အခုခေတ်မှာ မိသားစုအစဉ်အဆက်အမွေဆက်ခံရလို့ဖြစ်စေ ကိုယ်ပိုင်စွန့်ဦးတီထွင်အောင်မြင်မှုကြောင့်ဖြစ်စေ အသက်ငယ်ငယ်နဲ့ချမ်းသာလာတဲ့လူငယ်ဘီလျံနာတွေအများကြီးထွက်ပေါ်လာပါတယ်။ လက်ရှိ အသက်အ ငယ်ဆုံး ဘီလံျနာက အသက် (၂၃) နှစ်သာရှိသေးပြီး နောက်ဆုံးတယောက်က (၃၄) နှစ်သာရှိသေးပါတယ်။ အောက်မှာပြောပြထားတာကတော့ ကမ္ဘာပေါ်ကအသက်အငယ်ဆုံးဘီလျံနာတွေထဲက (၅)ဦးရဲ့အကြောင်းပါ။ စိတ်ဝင်စားရင်ဖတ်ကြည့်ပေးပါဦး။
(၁) Kylie Jenner
ကိုင်လီဂျန်နာဟာ အသက် ၁၄နှစ်ကတည်းက သူနဲ့အမဖြစ်သူကန်ဒေါတို့နှစ်ယောက်ပူးပေါင်းကာ အဝတ်အထည်တွေရောင်းချခဲ့ပါတယ်။ ၂၀၁၅ မှာတော့ Kylie Cosmetics နာမည်နဲ့ အလှကုန်ပစ္စည်း ကုမ္မဏီကိုတည်ထောင်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ အောင်မြင်လာတဲ့ကိုင်လီဟာ အခုဆိုပရိသတ်များစွာနဲ့ သူ့ရဲ့ comsetics တွေကို အားပေးသူတွေအခိုင်အမာရရှိထားတဲ့ ဘီလျံနာတယောက်ဖြစ်နေပါပြီ။
(၂) Alexandra Andresen and Katharina Andresen
နော်ဝေလူမျိုးတွေဖြစ်တဲ့ အလက်ဇန္ဒြားနဲ့ ကက်သရီးနားညီအမက အမွေဆက်ခံသူတွေဖြစ်ကြပြီး စတော့ အိတ်စ်ချိန်းတွေမှာ ရင်းနှီးမြှပ်နှံရင်း မိဘတွေရဲ့အမွေကိုစီမံခန့်ခွဲကြပါတယ်။ အသက် ၂၄နှစ်နဲ့ ၂၅နှစ် စီရှိတဲ့ ညီအမနှစ်ယောက်ဟာ လက်ရှိမှာတယောက်ကိုပိုင်ဆိုင်မှု ဒေါ်လာ ၁.၁ ဘီလီယံစီပိုင်ဆိုင်ထား ကြပါတယ်။
(၃) Jonathan Kwok
အသက် ၂၈နှစ်ရှိတဲ့ Jonathan Kwok ဟာ ဟောင်ကောင်အကြီးဆုံးအိမ်ခြံမြေလုပ်ငန်းရှင်ရဲ့ အမွေဆက်ခံသူ ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့အသက်အငယ်ဆုံးဘီလျံနာထဲမှာ တဦးအပါအဝင်ဖြစ်ပြီး အကိုဖြစ်သူနဲ့အတူ ကွယ်လွန်သွားတဲ့အဖေဖြစ်သူပိုင်ဆိုင်တဲ့အစုရှယ်ယာတွေကို စီမံခန့်ခွဲနေပါတယ်။
(၄) John Collison
John Collison က Stripe အမည်ရှိတဲ့ ကုမ္မဏီတခုရဲ့ ဥက္ကဌနဲ့တွဲဖက်တည်ထောင်သူဖြစ်ပြီး အွန်လိုင်းငွေပေး ချေမှုဆော့ဝဲတီထွင်ရောင်းချခဲ့ပါတယ်။ အသက် ၃၀သာရှိသေးတဲ့ အိုင်ယာလန်စီးပွားရေး လုပ်ငန်းရှင် John က အကိုဖြစ်သူနဲ့ ကောလိပ်ကျောင်းတက်နေစဉ်ကတည်းက ကုမ္မဏီကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။
(၅) Lukas Walton
Lukas Walton ဟာ Walmart လုပ်ငန်းကို စတင်ခဲ့တဲ့ တည်ထောင်သူ Sam Walton ရဲ့မြေးဖြစ်ပြီး ဖခင်ဖြစ်သူ June Walton လေယာဉ်ပျက်ကျသေဆုံးတဲ့အခါ အမွေတွေကိုဆက်ခံယူခဲ့ပါတယ်။ လက်ရှိပိုင်ဆိုင်မှု ဒေါ်လာ ၁၇.၃ ဘီလီယံ ပိုင်ဆိုင်ထားပြီး အသက် ၃၄နှစ်သာရှိတဲ့ အသက်အငယ်ဆုံးဘီလျံနာတွေထဲကတဦးဖြစ်ပါ တယ်။
Source : investopedia