စူပါကား Brand တွေထဲမှာ Koenigsegg CCXR Trevita ကို သိတဲ့သူ နည်းပါတယ်။ Porsche ၊ Ferrari ၊ Bugatti Chiron ၊ Lamorghini ၊ McLaren တို့က Koenigsegg ထက် လူတွေ ပိုပြီး သိပါတယ်။ Koenigsegg CCXR Trevita ကို လူသိနည်းတာကလည်း မဆန်းပါဘူး။

Koenigsegg ဟာ ၂၀၀၆ ကနေ ၂၀၁၀ အထိ CCX မော်ဒယ် ၅ မျိုးကိုမှ စုစုပေါင်း ၄၉ စင်းပဲ ထုတ်ခဲ့တာပါ။ CCX မော်ဒယ် အစင်း ၃၀ ၊ CCXR ၉ စင်း ၊ CCX/CCXR Edition ၆ မျိုး ၊ CCXR Special Edition ၂ စင်းနဲ့ အခုပြောမယ့် CCXR Trevita ၂ စင်းတို့ပဲ ဖြစ်ပါတယ်။ Koenigsegg CCXR Trevita နှစ်စင်းထဲက တစ်စင်းကို ကမ္ဘာကျော် လက်ဝှေ့သမား ဖလွိုက်မေဝဲလ်သာက ဒေါ်လာ ၄.၈ သန်း ပေးဝယ်ခဲ့ပြီး တစ်စင်းကတော့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ်ျက မီလျံနာ ဟန်စ်တောမတ်ဂရော့စ် ပိုင်ပါတယ်။

Source: Justrichest

Koenigsegg CCXR Trevita ဟာ မြင်းကောင်ရေ ၁၀၁၈ ကောင်ရေသုံးကားဖြစ်ပြီး တစ်နာရီကို မိုင်ပေါင်း ၂၅၀ ကျော် တင်မောင်းနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ နှစ်စင်းပဲ ရှိတဲ့ ဒီကားဟာ ၂.၉ စက္ကန့်အတွင်း ၀ မိုင်ကနေ မိုင်ပေါင်း ၆၀ အထိ အရှိန်တင်နိုင်ပြီး လိုအပ်လို့ အရှိန်လျှော့ချင်တယ်ဆိုရင် ၅ မိုင်နှုန်းအထိ ချက်ချင်း အရှိန်လျှော့ပေးနိုင်တာကြောင့် ဒီကားကို Hyper Car လို့ ခေါ်ထားပါတယ်။

Trevita ဟာ ဆွီဒင်စကားဖြစ်ပြီး အဖြူရောင် ၃ မျိုးလို့ အဓိပ္ပါယ်ရပါတယ်။ Koenigsegg CCXR Trevita ဟာ စိန်ကွက်ပုံစံ ကာဗွန်ဖိုက်ဘာကိုယ်ထည်နဲ့ လာတာကြောင့် Trevita လို့ ခေါ်တာပါ။ မေဝဲလ်သာဟာ ဒီကားကို ၁၉၄၇ မိုင် မောင်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၁၇ နှစ်က လေလံပစ် ရောင်းချခဲ့ပါတယ်။