အားကစားနဲ့ ချမ်းသာကြွယ်ဝတဲ့ လူတွေအကြောင်းပြောရင် ကမ္ဘာကျော်အားကစားသမားတွေကိုပဲ ပြေးမြင်တတ်ကြပါတယ်။ တကယ်လည်း အားကစားတစ်ယောက်ရဲ့ လစာနဲ့ ကျော်ကြားမှုအမှီပြု စီးပွားရေးတွေက အံ့လောက်စရာ များပြားလှပါတယ်။ အားကစားသမားတွေကို မြေတောင်မြှောက်ပေးပြီး ကစားပွဲတစ်ခုကို ဗျူဟာမြောက်ကိုင်တွယ်တဲ့ နည်းပြတွေအနေနဲ့ အားကစားသမားတွေလောက် မချမ်းသာကြပါဘူး။ ဒါပေမယ့်လည်း သူတို့ရဲ့ ဂုဏ်သတင်းကျော်ကြားမှု ၊ ကိုင်တွယ်ရတဲ့ အသင်းရဲ့ ချမ်းသာမှုအရ ရလိုက်တဲ့ လုပ်ခလစာတွေကြောင့် ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာတဲ့အသင်းနည်းပြတွေလည်း ရှိပါတယ်။

(၅) Casey Stengel

Casey-Stengel

Photo: sportsbrowser

အမေရိကန်ဘေ့စ်ဘောအသင်း မန်နေဂျာ ကေဆီ စတန်ဂျယ်ဟာ ဘေ့စ်ဘောသမိုင်းမှာ ဒုတိယအအောင်မြင်ဆုံး နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။ ကေဆီ စတန်ဂျယ်ခေတ်ကောင်းစဉ်က MLB ချန်ပီယံအသင်းတွေ ကိုင်တွယ်ခဲ့တာပါ။ ၁၉၁၀ မှာ ကစားသမားတစ်ဦးအဖြစ် ဘဝစတင်ခဲ့တဲ့သူဟာ နည်းပြဘဝမှာလည်း အောင်မြင်မှုတွေ ရခဲ့ပါတယ်။ သူ့ကို ၁၉၅၀ ပြည့်လွန်နှစ်တွေက New York Yankees အသင်း ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့သူအဖြစ် နာမည်ကြီးပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး အားကစားနည်းပြတွေထဲမှာ အဆင့် ၅ ဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၁၉ သန်း ကြွယ်ဝပါတယ်။

(၄) Red Auerbach

Red-Auerbach

Photo: sportsbrowser

အမေရိကန်ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘောအသင်းနည်းပြ ရက်ဒ်အော်ရာဘက်ချ်ဟာ NBA ရဲ့ နည်းပြချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။ NBA သမိုင်းမှာ အော်ရာဘတ်ချ်ဟာ အတော်ဆုံးနည်းပြဖြစ်ပြီး ၉၃၈ ပွဲနိုင် ၊ ချန်ပီယံ ၉ ကြိမ်ရ မှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ သူကိုယ်တိုင်က အချမ်းသာဆုံးနည်းပြမဟုတ်ပေမယ့် အချမ်းသာဆုံး NBA Players တွေကို နည်းပြခဲ့သူ ဖြစ်ပါတယ်။ သူလည်း အသားတင် ဒေါ်လာ ၁၉ သန်း ချမ်းသာသူ ဖြစ်ပါတယ်။

(၃) Gregg Popovich

Gregg-Popovich

Photo: sportsbrowser

နောက်ထပ် ဘတ်စကတ်ဘောအသင်းနည်းပြတစ်ဦးဖြစ်တဲ့ ဂရက်ဂျ် ပေါ့ပိုဗစ်ချ်ဟာ NBA အသင်းတစ်သင်းဖြစ်တဲ့ San Antonio Spurs အသင်းဥက္ကဌနဲ့ နည်းပြချုပ်ဖြစ်ပါတယ်။ NBA သမိုင်းမှာ အကြီးကျယ်ဆုံးနည်းပြလည်း ဖြစ်တဲ့ သူဟာ NBA ချန်ပီယံ ၊ NBA တစ်နှစ်တာ နည်းပြဆု ၃ ကြိမ် နဲ့ SCIAC ချန်ပီယံသုံးကြိမ် အပါအဝင် ဆုပေါင်းများစွာ ရထားတဲ့ နည်းပြကြီးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အောင်မြင်မှုနဲ့ ကျော်ကြားလှတဲ့ နည်းစနစ်တွေကြောင့် NBA နည်းပြတွေထဲမှာ လစာအမြင့်ဆုံးလည်း ရထားပါတယ်။ လက်ရှိ အားကစားနည်းပြတွေထဲမှာ တတိယအချမ်းသာဆုံးဖြစ်ပြီး အသားတင် ဒေါ်လာသန်း ၄၀ ချမ်းသာပါတယ်။

(၂) Bill Belichick

Bill-Belichick

Photo: sportsbrowser

အမေရိကန်ဘောလုံးအသင်း ဘီလ်ဘယ်လီချစ်ခ်ဟာ New England Patriots အသင်းနည်းပြချုပ်လည်း ဖြစ်ပါတယ်။ ဘောလုံးလောကအတွေ့အကြုံကြွယ်ဝလှသလို အောင်မြင်မှုအလီလီလည်း ယူဆောင်ပေးနိုင်သူ ဖြစ်ပါတယ်။ National Football League ကြယ်ပွင့်ပေါင်းများစွာကို မွေးထုတ်ခဲ့တဲ့သူဟာ စုစုပေါင်း ဒေါ်လာ သန်း ၆၀ အထိ ချမ်းသာတယ်လို့ ဆိုပါတယ်။

(၁) Phil Jackson

Phil-Jackson

Photo: sportsbrowser

အမေရိကန်ပရော်ဖက်ရှင်နယ် ဘတ်စကတ်ဘောကစားသမားဟောင်း NBA နည်းပြဖြစ်သူ ဖီးလ် ဂျက်ခ်ဆန်ဟာ Continental Basketball Association နဲ့ ပွာတိုရီကို National Superior Basketball လိဂ်တွေလည်း ကိုင်တွယ်ခဲ့သူပါ။ ၁၉၉၆ မှာ NBA တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ရခဲ့တဲ့သူဟာ NBA သမိုင်းမှာ ထိပ်တန်းနည်းပြ ၁၀ ဦးစာင်းဝင်ခဲ့ပါတယ်။ အားကစားသမိုင်းရဲ့ အချမ်းသာဆုံးနည်းပြဖြစ်ပြီး အသားတင် ဒေါ်လာသန်း ၇၀ အထိ ကြွယ်ဝပါတယ်။

Featured Photo: metrifit