဲ့ လာပြီး NFC chip နဲ့အတူ storage 4GB သုံးထားပါတယ်။ လေးထောင့်စိန်ပေါင်း ၂ ဒါဇင်နီးပါးနဲ့အတူ အလွန်တရာရှားပါးပြီး ဈေးကြီးတဲ့ ၁၈ ကာရတ် ရွှေကြိုး ပါရှိပါတယ်။ ဒါကြောင့်ပဲ ဒီနာရီဟာ ဒေါ်လာ ၂ သိန်းနီးပါး ပေါက်တာ ဖြစ်ပါတယ်။